အပိုင်း -၃၀ အဖြေလွှာ

946 116 10
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း - ၃၀  အဖြေလွှာ


ယခင် အတိတ်ဘ၀က ယိုဖန်ယင်း ပြောခဲ့သည့်  သူမနေထိုင်ခဲ့သော ကမ္ဘာကြီးကို တွေးကာ သူမ ရောက်ရှိနေသည့်နေရာကို တွေးမိရင်း ကျန်းရွှယ်နင်သည် ဘာကြောင့်မှန်းမသိသော်လည်း သူမစိတ်ထဲတွင် နေရတာ မပျော်ရွှင်ခဲ့ပေ။ ဒီလိုနဲ့ပဲ ခေါင်းငုံ့ပြီး ဒီလူကြီးတွေမေးတဲ့ မေးခွန်းတွေကို ထပ်ပြီး ပြန်ကြည့်တဲ့အခါ ကြည့်လေကြည့်လေ ပိုစိတ်ပျက်စရာတွေ ဖြစ်လာလေသည်။ 

မူလက ကျန်းရွှယ်နင်သည် တိုးတက်အောင် မကြိုးစားဘဲ အရှုံးသမားတစ်ဦးအဖြစ် ဟန်ဆောင်နေခဲ့မိသည်

ဒါပေမယ့် ယခုမူ သူတို့ကို စိုက်ကြည့်ရင်း စိတ်တစ်မျိုးကို ပေါ်လာလေသည်- ဘာပဲဖြစ်ဖြစ် သူမ နန်းတော်ထဲမှာ  နေမှာ မဟုတ်၊  ဒါ့ကြောင့် ဒီလူကြီးတွေကို စော်ကားမိမှာကို ကြောက်နေစရာ လိုပါ့မလား?

ကျန်းရွှယ်နင် သည် သူမ၏သွယ်လျသောလက်ချောင်းများဖြင့် မှင်စုတ်တံကိုကိုင်ကာ သူမ၏လက်ထဲတွင် ဖြည်းညှင်းစွာလှည့်ရင်း သူမ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ရုတ်တရက်ပေါ်လာသည်။


မေးခွန်းစာရွက်တစ်ခုလုံးသည် ရှဲ့ဝေပြောခဲ့သည့်အတိုင်း အမှန်ပင်ဖြစ်သည်၊ အရမ်းခက်ခဲလှသည် မဟုတ်ပေ။စာမေးပွဲ၏အကြောင်းအရာအများစုမှာ ကွန်ဖြူးရှပ်နှင့် မိန်စိယပ်တို့၏ သဘောတရားများအပြင် ကဗျာဖွဲ့ဆိုတာနှင့်  တေးဂီတဆိုင်ရာ ဗဟုသုတအချို့ အကြောင်းကို မေးမြန်းထားတာ ဖြစ်သည်။

ယခု သူမသည် ခွေးတွားသွားသည့် အတိုင်း  အဖြေလွှာများကို  တစ်ဝက်ကို ဖြေခဲ့ပြီးဖြစ်သည်။

ကျန်တစ်ဝက်ကို…

“ကွန်ဖြူးရှပ်စ် အဆိုထဲမှာ စစ်တပ်သုံးခုက စစ်သူကြီး တစ်ယောက်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပေမယ့် သာမာန်လူတစ်ယောက်ရဲ့ ရည်မှန်းချက်ကိုတော့  ဆုပ်ကိုင်ထားလို့ မရ ဟု ဆိုထားပါတယ်၊ ဖြေရှင်းချက်က ဘာပါလဲ ၊“အမျိုးကောင်းသားသည် မိမိစိတ်ကို ဆင်ခြင်သင့်သည်” ဟူသော စကားကို မည်သို့ပြောမည်နည်း “ 

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now