အပိုင်း - ၄၃ ကျန်းကျယ်မှ စေ့စပ်ပွဲကို ဖျက်သိမ်းခြင်း

984 87 1
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်


အပိုင်း - ၄၃ ကျန်းကျယ်မှ  စေ့စပ်ပွဲကို ဖျက်သိမ်းခြင်း (ပြန်လည်ပြင်ဆင်ခြင်း)


အရင်ဘဝတုန်းက ယောင်းရှီးက ကျန်းကျယ်နဲ့ သူမရဲ့ အိမ်ထောင်ရေးကို ဖျက်သိမ်းဖို့အတွက် ယောင်းမိသားစုဘက်ကနေ  ကျန်းကျယ်က သူ့ဇနီးလောင်းကို သတ်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေကို ဖြန့်ရုံတင်မကဘဲ တရားရုံးမှာပါ ဖိနှိပ်ခဲ့သည်။ တော်ဝင်ကိုယ်ရံတော် ဌာနကလဲ ကျန်းကျယ်ကို ဖယ်ရှားဖို့အတွက် ထိုစွပ်စွဲချက်တွေကို တမင်တကာ ဘောင်သွင်းခဲ့လေသည်။ယောင်းတိုက်ဖူသည် ကျန်းကျယ် အမှားမလုပ်ကြောင်းသိထားသော်လည်း ၎င်းအား တမင်တကာ မျက်ကွယ်ပြုထားခဲ့သကာရေတွင်းထဲသို့ အဆင်သင့် ပြုတ်ကျအောင်  မီးထဲသို့ လောင်စာထည့်လိုက်ကာ ကျန်းကျယ် ကို  အကျဉ်းကျခံစေသည်။

ဟဲနန်ပြည်နယ် တရားဥပဒေစိုးမိုးရေးအရာရှိအမတ်ဟောင်း ကုချွမ်ဖန့် ပြစ်ဒဏ်စီရင်ရေးဌာနသို့ ရာထူးတိုးမြှင့်ခံရပြီးမှ  ကျန်းကျယ်၏  အခြေအနေကို သိရှိကာ အလယ်တွင် ညှိုနှိုင်းပေးခဲ့ပြီး  ကျန်းကျယ်အား ပြန်လည်နေရာချထားခြင်း မပြုမီအထိ ဖြစ်သည်။

ကျန်းရွှယ်နင် ယောင်းရှီး ကို ဒီဘ၀မှာ သတိပေးခဲ့ပေမယ့် ယောင်းရှီး နဲ့ ယောင်းတိုက်ဖူက ဘယ်လိုရွေးချယ်မယ်ဆိုတာကို သူမခန့်မှန်းနိုင်ခဲ့။

နှစ်ယောက်သား မျက်လုံးချင်းဆုံလိုက်သည်နှင့် နန်းတော်အဝင်ဝတွင် တိတ်ဆိတ်မှုအချို့ ဖြတ်သန်းနေလေသည်။

ကျန်းရွှယ်နင် သာ်  ယောင်းရှီးနှင့် သဘောထားကွဲလွဲမှုအချို့ရှိခဲ့သော်လည်း  သူမ၏မျက်နှာပေါ်တွင် ဖော်ရွေမှုတစ်ချို့ ရှိဆဲဖြစ်သောကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်က အဆင်မပြေမှုများကို မေ့လျော့သွားကာ “ သခင်မလေးယောင်း “ ဟု နှုတ်ဆက်ရန် အစပြုခဲ့သည်။

ယောင်းရှီး လန့်သွား‌ ပေမယ့်လဲ လူမှုရေး အရ ပြန်နှုတ်ဆက်လာသည်။

သို့သော် ယခင်နေ့ရက်က သူမအား အကန်စကားများပြောခဲ့ဖူးသော ကျန်းရွှယ်နင်နှင့် ရင်ဆိုင်ရသောအခါတွင် သူမ၏ စိတ်နေသဘောထားသည် မည်သို့မှ နွေးထွေးသွားနိုင်မည် မဟုတ်ပေ။

ကျန်းရွှယ်နင်ကလည်း  သိပေမယ့် ဂရုမစိုက်။


မိန်းမစိုးလေးက နန်းတော်တံခါးနားက ပစ္စည်းတွေကို စစ်ဆေးပြီးနောက် သူတို့နှစ်ယောက် နန်းတော်ထဲကို ၀င်သွားလိုက်ကြသည် ။

နန်းတော်ထဲသို့ ပထဆုံးအကြိမ်ဝင်ရောက်ချိန်တာန်းမှာ  ကျန်းရွှယ်နင် သည် ရွေးချယ်မခံရရေးအတွက် နန်းတော်သို့ဝင်ရောက်တာဟု တွေးကာ မျှော်လင့်ချက်ရှိနေဆဲဖြစ်ပြီး နောက်ဆုံးတွင် သူမ ဘေးကင်းလုံခြုံပြီး လွတ်လပ်သောဘဝကို ဖြတ်သန်းနိုင်မည်ဟု မျှော်လင့်မိသေးသည်။

သို့သော် ဘုရားသခင်သည် လူတို့၏ဆန္ဒကို  ပြည့်၀ခွင့်မပေးပေ။

နန်းတော်ထဲသို့ဝင်ရမည့်ကံကြမ္မာက သူမ မလွတ်မြောက်ခဲ့ရုံမျှသာမက  ယခုဘဝတွင်လဲ  ရှဲ့ဝေ၏ပစ်မှတ်ကိုခံနေရဆဲဖြစ်ပြီး ရုံယိနယ်စားအိမ်တော် စံအိမ်သာ်လဲ  တစ်ခုခု ဖြစ်လာတော့မည်ဖြစ်သည်။ ဒီအချိန်မှာ ဘယ်လိုအခြေအနေမျိုးဖြစ်မလဲဆိုတာ သူမ မတွေးဝံ့ပါ ။

နန်းတော်တံခါးတွေ အစီအရီပွင့်နေပြီး ရှည်လျားလှတဲ့ တိတ်ဆိတ်တဲ့နန်းတော်လမ်းကို အနီရောင်နန်းတော်နံရံတွေနဲ့ ကာရံထားပုံက  အစက်အပြောက်တွေနဲ့ ချိတ်ဆက်ထားတဲ့ ချုပ်ကွင်းတစ်ခုလိုပါပင် ။

တားမြစ်မြို့တော် ရဲ့ အလေးချိန်က သူမအပေါ်ကို ကျရောက်လာသည် ။

နန်းတော်ရှိအရာအားလုံးသည် အလွန်မြင့်မား၍ ကြီးမားစွာတည်ဆောက်ထားသောကြောင့် လူများအထဲသို့ ၀င်ကြည့်ရန်ပင် ခက်ခဲသည်။

ထို အကာအရံတို့ကြားတွင် လမ်းလျှောက်ရသည့်အခါ ကျန်းရွှယ်နင် သည် ယခင်အတိတ်ဘဝသို့ ပြန်ရောက်သွားသလိုပင် - ကျဉ်းမြောင်းသော သို့မဟုတ် ကျယ်ဝန်းသော နန်းတော်စင်္ကြံများတွင် ကြမ်းခင်းကြွေပြားများကြားရှိ နေရာလပ်အက်ကွဲကြောင်းများတစ်လျှောက် သွေးများစွာ စီးကျနေသည်။  ပျက်ယွင်းနေသော မြေဆီလွှာများနှင့် ညှိုးနွမ်းနေသော မြက်ပင်များကို စိမ့်ဝင်သွားသော်လည်း အေးစက်ပြီး သွေးစွန်းနေသော ခြေရာများကို ချန်ထားခဲ့သေးသည်။ မူလနန်းတော် နံရံများတွင် အချို့နေရာများသည် အချို့နေရာများမှာ မှင်များ ပက်သလို မည်းမှောင်ကာ အချို့နေရာများတွင် ဓားသွားများ၏ ကြောက်စရာကောင်းသော အကျိုးသက်ရောက်မှုများ ရှိနေသေးသည်။ ဒါ့အပြင်  နန်းတော်တံခါးရှေ့ အပေါ်  တွဲလောင်းဆွဲထားဖူးသည့်အရာသည်  ကီယင် အားကောင်းသောသားရဲ မဟုတ် ကျိုးယင်းကျိ၏ ဦးခေါင်းပြတ်သာ၊  သွေးစွန်းနေသောမျက်နှာနှင့် ပိတ်၍မရသော မျက်လုံးများက ပွင့်နေကာ သံမှိုသုံးချောင်းဖြင့် ရက်ရက်စက်စက် ထိုးဖောက်ထားသော ဦးခေါင်း


ဆောင်းရာသီ၏ ဆောင်းနှောင်းပိုင်း ရာသီဥတုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို နန်းတော်ထဲကို ဖြတ်သွားတဲ့လေက နည်းနည်းတော့ အေးစက်ပြီး ၀မ်းနည်းသံဖြင့်  အေးစက်စက်နဲ့ ညည်းတွားနေသလိုမျိုး သဏ္ဍာန်ကြောင့်  ကျန်းရွှယ်နင် မထိန်းနိုင်ဘဲ တုန်တုန်ယင်ယင်နဲ့ ပခုံးတွေကို ကြုံ့ထားလိုက်မိသည်။

လေးကိုကိုင်ပြီး ကိုးလွှာမျှော်စင်ပေါ်တွင် ရပ်နေသော ရှဲ့ဝေ ၏ပုံသည် အိပ်မက်ဆိုးတစ်ခုလို အဝေးမှ လွင့်ပျံလာသည်။


ဒီ ခြောက်လတာကာလအတွင်း သူမ တကယ်ပဲ ဒဏ်ရာအနာတရကင်းမဲ့စွာနဲ့  လွတ်မြောက်နိုင်ပါ့မလား။

ယခုအချိန်တွင် ရန်ဇီနန်းဆောင် တွင် မင်းသမီး၏ စာသင်ဖော်များစွာ ရောက်ရှိနေပြီး အချင်းချင်း ပြုံးကာ စကားပြောနေကြသည်။

“အာ ,ဖန့်မြောင်, ဖန့်မြောင်, နင် ရှုပ်ရှပ်ခက်နေတဲ့အရာတွေ အများကြီး ထပ်ယူလာပြန်ပြီ “

“ဒါက အစီအရင် အတွက်။ ငါဦးနှောက်က ငါးလိုပဲဆိုတာ နင်တို့မသိတာ မဟုတ်ဘူး ။ စာ‌လေ့လာတာမှာ သိပ်တော်တာမဟုတ်ဘူး။  အရင်က မေးခွန်းနဲ့ ပတ်သတ်ပြီး လေ့လာရမယ့်ဟာတွေကို ဒုတိယသခင်မလေးကျန်းကသာ  မခန့်မှန်းပေးခဲ့ဘူးဆိုရင် စာသင်ဖော်တစ်ယောက်အဖြစ်  ငါဘယ်လိုလုပ် အရွေးခံရမှာလဲ? ဒီအစီအရင်ပစ္စည်း‌တွေကို နောင် စာလေ့လာတဲ့အခါ စားပွဲပေါ်၌ တင်ထားရင် စာသင်တဲ့ လူကြီးမင်းတွေ ငါ့ကို  စာမေးတာတို့ ၊မေးခွန်းဖြေခိုင်းတာတို့ မလုပ်လောက်ဘူးလို့ မျှော်လင့်ရတာပဲ “

“အဲဒါကို ပြောရရင်  ဘာတွေသင်မလဲဆိုတာ တစ်ယောက်ယောက်သိကြလား? “

“ရှဲ့လူကြီးမင်းကတော့  ချင်တီးခတ်တာ သင်ပေးမယ်လို့ ကြားထားတာကလွဲလို့ တခြားဘာမှ ရှင်းရှင်းလင်းလင်းမသိသေးဘူး”

“အစ်မရှောင်း က စာအုပ်တွေ အများကြီး ယူလာပေးတယ်။ ဒီစာအုပ်တွေအကုန်လုံးက  ရှားပါးပြီး ထူးခြားတဲ့ စာအုပ်တွေချည်းပဲ “


ရှောင်းရှူ နှင့် ချန်ရှူယိ သည် ယခုတစ်ကြိမ် ပြတင်းပေါက်မှ အခန်းတွင် ထိုင်နေသေးသည်။ ဖန့်မြောင် လည်း အစောကြီးရောက်လာပေမယ့်  ဘာမှမလုပ်ဘဲ အခန်းထဲကို လှည့်ပတ်ကာ ပရိဘောဂများ၏ အနေအထားကို ချိန်ညှိကာ အခန်းတွင်းသို့ လျှောက်သွားနေခဲ့သည်။ လူတိုင်းအတွက် ဖုန်းရွှေ‌ ကောင်းရန် အပြောင်းအလဲအချို့ကိုပြောင်းလဲသင့်သည်ဟု ပြာနေသည်။ မျက်နှာနီရဲသော အငယ်ဆုံးလေး ကျိုးပေါင်ယင် သည် စားပွဲပေါ်တွင် လဲလျောင်းနေပြီး အိပ်ငိုက်နေပုံပေါ်သည်။

ရှောင်းရှူ ကတော့

“ပေါင်ယင် နင် ဘာလို့ဒီလောက်အိပ်နေတာလဲ?”

ကျိုးပေါင်ယင်  က သူမရဲ့ နှုတ်ခမ်းတွေကို တင်းတင်းကျပ်ကျပ် ရှုံ့တွပြီး အလွန်စိတ်မကောင်းဖြစ်နေတဲ့လေသံနဲ့


“နန်းတော်ကနေ အိမ်ကို ပြန်ရောက်တဲ့ အချိန်မှာ အဖေက ညီမကို  ညီမက နန်းတော်ရဲ့ စည်းကမ်းတွေကို နားမလည်သလို အသိပညာ မကျွမ်းကျင်ဘူး လို့ ပြောခဲ့တယ်၊ အစက ညီမကို ရှင်းဖန်းကျိုက်က  ကိတ်မုန့် ဝယ်ပေးမယ်ပြောထားတာ ၊ ဒါပေမယ့် ဒီတစ်ခေါက်တော့ အကုန်ပျက်စီးသွားပြီ..”

“…”

သူမစိတ်မကောင်းဖြစ်နေသည်မှာ အစားအစာအတွက်ပင် ဖြစ်သည်။

ရှောင်းရှူ သည် သူမအဖြေကြောင့် ရင်မောသွားပြီး ဘာမျတ်ချက်မပေးခဲ့ပေ။

သို့သော် နောက်အခိုက်အတန့်တွင် ကျိုးပေါင်ယင် ၏နှာခေါင်းလေးသည် အနံတစ်ခုခု ရနေနေသည့် ကြောင်လေးကဲ့သို့ တရှုံရှုံဖြင့် ရုတ်တရက်  အနံ့ရှူရှိုက်မိသွားကာ စားပွဲပေါ်မှ ခေါင်းမော့ပြီး  အိပ်ငိုက်နေသော မျက်လုံးများက ချက်ချင်းပြူးကျယ်သွားသည်-


“ စားစရာရှိတယ် စားစရာရှိတယ် ”

ပြီးတော့ အနံ့က လုံးဝ အရသာရှိတယ်။

သူမ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံဖြင့် ကျိုးပေါင်ယင်  သည် အရသာရှိသော အစားအစာကို အလွယ်တကူ အနံ့ခံနိုင်သောကြောင့် သူမသည် ချက်ချင်းပင် ထိုင်ခုံမှ ခုန်ဆင်းကာ တံခါးကို လှမ်းကြည့်ကာ အံ့အားသင့်စွာ အော်ပြောသည်-

“ဝါး  အစ်မ‌ရှောင်ယောင်း စားဖို့ တစ်ခုခု  ယူလာတာလား ! ”

ယခုတစ်ကြိမ်စာဖတ်ရန် ရွေးချယ်ခံရသော မိန်းကလေးများတွင် ယောင် မျိုးရိုးရှိ‌သော အမည် မိန်းကလေး နှစ်ဦးရှိပြီး တစ်‌ ယောက်မှာ ယောင်ရုံရုံ ၊ ဟန်လင်းတော်၀င်ကျောင်းက ဆရာ ယောင်တု ၏ တိသမီးမိန်းကလေးဖြစ်ကာ ကျန်တစ်ဦးမှာ  ယောင်းတိုက်ဖူ ၏ တိသမီး ယောင်းရှီးပင် ဖြစ်သည်။

သူတို့အားလုံးကို “သခင်မလေးယောင်” လို့ ခေါ်ရင် သူတို့ကို ခွဲရခက် ပေလိမ့်မည် ။

ထို့ကြောင့် သူတို့၏အသက်အရွယ်အရ လူတိုင်းက ယောင်းရှီးကို “သခင်မလေးတာ့ယောင်း” နှင့် ယောင်ရုံရုံကို  “သခင်မလေးရှောင်ယောင်” ဟုခေါ်ဆိုကြသည်။

(မေကတော့ ယောင်းရှီးလို့ ဘာသာပြန်ထားပါတယ်နော် မှားစိုးလို့ပါ)

ဤအခိုက်အတန့်တွင် ယောင်ရုံရုံ သည် ထမင်းဘူးပုံစံ သေတ္တာတစ်လုံးနှင့် အပြင်ဘက်မျ ဝင်လာခဲ့သည်။ သူမသည် မိသားစုငယ်လေးမှ ဆင်းသက်လာပြီး  နန်းတော်ထဲတွင် အတော်လေး သတိထားနေခဲ့သည်။ နန်းဆောင်၀ရောက်ရောက်ချင်း ထဲမှ တစ်စုံတစ်ဦးက အပြေးအလွှားထွက်လာရန် သူမ မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် ထိတ်လန့်သွားကာ လဲလုနီးပါး ဖြစ်သွားခဲ့သည်။

ကျိုးပေါင်ယင်  ဖြစ်သည်ကို မြင်လိုက်ရသဖြင့်ထမင်းဘူးကို ကမ်းပေးလိုက်သည်။

“ဒါက အိမ်ပြန်ရောက်တဲ့ အချိန် တို့ ကိုယ်တိုင်လုပ်ထားတဲ့ မက်မွန်သီး ကိတ်မုန့်ပါ၊ အစ်မတွေနဲ့ ညီမလေး ပေါင်ယင်က တို့ ကို လူအများရှေ့မှာ ကောင်းကောင်း ဂရုစိုက်ပေးတယ်လို့ထင်တာ ကြောင့် ကျေးဇူးတင်ချင်တဲ့ နှလုံးသားကို နည်းနည်းပဲဖြစ်ဖြစ် ဖော်ပြနိုင်ဖို့ ဒါကို ယူလာခဲ့တာပါ ၊ အားလုံးကို စမ်းကြည့်စေချင်ပါတယ်”

“ဒါ ညီမတို့ အားလုံး စားဖို့လား !”

ကျိုးပေါင်ယင်  သည် ချိုမြိန်သောရနံ့ကို ရှူရှိုက်မိသည်နှင့် တပြိုင်နက် သားရည်မယိုဘဲ မနေနိုင်ပေ။ ယောင်ရုံရုံက ထိုစကားကို ပြောသောအခါတွင် သူမ၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် တောက်ပလာပြီး လက်ကို ချက်ချင်း ဆန့်တန်းလုနီးပါး ဖြစ်သွားသည်။

“ဒါဆို ညီမကို အရင်စမ်းစားကြည့်ခိုင်းပါ!”

မက်မွန်သီးကို အချပ်လိုက် ပါးပါးလှီးလွှာကာ  ကောက်ညှင်းစေ့၊ မက်မွန်စေ့နှင့် သကြားတို့ဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် နှင်းဖြူရောင်ရှိပြီး နူးညံ့ကာ  ကောက်ညှင်းမွှေးကိတ် အသွင်အပြင်ရှိသည်။ အလယ်တွင် ထည့်ထားသော မက်မွန်စေ့မှုန့်များသည် မွှေးကြိုင်သော မွှေးရနံ့ကို ပေါ်လွင်စေသည်။

ကောင်းသည်ဖြစ်စေ  မကောင်းမပြီးသည်ဖြစ်စေ အသွင်အပြင်နှင့်ပင်  မည်ကဲ့သို့ ခံစားရသည်ပေါ်လွင်နေသည်။

မြို့တော်တွင် မက်မွန်သီးကိတ်မုန့်ကောင်းကောင်းလုပ်သည့်ဆိုင်များ အများအပြားမရှိပေ။သို့ပင်လျှင် ကျိုးပေါင်ယင်သည် အားလုံးကို စားဖူးသည်။

သို့သော် ယောင်ရုံရုံ ပြုလုပ်သော မက်မွန်သီးကိတ်သည် အမှန်တကယ် ချိုသော်လည်း မအိ၊ ပါးစပ်ထဲတွင် အရည်ပျော်လုနီးပါးဖြစ်ပြီး အရသာကောင်းမွန်နေမည်ဟု သူမမျှော်လင့်ထားပေ။

တစ်ချက်ကိုက်ပြီးနောက် သူမ၏  မျက်လုံးများ ပြူးကျယ်သွားသည်။

အာမေဋိတ်သံဖြင့်



“အို ဘုရားသခင်၊ အရသာရှိလိုက်တာ!”

ကျိုးပေါင်ယင်  သည် အစားအသောက်ကောင်းမက်သူတစ်ဦးဖြစ်ပြီး သူမသည် ကောင်းမွန်သောမိသားစုမှ ဆင်းသက်လာသောကြောင့် သူမသည် ကမ္ဘာပေါ်ရှိ အရသာရှိသော အစားအစာအားလုံးကို နီးပါးစားဖူးသည်။ပုံမှန်အားဖြင့် သူမသည် ဆန်းကျယ်သောအရသာအားလုံးသည်  သူမ၏ပါးစပ်ထဲမှာ  ဝင်ဆန့်ဖို့ အာမမခံနိုင်ပေ။

ထို့ကြောင့် သူမ ချီးမွမ်းသည့် မည်သည့်အရာမဆို အရသာ‌‌ သေချာပေါက်ရှိလေသည်။

ကျိုးပေါင်ယင် ကိုယ်တိုင်လဲ ပြောမပြတတ်လောက်အောင်ကို အံ့သြနေပုံရလေသည်။

ဒါ့ကြောင့် အားလုံးက စူးစမ်းချင်စိတ်ဖြစ်လာသည်။ ယောင်ရုံရုံ သည် တစ်ခါတစ်ရံ သူမကိုယ်သူမ  သေးငယ်လွန်းသည်ဟု ခံစားမိသော်လည်း ၊ဥပမာအားဖြင့်  ကျန်းရွှယ်နင် နှင့် စကားပြောရာတွင် သူမကိုယ်သူမ  အလွန်ထက်မြက်ခြင်းမရှိဟု ခံစားရကာ ထိုသည် လူတိုင်း၏ အပေါ်ယံလူမှုဆက်ဆံရေးအပေါ်တော့  မထိခိုက်စေခဲ့ပေ။

ထိုအချိန်တွင် မိန်းမပျိုအားလုံးတို့သည် မက်မွန်သီးကိတ်ကို ယူစားကြ‌‌သည်။

အရသာက တကယ်ကိုပဲ ကောင်းမွန်‌ လေသည်။

ရှောင်းရှူ  ကိတ်မုန့် တစ်ကိုက် ကိုက်ပြီးနောက်မှာ သူမသည်ပင် မျက်ခုံးပင့်မိကာ အံ့သြစွာဖြင့်


“မြို့တော်မှာရှိတဲ့  နာမည်ကြီး ရှင်းဖန်းကျိုက် နဲ့ ချီယွင်ကျိုက် တို့ကလိုပဲ  အရသာရှိလှတယ်။ ညီမလေးယောင်မှာ  ဒီလိုစွမ်းရည်မျိုး ရှိမယ်လို့ မမျှော်လင့်ထားဘူး “

ယောင်ရုံရုံ ၏ မျက်နှာသည် ရုတ်တရက် အံ့အားသင့်သွားကာ ရှောင်းရှူ ၏ ချီးကျူးခြင်းကို ခံရမည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ထမင်းဘူးကို ကိုင်ထားသော သူမ၏ လက်ချောင်းများက အနည်းငယ် တုန်လှုပ်သွားကာ ရှက်ရွံ့ဟန်ဖြင့် 


“ရုံရုံက ဗဟုသုတနည်းပြီး အပြင်လဲ သိပ်မထွက်ရပါဘူး၊ ဒါ့ကြောင့် အိမ်မှာ ဒါတွေကို လေ့လာဖို့ကလွဲလို့  ရွေးချယ်စရာမရှိဘူး။ အစ်မရှောင်းနဲ့ အားလုံးက ကြိုက်ကြတဲ့အတွက် ပျော်ပါတယ်။”

လူတိုင်းက သူမကို နှိမ့်ချတတ်လွန်းသည်ဟု ဆိုကြသည်။

ဤမထင်မှတ်ထားသော မက်မွန်ကိတ်မုန့်ပုံးကြောင့် နောက်ဆုံးတွင် အခန်းတွင်းလေထုသည် ပိုမိုအသက်ဝင်လာသည်။

ကျန်းရွှယ်နင် နှင့် ယောင်းရှီး သည် ထိုအချိန်တွင် ဝင်လာခဲ့သည်။

ဖန့်မြောင် သည် သူမလက်ထဲတွင် အိမ်မြှောင်တစ်ခုနှင့် တစ်ခုခုကို တွက်ချက်နေသည်။ သူမ မော့ကြည့်လိုက်သည်နှင့် ကျန်းရွှယ်နင်တို့ကို တွေ့လိုက်ရတာကြောင့်  ရင်းနှီးစွာ နှုတ်ဆက်လာသည်


“ ရွှယ်နင် နင်ဘယ်တော့မှ လာမယ်ဆိုပြီး ငါ တွေးနေတာ ၊ညီမလေးယောင်က အရသာရှိတဲ့ မုန့်တွေ ယူတာတယ် ။ လာ ၊နင်သာ ဒီထက်နောက်ကျသွာရင်  ပေါက်ယင် အကုန်  စားသွားမှာကို ငါကြောက်မိတယ်။”

ကျိုးပေါင်ယင်  က မကျေမနပ် နှုတ်ခမ်းလေးဆူသည်။

ထိုကားကြောင့် ခေါင်းငုံ့ကာ အခြားသူများနှင့် စကားပြောနေသော ယောင်ရုံရုံ သည် ထိတ်လန့်သွားသည်။ ယောင်းရှီးကိုတွေ့သောအခါ သူမအဆင်ပြေသော်လည်း ကျန်းရွှယ်နင်ကိုတွေ့သောအခါ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သို့သော် သူမသည် အတင်းပြုံးကာ မတ်တပ်ရပ်နေနိုင်သေးသည်။ထမင်းပုံးလေးကိုယူ၍ သူတို့လက်သို့ အပ်လိုက်ရင်း -

“အစ်မဖန်  ပြောတာ မှန်ပါတယ်၊ ဒါ ညီမ ကိုယ်တိုင်လုပ်ထားတဲ့ မက်မွန်သီးကိတ်ပါ၊ ညီအစ်မနှစ်ယောက် အတူတူ စမ်းစားပေးကြည့် ‌လို့ရမလား”

လို့ပြောလာသည်။

ယောင်းရှီး ၏ယနေ့စိတ်ခံစားချက်သည် ယခင် တစ်ခေါက် နန်းတော်သို့ဝင်ရောက်သည့်ထက် ပိုဆိုးသည်မှာ သိသာထင်ရှားပြီး  ပိုဆိုးသည်မှာ သိသိသာသာပင် စိုးရိမ်မှုအချို့ကို ဖုံးကွယ်ထားခြင်းဖြစ်သည်။

ယောင်ရုံရုံ က မက်မွန်သီးကိတ်ကို လွှဲပေးတာကိုမြင်တော့ သူမက အနည်းငယ် စိတ်မရှည်တော့ဘဲ အေးစက်စက်နဲ့ သာပြန်ပြောသည်။

“ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီနေ့တော့ စားချင်စိတ်မရှိတော့ဘူး”

ထို့နောက် ရှောင်းရှူနှင့် ချန်ရှူယိ၏ နံဘေးသို့ တိုက်ရိုက်သွားကာ ထိုင်ချလိုက်သည်။

ယောင်ရုံရုံ သည် ချက်ချင်းပင် ရှက်သွားသည်။

သို့သော်လည်း လူတိုင်း၏မျက်လုံးများသည် ယောင်းရှီးထံ ချက်ချင်းရောက်သွားပြီး သူမ၏အိမ်ထောင်ရေးတွင် သူမကို ဤကဲ့သို့ပြုမူစေသော အပြောင်းအလဲတစ်ခုခုရှိမရှိကို လျှို့ဝှက်စွာခန့်မှန်းလိုက်ကြသည်။

အမှန်တော့ ကျန်းရွှယ်နင်  ဒီမုန့် မစားချင်။

တစ်ဖက်မှာ ယောင်ရုံရုံ ၏ အထင်အမြင်မှာ မကောင်းလှ၊ ယောင်ရုံရုံသည်  တစ်စုံတစ်ယောက်က  သူမအား အနိုင်ကျင့်သလိုမျိုး အမြဲတမ်း သနားစရာကောင်းစွာ ပြုမူတတ်သည်၊

နောက်တစ်ခုမှာ…

သူမ၏ နောက်ဆုံးဘဝတွင် ဤအရာများကို စားပြီးနောက် ပျို့အန်လုနီးပါးဖြစ်ခဲ့သည်။


ဒီစကားသုံးလုံးကို ကြားရတာတောင် အန်ချင်စရာပင်။

ဒါပေမယ့် ယောင်းရှီး က ငြင်းခဲ့ပြီးပြီ၊ သူမ ထပ်ပြီး ငြင်းဖို့က လဲ အားနာစရာကောင်းလွန်းတာကြောင့် သူမ မျက်နှာသာကို ပေးကာ ပုံးထဲက ပါးပါး လေးလှီးထားတဲ့ ကိတ်တစ်ခုကို  ယူလိုက်ကာ ယဉ်ကျေးစွာ ကိုက်လိုက်ပြီး ပြုံးရင်း


“ကျေးဇူးတင်ပါတယ်”

ဒါက တုံ့ပြန်မှုလား။

ဒါက  နည်းနည်း သာမာန်ရိုးကျဆန်လွန်းသည်။

ယောင်ရုံရုံ မှပြုလုပ်သော မက်မွန်သီးကိတ်မုန့်သည် အလွန်အရသာရှိပြီး ကျိုးပေါင်ယင်ပငင် မချီးကျူးဘဲ မနေနိုင်ပေ။ ကျန်းရွှယ်နင်က ၎င်းကိုစားပြီးနောက် ဘာမှထုတ်ဖော်ပြောဆိုခြင်းမရှိ။

ခဏလောက်တော့ ကျိုးပေါင်ယင် ဟာ သူမရဲ့ အရသာခံနိုင်စွမ်းကို သံသယဝင်သွားပြီး ကျန်းရွှယ်နင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်ကာ

“အစ်မကျန်း ၊ အရသာမရှိဘူးလား?”

အရသာမရှိဘူးလား

ကျန်းရွှယ်နင် သည် မျက်လုံးများကို ငုံ့ရင်း  သေးငယ်စွာ  ကိုက်ခံထားရသော မက်မွန်သီးအချပ်များကို ကြည့်ပြီး၊ ရှဲ့ဝေကို  သူစဉ်းစားမိသည် ။

နောက်ပိုင်းမှာ နာမည်ကြီးလာမယ့် မင်းဆရာ ရှဲ့လူကြီးမင်း ။

ကျန်းရွှယ်နင် ဧကရီ ဖြစ်ပြီးနောက် နှစ်နှစ်အကြာတွင် နန်းတော်အတွင်းရော အပြင်မှာပါ စားတော်ကဲကောင်းများစွာကို တွေ့ရှိပြီး မက်မွန်သီးကိတ်မုန့်မျိုးစုံကို ပြုလုပ်ခိုင်းရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင် ထိုနှစ်များက အရသာကို ပြန်မရခဲ့ပေ။

ရှဲ့ဝေ ကပဲ ကောင်းကောင်းလုပ်ခဲ့လွန်းတာလား?

ဒါမှမဟုတ်

သူမ  မြည်းစမ်းကြည့်တဲ့အခါ ခံစားချက်တွေ ဆုံးရှုံးသွားခဲ့တာပဲလား။ ?

ကျန်းရွှယ်နင် တကယ်မသိတော့ ။

အခု ပြန်တွေးကြည့်တော့ သူမ အိပ်မက်မက်နေသလို ခံစားရလေသည် …

ရှဲ့ကျွီအန်း သည် မြင့်မြတ်သောမိသားစုမှ ဆင်းသက်လာပြီး လောကကြီးတွင် အရည်အချင်းအရှိဆုံးသူဖြစ်သည်။ လောကအမြင်တွင် လူကြီးလူကောင်းများကြားတွင်  သူသည် သူတော်စင်တစ်ဝက်ဖြစ်သည်။ မီးဖိုချောင်ထဲမှာ မီးခိုးတလူလူနဲ့ သူ ဘယ်လိုလုပ် ၀င်နိုင်မည်နည်း။

ယောင်ရုံရုံ မှပြုလုပ်သော မက်မွန်လွှာကိတ်မုန့်သည် အရသာမရှိဟု မပြောနိုင်သော်လည်း ကောင်းကင်တွင်တောက်ပနေသောလကို မြင်ဖူးသူက  ပုလဲ၏တောက်ပမှုကို ဘယ်လိုလုပ် ချီးကျူးမည်နည်း?

ကျန်းရွှယ်နင်သည် ခေါင်းငုံ့ကာ နှုတ်ခမ်းကို တိတ်တဆိတ် ကိုက်နေသော ယောင်ရုံရုံကို ကြည့်လိုက်သည်။

နောက်ဆုံးတွင် သူမသည် နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်ပြီး

“ဒါက အရသာရှိပါတယ်၊ ဒါပေမယ့် တို့က ချိုတဲ့အရသာကို မကြိုက်ဘူး။ ဒါ့ကြောင့် တို့ကို အပြစ်မတင်ပါနဲ့””

လို့ပြောလိုက်သည်။

တောင်တန်းတွေနဲ့ ပင်လယ်ပြင်ကို မကြိုက်တဲ့သူတွေလည်း ရှိနိုင်သည်။

ကျန်းရွှယ်နင် ပြောတာ မှန်သည် ။

ယောင်ရုံရုံ နဲ့ ကျန်းရွှယ်နင်ရဲ့ ဆက်ဆံရေးက အနည်းငယ် သိမ်မွေ့တဲ့အတွက်ကြောင့် လူတွေက ဒီလိုစကားတွေနဲ့ တခြားအတွေးတွေကို  တွေးတာကို ခွင့်မပြုဖို့ ခဲယဉ်းလေသည်။

ကျိုးပေါင်ယင် က ရိုးရိုးရှင်းရှင်းပဲ သဘောထားကြီးပြီး အများကြီး မစဉ်းစားတတ်ဘူး


“ ဟေး ဟေး  ညီမ လျှာက အစွမ်းထက်နေတုန်းပဲ ။ အစ်မကျန်း မစားရင်လဲ ရပါတယ် ! ဒါဆို ကျန်တာ အကုန်  ညီမအတွက်ပဲ !”

ကျိုးပေါင်ယင် ဒါကို တွေးပြီး ချက်ခြင်း ဝမ်းသာသွားကာ ယောင်ရုံရုံ ၏အမူအရာ မည်သို့ပင်ရှိစေကာမူ သူမသည် အစားအသောက်ဘူးလေးကို သူမရှေ့သို့ တိုက်ရိုက်ယူလာပြီး ပျော်ရွှင်စွာ စားသောက်နေတော့သည်။

ယိုယွဲ့မှလွဲ၍  အခုအချိန်မှာ နန်းတော်ထဲကို ဝင်ရတဲ့ အဖော်ရှစ်ယောက်စလုံး ရောက်နေပြီဖြစ်သည် ။

ကျန်းရွှယ်နင် လည်း ဖန့်မြောင်နံဘေးတွင် ပေါ့ပေါ့ပါးပါး ၀င်ထိုင်လိုက်သည်။

လွန်ခဲ့သောနှစ်ရက်က နန်းတော်မှထွက်သွားပြီးနောက် သူတို့ကြုံတွေ့ခဲ့ရသည့်အရာများကို လူတိုင်းကပြောဆို‌နေကြသည်။ များမကြာမီတွင် အာရုံစူးစိုက်မှုမှာ ယောင်းရှီး ရှိရာသို့ ရောက်သွားသောအခါတွင် ဆိုးဆိုးရွားရွားအကြည့်အချို့က  ရောက်ရှိလာသည်။ အမှန်တော့၊ သူမသည် ကျန်းကျယ် နှင့်လက်ထပ်ရမယ့်ကြောင်းကို ဤနေရာမှလူတိုင်းသိထားသောကြောင့် သူမစိုးရိမ်နေမိသည်မှာ ရှောင်လွှဲ၍မရပေ။


ရှောင်းရှူ က သူမကို အသံတိုးတိုးနဲ့ မေးလိုက်သည်

“ဒါပေမယ့် လက်ထပ်ဖို့ ကမ်းလှမ်းချက်က ဘာဖြစ်သွားပြီလဲ”

ယောင်းရှီး သည် သူမ၏မျက်ခုံးကို ငုံ့ကာ ငိုလုမတတ်

“ အိမ်ပြန်ရောက်ပြီးအဖေ့ကို အကြိမ်ကြိမ် တောင်းပန်ခဲ့ပေမယ့် အဖေက သဘောမတူဘူး။ ကျန်းကျယ်က လူကောင်းတစ် ယောက်လို့ ပြောခဲ့ပြီး အမေကတောင် ‌အဖေ့ကို  မဖြောင့်ဖြနိုင်ခဲ့ပါဘူး ။ငါ  ဘာလုပ်ရမှန်းမသိ တော့ဘူး…”

ရှောင်းရှူ သည် မျက်မှောင်ကြုတ်ပြီး ကျန်းရွှယ်နင်ကို မသိစိတ်ဖြင့် စိုက်ကြည့်လိုက်မိသည်။

ကျန်းရွှယ်နင် သည် အေးဆေးတည်ငြိမ်နေပြီး ပေါ့ပေါ့ပါးပါးပင်နှာခေါင်းအောက်မှာရှိနေတဲ့  ခွက်ထဲမှ လက်ဖက်ရည်ကို သောက်လိုက်ရင်း ထိုကိစ္စသည် သူမနှင့် မသက်ဆိုင်သလိုပင်။

လူတိုင်းက တခြားဘာကိုမှ မမှတ်မိနိုင်ပေမယ့် ယိုယွဲ့ကိုဖမ်းချုပ်ပြီး ရေထဲတွန်းချလိုက်တဲ့  ကျန်းရွှယ်နင်ရဲ့ ရက်စက်မှုကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေပါသေးသည်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် ရှောင်းရှူ ကဲ့သို့ပင် သူမကို နားမလည်နိုင်စွာ ကြည့်နေကြသည်။

ကျန်းရွှယ်နင် က ရယ်စရာဟာသတစ်ခု တွေ့လိုက်ရသလို

“တို့ အိမ်ထောင်ရေးအကြောင်းပြောနေတာမဟုတ်ဘူးလေ၊ တို့နဲ့ဘာမှ မှမဆိုင်တာ ။ တို့ကို ဘာလို့ ကြည့်နေကြတာလဲ”

ကျန်းရွှယ်နင်နှင့် ဘာမှမဆိုင်ပေ၊ သို့သော် ယောင်းရှီး၏မျက်လုံးထဲတွင်တော့ မလွှဲသာမရှောင်သာ သရော်သည့်သဘော တွေ့နေရ‌တာကြောင့်း  သူ့မျက်နှာသည် ခဏတာဖြူဖျော့သွားပြီး ခဏလောက်တော့ မတ်တပ်ရပ်ပြီး ကျန်းရွှယ်နင် နှင့် ငြင်းခုံလိုက်ချင်သည်။

မထင်မှတ်ပဲ သူဘာမှပြန်မပြောနိုင်ခင်မှာ တစ်ယောက်ယောက် အပြင်က‌နေ ထွက်‌ပေါ်လာသည်။

ရန်ဇီ နန်းဆောင်မှာ ရှိတဲ့ နန်းတွင်းအစေခံတစ်ယောက်ပင်။သူမလက်ထဲမှာစာတစ်စောင်ကိုကိုင်ပြီးအလျင်စလိုလမ်းလျှောက်လာရင်းအထဲဝင်လာတဲ့အခါ ဦးညွှတ်ပြီးစာအိတ်ကိုခေါင်းပေါ်တင်ကာ

“မိန်းကလေးတွေကိုနှုတ်ဆက်လိုက်ပါတယ်၊ ဒီစာက အပြင်က နေ သခင်မလေးယောင်းဆီကို  ပေးပေးပါလို့ ယောင်းတိုက်ဖူ  တောင်းဆိုလိုက်တာပါ”



ယောင်းရှီး အံ့အားသင့်သွားမိသည်- သူမအိမ်ကထွက်တာမကြာသေးပါဘူး၊ ဘာကြောင့် သူမအဖေက စာတစ်စောင်ရေးပေးတာလဲ။

နန်းတွင်းအစေခံက စာအိတ်ကို ယောင်းရှီးလက်ထဲ အပ်လိုက်သည်။

စာအိတ်အပြင်ဘက်မှာ ရေးသားထားတာက  ယောင်းတိုက်ဖူ ရဲ့ ကလောင်စွမ်းထက်တဲ့ လက်ရေးပင်။

အရင်တုန်းကတော့ အိမ်ကနေ စာတွေပို့ရင်  အေးအေးဆေးဆေး ဖတ်လေ့ရှိပေမယ့် ဒီနေ့မှာတော့ အကြောင်းတစ်ခုခုကြောင့် အနည်းငယ် စိတ်ရှုပ်သွားရသည်  သူ့အခန်းထဲပြန်ဖို့တောင် မစောင့်နိုင်ဘဲ ခန်းမထဲမှာပဲ  စာကိုဖွင့်ဖတ်လိုက်တယ်။

စာအိတ်ပါးပါးလေးထဲတွင် စာ‌ ကြောင်းနှစ်ကြောင်းပါတဲ့ စာရွက်တစ်ရွက်သာရှိသည်။

ဒါပေမယ့် ယောင်းရှီးက စာထဲမှာပါတဲ့ လက်ရေးကိုမြင်တော့ လန့်သွားတယ်၊ ဒါက သူမအဖေရဲ့လက်ရေးမဟုတ် ။

သူမအဖေရဲ့ လက်ရေးက သွက်သွက်လက်လက်နဲ့ အစွမ်းထက်တဲ့ ရေးဟန်ဖြင့် ရေးတတ်ပြီး ချော‌မွေ့သန်စွမ်းသည်ဟု မှတ်ယူနိုင်သာ်။ သို့သော် ဤစာကြောင်းတွင်၊ စုတ်ချက်သည် ကောင်းမွန်ပြီး  ပါးလွှာသော ရွှေကိုယ်ထည်လို  ကြည်လင်နေပြီး အနည်းငယ် မာကျောမှုကိုပင် ပြသထားကာ အနည်းငယ် အေးမြမှုနှင့် သိမ်မွေ့မှုကိုလဲ ထင်ရှားစေသည်။

“ဒါက ယောင်းလူကြီးမင်း ကို မျိုးဆက်သစ် ကျန်းကျယ်က  ကျေးဇူးတင်ကြောင်း ဖော်ပြခြင်း ဖြစ်ပါတယ်။ဒီကျန်းကို တရားရုံးမှာ ချီးမြောက်ပေးတဲ့အပြင် ဆွေမျိုးသားချင်းလိုသဘောထားပြီး  ထိမ်းမြားဖို့ကတိပြုပေးတာကြောင့်  ဒီတူမောင်က  ဂုဏ်ယူမိပါတယ်၊  အကြင်နာတရားတွေကို ရင်ထဲမှာ တွေးမိပြီး မမေ့နိုင်ပါဘူး။ ဒါပေမယ့် အခုလက်ရှိ အခြေအနေတွေပြောင်းသွားပါပြီ၊ ဒီကျန်းက မဆင်မခြင်စိတ်ရှိတဲ့  ဖြောင့်မတ်တဲ့ အရာရှိတစ်ယောက်ပါ။ အရှင်မင်းမြတ်ကို  သစ္စာမဲ့ သစ္စာဖောက်ကို သိလိုက်ရတော့  မရည်ရွယ်ဘဲ လူတစ်ချို့ကို စော်ကားမိလိုက်ပါတယ် ၊ ဒါ့ကြောင့် အနာဂတ်လမ်းအတွက် တိုးတက်မှုက ခက်ခဲနေပါပြီ…”

စကားလုံးအနည်းငယ်ဖြင့် ကျန်းကျယ်သည် သူ၏ကိုယ်ပိုင်လက္ခဏာနှင့် စာလုံး၏အဓိပ္ပာယ်ကို ဖော်ပြပြီးသားဖြစ်သည်။

စာလုံးသေးသေးလေးတစ်မျက်နှာပဲရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိသာပေမယ့် ဒီရိုးရှင်းတဲ့စာကြောင်းတွေကနေတစ်ဆင့် “ကျန်းကျယ်” ဆိုတဲ့လူရဲ့ အေးဆေးတည်ငြိမ်စွာ  ဖြင့် မီးခွက်အောက်မှာ ရေးနေတဲ့လူရဲ့ အေးချမ်းတဲ့ ပုံစံကို တစ်ချက်ထဲနဲ့ မြင်ယောင်ကြည့်နိုင်လေသည်။

ဘယ်တုန်းက မြှောက်ပင့်ပေးလို့လဲ။

သူသည် ငြိမ်ငြိမ်သက်သက်ပင် တည်ငြိမ်စွာဖြင့် ယောင်းရှီး၏ ဖခင်အား သူ၏ အခြေအနေကို ပြောပြခဲ့သည်။ ယောင်းမိသားစုကို အရှက်မခွဲခဲ့သလို ယောင်း မိသားစု၏ နောက်ခံဂုဏ်ပုဒ်ကိုလည်း မက်မောခြင်းမရှိ  ထိမ်းမြားခြင်းကို ရုပ်သိမ်းရန် အစပြုခဲ့သည်။

ဤအခိုက်တွင်၊ ယောင်းရှီး ၏ နဂိုက ဖျော့တော့သော မျက်နှာသည် ရုတ်တရက် နီမြန်းလာပြီး သူမ ရှက်လည်းရှက်သွားသလို ဖြူဖပ်ဖြူရော် ဖြစ်သွားရကာ နောက်ဆုံးတွင် သူမ၏ မျက်တောင်မွေးများက မျက်ရည်များ ပြည့်လာသည်။

အရင်က မသိခဲ့လို့ပင်။

သို့သော် ယခု သူမအဖေထံ ကျန်းကျယ် ရေးသော ဤစာကိုဖတ်ပြီးနောက်၊ သူသည် မည်သို့သောလူဖြစ်သည်၊ လူကောင်းတစ်ယောက်ဖြစ်သည်ကို သူမ သိလိုက်ရသည်။

တကယ်တော့ သူမဘက်ကသာ သူ့ကို အရင်က ဘောင်ခတ်ပြီး ထိမ်းမြားခြငမးကို ဖျက်သိမ်းပစ်ဖို့ တွန်းအားပေးချင်ခဲ့တာပင်…

အပြစ်ရှိခြင်းအပြင် ပြောမပြနိုင်သော နောင်တရမှု ခြေရာများပါ ပေါက်ဖွားလာသည်…

ယောင်းရှီးသည် သူမ ဘယ်လို ခံစားနေရလဲဆိုတာကို ရှင်းမပြနိုင်ခဲ့ပါ။

မျက်ရည်က ထိန်းမနိုင်သိမ်းမရ ကျဆင်းသွလာခဲ့ကာ စာရွက်ကို ချလိုက်ပြီး မျက်နှာကို လက်နှစ်ဖက်ထဲတွင် မြှုပ်ထားကာ စာအိတ်ပေါ်မှာလဲ မျက်ရည်များ ကျဆင်းနေသည်။

လူတိုင်းက သူမကြောင့်  ထိတ်လန့်သွားကြသည်။

ရှောင်းရှူ နဲ့ ချန်ရှူယိ နှစ်ယောက်လုံး သူမဆီ လှမ်းလာပြီး

“ ယောင်းလူကြီးမင်းဆီက စာမဟုတ်လား? စာထဲမှာ ဘာပြောထားလို့လဲ။”

ယောင်းရှီး ငိုသာငိုနေကာ  အဖြေထွက်မလာ။

ကျန်းရွှယ်နင် သည် ယောင်းရှီး၏ လက်မောင်းဖြင့် ဖုံးအုပ်ထားသော စာမျက်နှာ‌ပေါ်က စာလုံးများကို လှမ်းကြည့်လိုက်သည်။ ပါးလွှာပြီး တောင့်တင်းသော စုတ်ချက်များကို မြင်သောအခါ သူမ တိတ်တဆိတ် ရယ်မောလိုက်သည်။

သူ့လက်ရေးက အစောပိုင်းကတည်းက ဒီလိုပဲကိုး ..။

နောက်မှ  စာရေးသားနည်း ပြောင်းလဲထားတာလို့ သူမထင်ခဲ့တာပင်

ကျန်းကျယ် ရာ …

အမှောင်ထဲမှာပဲ အနိုင်ကျင့်မခံဘဲ ၊
မြို့တစ်မြို့ရဲ့ ခံစစ်လို ခုခံကာကွယ်သည်

(စာပေအသုံးအနှုန်းတစ်ခုပါပဲ ?

သူမရဲ့ အတိတ်ဘဝမှာ ဒီလိုလူကောင်းတစ်ယောက်နဲ့တွေ့တာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ

ယန့်လင်းသည် သူမအပေါ်  ကြင်နာပေးစဉ်အခါက  သူမသည် ငယ်ရွယ်လွန်းပြီး ခေါင်းမာကာ သူ့ကို မည်သို့ မြတ်နိုးရမည်ကို လုံးဝ မသိခဲ့၊ နောက်ပိုင်းတွင်  သူမ စတင် နားလည်လာသောအခါတွင် မည်သူကမျှ သူမအပေါ်  အမှန်တကယ် စေတနာထားကာ ကောင်းပေးရန် ဆန္ဒမရှိကြပေ။

ခြွင်းချက် အနေနဲ့ တစ်ယောက်တော့ ရှိသည်။

ကျန်းရွှယ်နင် သည် မျက်လုံးများကို ငုံ့ကာ စားပွဲခုံတွင် ထိုင်ငိုနေသော ယောင်းရှီးကို ကြည့်ပြီး ရုတ်တရက် စိတ်ထဲတွင် တွေးမိလိုက်သည် ၊ ကျန်းကျယ်သည်  သူ့ကြောင့် အခြားသူများ မပါ၀င်  မပတ်သက်လိုသောကြောင့် ထိမ်းမြားဖို့ စေ့စပ်ထားတာကို ဖျက်သိမ်းရန် အစပြုခဲ့သည်။



ဒါဆို ကျန်းကျယ် က ထိမ်းမြားဖို့ စေ့စပ်ထားတာ မဟုတ်တော့ဘူးလား။


Translated By Esther May
လိုအပ်တာရှိရင် ထောက်ပြပေးပါနော်



Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Où les histoires vivent. Découvrez maintenant