အပိုင်း - ၈ ခေါင်ရမ်းပန်းပွင့်

1.5K 187 21
                                    


  Unicode

ခွန်းနင် နန်းတော်ရာပုံပြင်

အပိုင်း - ၈  ခေါင်ရမ်းပန်းပွင့်

ဤဘဝတွင် ကျန်းရွှယ်နင်သည် နဂိုကတည်းက  ကျိုးယင်းကျိနှင့် ထပ်မံအဆက်အသွယ်ပြုလုပ်ရန် မရည်ရွယ်ထားခဲ့ပေ။

သို့သော် ယခု သူမသည်  မမျှော်လင့်ဘဲ ရှဲ့ဝေကို ရုတ်တရက်  ၀င်တိုးမိခဲ့သည်...

သူမကိုယ်တိုင်ကို‌တော့ သူမဘာသာ သူမကာကွယ်မှရမည်။

ကျိုးယင်းကျိသည် မရိုးဖြောင့်သော ဇာတ်ကောင်တစ်ခုဖြစ်သော်လည်း ထိုသို့သော ဗီလိန်ဆန်‌ဆန် ဇာတ်ကောင်များနှင့် ပူးပေါင်းဆက်ဆံခြင်းရဲ့အားသာချက်မှာ အကျိုးအမြတ်ရှိသရွေ့ သူမတို့သည် တူညီသောလမ်းကို လျှောက်နိုင်ပြီး အသီးသီး လိုချင်သောအရာကို ရယူနိုင်ကြ‌လေသည်။

သူမ "လူငယ်အတွက် ချုံလင် " ဆိုတဲ့ စာအုပ်တစ်အုပ်ကို အသုံးပြု၍  သူမ ခြံ၀န်း အတွင်းရှိ အစေခံများကို အာဏာပြရန်   ကျန်းပေါ်ရုန်ကို  လာရှာခဲ့ခြင်းက  ရှဲ့ဝေ ရဲ့ မျက်လုံးကို ဖမ်းစားသွားမိမှာကို ကျန်းရွှယ်နင်က ကြောက်ရွံ့နေမိသည်။ကျန်းရွှယ်နင်  အကြံအစည် ပေါင်းများစွာနှင့် တွက်ချက်တတ်‌ပေမယ့်လဲ "ဉာဏ်ထက်တယ် " ဟူသော စကားလုံးများနှင့် လုံးဝမသက်ဆိုင်ပါ။

အရင်အတိတ်ဘဝတွင် သူမသည် ရိုးရှင်းတဲ့  စိတ်သဘောထား သာ ရှိခဲ့တာကြောင့် နန်းတွင်းတရားရုံး သို့မဟုတ် မြို့တော်က အရေးကိစ္စများကို ဘာတစ်ခုမှ မသိခဲ့‌ချေ။

အသက်ဆယ့်ငါးနှစ်အောက် အရွယ်မှာ  သူမ မမျှော်လင့်ထားဘဲ ကြုံခဲ့ရတဲ့ ကံကြမ္မာခိုင်းစေရာတွင်သာ အပြန်ပြန် အလှန်လှန် လျှောက်လှမ်းနေခဲ့ရသည်။ မြို့တော်တွင် သူမကို စောင့်မျှော်နေသော အဝေးရောက် ဖခင်နှင့် မိခင်က  မည်သို့မည်ပုံ ဖြစ်မည်ကို သူမ မသိခဲ့၊ဒါ့အပြင်  မြို့တော် အပြန် ခရီးအတောအတွင်းမှာလဲ  ရှဲ့ဝေနှင့်အတူ တောတွင်း၌ ပိတ်မိနေခဲ့ရသည်။ထိုအချိန် ကျန်းရွှယ်နင်၏ နှလုံးသားက ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသောကြောင့် ဖျားနာသူ၏ စကားနောက်ကွယ်က  လေးနက်တဲ့ အဓိပ္ပါယ်ကို သူမ မည်သို့ ခန့်မှန်းနိုင်ခဲ့မည်နည်း။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now