အပိုင်း- ၁၄ ရှန်းကျိရိ

1.1K 163 23
                                    

Unicode

ခွန်းနင် နန်းတော်ရာပုံပြင်

အပိုင်း- ၁၄ ရှန်းကျိရိ

ကျန်းရွှယ်နင်
ဧည့်ခန်းမသို့ ပြန်ရောက်သောအခါ သူမသည် လမ်းအလယ်တွင် ကိစ္စရပ်ကို ဖြေရှင်းရန် အမြန်ပြေးလာသော ယိုအိမ်တော် ညီအစ်မများနှင့် တည့်တည့်တိုးတော့သည်။အိမ်တော်ပြင်ပက ဧည့်သည်ဖြစ်တဲ့ ကျန်းရွှယ်နင်သည် သူတို့အိမ်၏အရေးကိစ္စများကို အမှန်တကယ်ဝင်ရောက်စွက်ဖက်ကြောင်း သူတို့ ကြားသိလိုက်သည်မှာ ထင်ရှားပါသည်။ယခင် ဧည့်ခန်းမမှာကတည်းက "အာဃာတဟောင်းများ" ရှိနေပြီး နောက်တစ်ခုမှာ လက်ရှိ "အာဃာတအသစ်များ" ရှိနေပြန်ကာ သူမကို စိုက်ကြည့်နေသည် ။

ယိုရွှမ်၏ မျက်နှာသည်ပင် မကောင်းသောကြောင့် ကျန်းရွှယ်နင် အား ဂါ၀ရတွေ ဘာတွေ မထားနေတော့ဘဲ ပေါ့ပေါ့ပါးပါးသာ နှုတ်ဆက်လာသည်။

ကျန်းရွှယ်နင်ကလည်း ဒါကို ကျေကျေနပ်နပ်ကြီး လက်ခံပြီး သာမာန်သာ တုံ့ပြန်လိုက်သည်။

ချင်းယွမ်အိမ်တော်၏ တိညီအစ်မနှစ်ယောက်ဖြစ်သော သူတို့သည် ဖြေရခက်တဲ့ ကြိုးထုံးတစ်ခုဟု ယူဆရမည်ဖြစ်သည်။

ဒါပေမယ့် သူမ ဂရုမစိုက်ပေ။

လောကမှာ ဘယ်သူက ပုရွက်ဆိတ်မုန်းတီးမှာကို ကြောက်နေမှာတဲ့လဲ။

ဧည့်ခန်းမကို ပြန်ရောက်ပြီးနောက် ယိုဖန်ယင်း "ရေထဲသို့ ပြုတ်ကျခြင်း" ဟူသော သတင်းသည် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားခဲ့သလိုပင်၊ တိကျသေချာသော အဖြစ်မှန်ကို မသိသောကြောင့် ကောလဟာလများသည် အဖြစ်မှန်ထက် ပို၍ ပြင်း‌ထန်နေခဲ့သည်။

ဒီ ကိုယ်လုပ်တော် သမီးဖြစ်သူက အရမ်းကို ဆိုးသွမ်းလွန်းတာကြောင့် အစေခံကပင် သည်းမခံနိုင်ဖြစ်ရကာ ရေထဲကို တွန်းချခဲ့တယ်လို့ တချို့ကပြောကြပြီး တစ်ချို့က အစေခံတွေရဲ့ အနိုင်ကျင့်တာကို ခံရမှာကြောက်လို့ ရေထဲ ခုန်ချသွားတယ်လို့ ပြောကြလေသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ရေထဲပြုတ်ကျတဲ့ ဒီကိစ္စက သိပ်တော့မရိုးရှင်း...

ယန့်လင်းသည် စောစောက ကျန်းရွှယ်နင်နှင့် စကားလာပြောထားသောကြောင့် ဤဧည့်ခန်းမမှ ဂုဏ်သရေရှိ မိန်းမပျိုလေးများစွာသည် စည်းမျဥ်းစည်းကမ်းများကို အမြဲလိုက်နာခဲ့ကြသော်လည်း ယခုလို ပြောင်ပြောင်တင်းတင်း "သီးသန့်တွေ့ဆုံမှု"ဆိုတဲ့ အကြောင်းအရာမျိုးကို ပထမဆုံးအကြိမ်တွေ့လိုက်ရတဲ့အခါ ကျန်းရွှယ်နင် ကျောခိုင်းလိုက်ပြီးနောက်တွင် သူမကို များစွာဝေဖန်ခဲ့ကြလေသည်။ အားလုံးက ယန့်လင်းအကြောင်းကို မူလက တွေးရင်း စိတ်ကူးယဉ်‌နေခဲ့ကြသည် ၊ သို့ပေမယ် ဒုတိယသခင်မလေးကျန်း ရဲ့ ​​လမ်းခုလတ် ဖြတ်လုခြင်းကို ခံရမယ်လို့ ဘယ်သူက ထင်မှာလဲ၊ ယန့်ရှစ်ဇီက အရွယ်ရောက်အခမ်းအနားမတိုင်ခင်မှာတောင် ဒီလိုမျိုး ထုတ်ပြောရဲတဲ့ သတ္တိရှိ‌နေခဲ့တာဆိုရင် သူ့ရဲ့ အိမ်ထောင်ရေးဟာ လျှို့ဝှက်ဆွေးနွေးပြီးသားလို့ ယူဆကြမှာပင် ၊ တကယ့်ကို မမျှော်လင့်ထားတဲ့ ကိစ္စရပ်ပင်။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora