အပိုင်း -၆၅ ထောင်ချောက်ဆင်ခံရ

399 40 3
                                    

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း -၆၅  ထောင်ချောက်ဆင်ခံရ

ကျန်းရွှယ်နင် က မမိုက်မဲချေ။ တစ်ခြားလူတွေလိုမျိူး 
ရှဲ့ဝေ နဲ့ နောက်တစ်ခေါက် မျက်နှာချင်းဆိုင်ဖို့  ရင်ဆိုင်ဖို့ မဝံ့ရဲချေ။  သူမအပေါ်ထားတဲ့ ဒီလူရဲ့ သဘောထားက သူမစိတ်ကူးထားတာနဲ့ မတူဘူးလို့ ခံစားမိပေမယ့်  အဲဒါထက် ပို တွန်းလှန်ဖို့တော့ မဝံ့ရဲခဲ့ပါဘူး၊ နောက်ဆုံးတော့ ရှဲ့ဝေရဲ့ စိတ်နေစိတ်ထားက ဘယ်လိုနေမှန်း သူမ မသိခဲ့ချေ။ 

ဒါနဲ့ပဲ သူမ ဘာကိုမှ ထပ်မပြောဝံ့တော့ဘဲ  ရှဲ့ဝေစကားကိုသာ ကောင်းမွန်စွာ  နာခံစွာ လိုက်နာခဲ့တယ်။

ရှဲ့ဝေ သည် သူမကို အမှန်တကယ်ပဲ  ဂရုမစိုက်ခဲ့၊ သူမရှေ့မှ  အဆောတလျင် လမ်းလျှောက်ပြီး ဖုန်းချန်နန်းဆောင် သို့ ဦးဆောင်သွားခဲ့သည်။

လွန်ခဲ့သော သုံးရက်က ကျန်းရွှယ်နင်သည် ချင်တီးခတ်သည်ကို လူတိုင်းကြည့်ရှုခဲ့ကြပြီး ရှဲ့ဝေအား စိတ်အနှောင့်အယှက်ဖြစ်စေကာ  သီးသန့် သင်ယူရန် ထိန်းသိမ်းခံခဲ့ရသည်။ယခုအခါတွင် သူမသည် ရှဲ့ဝေနောက်မှ မျက်ခုံးနှိမ့်ကာ ရိုကျိုးသောအကြည့်ဖြင့် ပြန်လာသည်ကိုမြင်ရသဖြင့်  တစ်ချို့သော လူများအတွက်တော့ နွေရာသီ၏နေ့ရက်များတွင် ရေခဲစားလိုက်ရသလိုပင်။တစ်ကိုယ်လုံး သိသိသာသာ သက်တောင့်သက်သာ ခံစားနေရသည်..

မာနကြီးပြီး ကြီးစိုးနိုင်ချိန်မှာ သူမ ဘယ်လောက် ၀င့်ကြွားခဲ့သလဲ။

ယန့်လင်းက သူမကို ကာကွယ်ပေးနေပြီး တော်၀င်မင်းသမီးကလဲ သူမကို အလေးပေးတာမှန်ပေမယ့် ရှဲ့ရှန်းရှန် ကတော့ သည်းခံ  နေမည် မဟုတ်။ 

လော့ယန်မင်းသမီး ရှန်းကျိရိက ကျန်းရွှယ်နင်ကိုမြင်လိုက်တဲ့အခါ အပြစ်နည်းနည်းလေးရှိသလို  မခံစားရ မနေနိုင်တော့။ 
ရှဲ့ရှန်းရှန်က နင်နင့်ကို ဘယ်လောက်ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမယ်ဆိုတာ  သူမ မသိရ၊ နင်နင်ဘဝက ဘာလို့  ဒီလောက်တောင် သနားစရာကောင်းနေမှန်း သူမ မသိတော့ချေ။ 

ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး သူမ လုပ်နိုင်တာလဲ ဘာမှမရှိဘူး။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now