အပိုင်း - ၆၉ သဘောကျတယ်၊ အရမ်း အရမ်းသဘောကျတယ်

808 63 5
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 


အပိုင်း - ၆၉ အရမ်းသဘောကျတယ်၊ အရမ်း အရမ်းသဘောကျတယ် 

စေ့စပ်ပွဲကို ဖျက်သိမ်းချင်သည်။

ယောင်းရှီးကို မနှစ်သက်ဘူးလား။

ဤစကားနှစ်ခွန်းသည် ကျန်းရွှယ်နင်၏ နက်နဲသော နှလုံးသားထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး သူမ၏ နှလုံးသားကို ကျောက်တုံးနှစ်ခုကဲ့သို့ ထိမှန်ကာ သူမ၏ ငြိမ်သက်မှုနှင့် တည်ငြိမ်မှုကို ချိုးဖျက်သွားပြီး  အဆုံးမဲ့ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို ယူဆောင်ပေးလာခဲ့သည်။

စိတ်ပူစရာမလိုတော့ဘူး။

ကျန်းကျယ် သည် ယောင်းရှီး ကို မနှစ်သက်သောကြောင့်သာ  ထိမ်းမြားဖို့ စေ့စပ်ကြောင်းလမ်းထားခြင်းကို ဖျက်သိမ်းလိုတာ ဖြစ်ပြီး သူမသည် ဤကိစ္စရပ်တွင် လိပ်ပြာလုံရကာ  လျှို့ဝှက်နည်းလမ်းများကို မသုံးရတော့ဘဲ  အရင်ဘဝတုန်းက သူမတို့နှစ်ဦးရဲ့ ကတိကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ သူမဟာ လူဆိုးတစ်ယောက် မဟုတ်တော့ဘူး..

ကျန်းရွှယ်နင်၏ နှလုံးခုန်သံသည် အလွန်လျှင်မြန်စွာ ခုန်ပေါက်နေသည်။

ကျန်းကျယ် က ဒီစကားနှစ်ခွန်းကိုပြောပြီးနောက် 

“ကျေးဇူးတင်ပါတယ်” နဲ့ “နှုတ်ဆက်ပါတယ်” လို့ပြန်ပြောလိုက်ပြီး နန်းတော်လမ်းရှည်ကြီးတလျှောက် လှည့်ထွက်သွားတော့သည် ။

ကောင်းကင်မှာ တောက်ပနေတဲ့ လမင်း အလင်းရောင် မှိန်မှိန်သာ ထွန်းလင်းနေသည် 

ဤအချက်ကြောင့်  ကြယ်များက ပို၍  တလက်လက်  တောက်ပနေခဲ့သည်။

ညအချိန်  နန်းတော်တွင်း နေရာတိုင်းတွင် အမှောင်ထုဖုံးလွှမ်းနေသည်မှာ ရှင်းရှင်းလင်းလင်း သိသာထင်ရှားသော်လည်း ကျန်းရွှယ်နင် သည် သူမအပေါ် ကောင်းကင်ယံက ကြယ်များက  တောက်ပစွာ ဖုံးအုပ်ထားသလို  ခံစားလိုက်ရပြီး သူမသည် ကြမ်းတမ်းသော သူ၏အိမ်အပြန်လမ်းကို အလင်းရောင်ပေးသည့်  ၎င်းတို့ထဲမှ ကြယ် တစ်ပွင့်ဖြစ်လိုခဲ့သည်။

အရှေ့မှာ ချန်ယင်းက ကျန်းကျယ်ကို စောင့်နေသည်။

မိန်းမစိုးလေးသည် မီးပုံးကိုကိုင်ကာ ခေါင်းစိုက်ကာ ငိုက်နေရှာသည်။

မကြာမှီ ကျန်းကျယ် ၏ ရုပ်သွင်သည်  ထိုနေရာသို့ တဖြည်းဖြည်း နီးကပ်လာသည်။

တကယ်တော့ ကျန်းရွှယ်နင် က သူမအဲဒီမှာ အကြာကြီးရပ်နေမိပြီး တစ်စုံတစ်ဦးကသာ စောင့်ကြည့်နေခဲ့မယ်ဆိုရင် သိသာလွန်းတယ်လို့ ခံစားမိတာကြောင့် လှည့်ပြီး ပြန်ထွက်လာခဲ့သည်။ 

သို့ပေမယ့် သူမ နောက်ပြန်လှည့်လိုက်သည့်အခိုက်တွင် သူ့နှုတ်ခမ်းထက်မှ အပြုံးတစ်ခု ပြည့်လျှံလို့နေသည်။

ယနေ့ညတွင် သူမသည် လွန်ခဲ့သည့်  အချိန်အနည်းငယ်အတွင်းမှာ  ရှင်သန်ခြင်းနှင့်သေခြင်းဆိုင်ရာ အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရသော်လည်း ယခုလို ရှားပါးသော တိတ်ဆိတ်ငြိမ်သက်မှုတွင် သူမသည် လောလောဆယ်တွင် အလွန်အမင်း မတွေးချင်တော့ပေ။  ခဏလေးပါ ၊ ခဏလေးပဲ ဖြစ်ဖြစ် ဒီပျော်ရွှင်မှုလေးထဲမှာ သူမ နှစ်မြုပ်ချင်နေခဲ့မိရုံသာ ။

သူမရဲ့ ခြေလှမ်းတွေတောင် သွက်လက် နေပြီး လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ ။

ရှေ့က လမ်းဆုံလမ်းခွထောင့်ကို ရောက်လိုက်တဲ့အခါမှာတော့ သူမရဲ့ ပျော်ရွှင်မှုကို ထိန်းမထားနိုင်ဘဲ ရှေ့ကို ခုန်ပေါက်သွားလိုက်မိသည်။ 

“အာ့ !”

ရုတ်တရက် ထောင့်တစ်ဖက်မှ ထွက်လာသော လူက  ထိတ်လန့်သွားသည်။

မိန်းမစိုးလေးသည် သူ့လက်ထဲတွင် မီးပုံးကို လှုပ်ယမ်းလိုက်ပြီး

“အတင့်ရဲလိုက်တာ ၊ရှန်းရှန်ဆီ ပြေး၀င်ပြီး တိုက်ဖို့ ဘယ်လိုလောက်တောင် သတ္တိရှိနေတာလဲ? !”

“…”

ကျန်းရွှယ်နင် က ခေါင်းကို မော့ပြီး ကြည့်လိုက်တော့ ရှဲ့ဝေ ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရသေည်။ ကျန်းရွှယ်နင် ထောင့်ကနေ တစ်စုံတစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့  ရှဲ့ဝေလဲ   မမျှော်လင့်ထားသည့်ပုံပင် ။ သူရဲ့ မျက်လုံးထဲမှာ အံ့အားသင့်သွားတဲ့  အခိုက်အတန့်တွေ ရှိနေပေမယ့်  ကျန်းရွှယ်နင် ဖြစ်မှန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာတော့ သူ၏ မျက်ခုံးများသည် ပြင်းထန်စွာ ရှုံ့တွသွားသည်။

ကျန်းရွှယ်နင် ရုတ်တရက်  တစ်ကိုယ်လုံး တောင့်တင်းလာသည်။

ရှဲ့ဝေ သည် ခေါင်းကို လှည့်ကာ သူမကို ဖြတ်ကာ သူမလာသောလမ်းဆီသို့ ကြည့်လိုက်သည်။ 

ချန်ယင်း နှင့် ကျန်းကျယ် သည် လမ်းဆုံးသို့ ရောက်သွားပြီဖြစ်သည်။

ခဏကြာတော့ ပုံရိပ်ပင် ပျောက်ကွယ်သွားလေသည်။

သို့သော် ရှဲ့ဝေ သည် အချက်အလက်ကို အကျဉ်းချုံးစဉ်းစားပြီး ယခုအချိန်တွင် နန်းတော်အတွင်းမှ ထွက်ခွာသွားသော သူများသည် ပြစ်ဒဏ်စီရင်ရေးဌာနမှ ချန်ယင်း နှင့် ကျန်းကျယ် မှလွဲ၍ အခြားမည်သူမှ မဖြစ်နိုင် ဟူသည်ကို သဘောပေါက်သွားပါသည်။ 

ထောင်ချောက်ဆင်ခံရခြင်းမှ လွတ်မြောက်လာသော 
ကျန်းရွှယ်နင် သည် အကြောင်းပြချက်မရှိဘဲ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူမသည်  အစောနက လူရှေ့သို့ ခုန်တက်သူမဟုတ်သကဲ့သို့ သူမသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။ သူမသည် လေးလေးစားစား ဦးညွှတ်ကာရှဲ့ဝေကို 

“မင်္ဂလာပါ ရှဲ့ရှန်းရှန် “

ရှဲ့ဝေ က သူမကို တိတ်တဆိတ်စိုက၏ကြည့်ရင်း

“အရမ်းကို ပျော်နေသလား? “

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now