အပိုင်း - ၂၇ ကျန်းကျယ်

1.1K 99 7
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း - ၂၇ ကျန်းကျယ် 


“နန်းတော်ထဲဝင်ပြီး စည်းမျဥ်းတွေကို နှစ်ရက်လောက် သင်ယူလိုက်ရတော့ ကြည့်ရတာ ပင်ပန်းနေသလိုပဲ၊ ရန်ဇီနန်းဆောင်မှာပဲ တနေကုန် နေနေရတော့  နန်းတော်ထဲ လှည့်ပတ်မကြည့်ရသေးဘူးထင်တယ်”

ရှန်းကျိရိ မျက်နှာက  ပြုံးရွှင်နေကာ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိကာ  ခေါင်းကို  အခြားသူတွေဘက် လှည့်လိုက်ရင်း 

“မင်းတို့ရောပဲ ? ” 

လို့ မေးလာသည်။ 

မိန်းမပျိုလေး အားလုံးကို နန်းတော်ထဲသို့ ရွေးချယ်ထားသော်လည်း မင်းသမီး လော့ယန်နှင့် ယခင်က အဆက်အသွယ်မရှိကြသောကြောင့် သူမ၏မေးခွန်းကို ကြားသောအခါ  အားလုံး အံ့ဩသွားကြသည်။

ရှောင်းရှူ ကသာ သူမနှင့် ရင်းနှီးသူဖြစ်တာကြောင့် သူမသည် အပြုံးဖြင့် ပြန်ဖြေသည် 

“သူတို့ထဲက တစ်ယောက်မှ မသွားဖူးဘူး”

“ကျွန်မတို့” အစား “သူတို့” ကို သုံးလာသည်။ 

ပြောတဲ့ စကားလုံးအသေးစိတ်အချက်လေးတွေက အစ  ရှောင်းရှူဟာ တခြားသူတွေနဲ့မတူဘဲ ဒီနန်းတော်နဲ့ အကျွမ်းတဝင်ရှိနေပြီး တခြားသူတွေနဲ့ မတူညီပေ။ 

ရှန်းကျိရိ က ရုတ်တရက် လက်ခုပ်တီးပြီး ပြောလေသည် 


“အားလုံး ဒီနေ့ ပြီးရင် မင်းတို့ အားလုံး ကျင့်ဝတ်တွေ တတ်မြောက်လုနီးပါး ဖြစ်နေပြီ။ မနက်ဖြန်  ရှဲ့လူကြီးမင်း က သင်ယူထားတဲ့ အသိပညာကို စမ်းသပ်မှာပါ ။ လူဘယ်နှစ်ယောက် ကျော်ဖြတ်နိုင်မလဲတော့ ဒီမင်းသမီး မသိဘူး၊ နန်းတော်ထဲ ရောက်လာပြီဆိုမှတော့ အချည်းနှီး မဖြစ်စေနဲ့ ။ ဒီနေ့  အားလုံးကို တော်ဝင်ဥယျာဉ်ကို ခေါ်သွားပေးမယ်”


လို့ ပြောလာတော့  အားလုံးရဲ့ မျက်လုံးတွေက ရုတ်တရက် အလွန်အံ့သြသွားကြသည်။

ရှန်းကျိရိ က ကျန်းရွှယ်နင် ကို လက်တစ်ဖက်နဲ့ ဆွဲကိုင်လိုက်ပြီး ရှောင်းရှူက စုရှန်းယိကို  လက်တစ်ဖက်နဲ့ ဆွဲ ခေါ်လိုက်ကာ စုရှန်းယိကို တိုက်ရိုက်ပဲပြောလိုက်သည်။ 

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Место, где живут истории. Откройте их для себя