အပိုင်း - ၅၇ နှလုံးသားထဲက ချစ်ခင်နှစ်သက်ရသူ

1.2K 73 4
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း -၅၇  နှလုံးသားထဲက ချစ်ခင်နှစ်သက်ရသူ


ကျန့်ပေါင်သည် သူ့မိသားစုကမပြေလယ်တဲ့အတွက် သူ့မိဘတွေက သူ့ကို ငယ်ငယ်တုန်းက မိသားစုကို ထောက်ပံ့ဖို့အတွက် နန်းတော်မှာ မိန်းမစိုးအဖြစ်  စေလွှတ်ခြင်းခံလိုက်ရသူပင်။ 

နန်းတော်ထဲမှာ သူလို လူမျိုးတွေအများကြီးရှိသည်။ 

တခါတရံတွင် သူသည် သူ့အစ်ကိုကြီး သို့မဟုတ် အခြားမည်သူ့ကိုမှ မတွေ့ရခြင်း အကြောင်းရင်းကို တွေးတောမိသည်။

ဒါပေမယ့် သူဒီလိုတွေးလိုက်တိုင်း သူ့ရင်ထဲက နှလုံးသားထဲမှာ တခြားအသံတစ်ခုက အမြဲလိုလို ထွက်ပေါ်လာသည်။ - စားဝတ်နေရေး ဖိအားကြောင့်မဟုတ်ရင် အသွေးအသားချစ်ခင်တဲ့ မိဘတွေက ကိုယ့်သားကို မိန်းမစိုးဖြစ်အောင် နန်းတော်ထဲ ဘယ်လိုပို့ရက်နိုင်မှာတဲ့လဲ? 

နန်းတော်သို့ မဝင်ပါကလဲ  ငတ်မွတ်ခြင်း သို့မဟုတ် ဖျားနာခြင်း ကြောင့် သေဆုံးသွားနိုင်သည်။

အဲဒီလို တွေးမိတဲ့အခါမှာ  ပေါက်ဖွားကြီးထွားလာတဲ့ နာကြည်းမှုတွေပ  တဖြည်းဖြည်း လျော့ပါးသွားသည်။ 

ထို့ကြောင့် ကျန့်ပေါင်သည် နန်းတော်၌  ရှားပါးသော အေးချမ်းတဲ့ လူတစ်ယောက် ဖြစ်လာခဲ့သည်။

ဤနန်း‌တော်လိုနေရာများတွင် ပဋိပက္ခများနှင့် လှည့်စားမှုများ များကပြားလွန်းပြီး အများစုမှာ အလျှော့မပေးလိုကြဘဲ ရှေ့သို့တက်လှမ်းချင်ကြကာ အကောင်းဆုံးဖြစ်လိုသော ဆန္ဒ နှလုံးသားများပေါက်ဖွားလာကြသည်။


ဒါပေမယ့် ကျန့်ပေါင်က အဲဒီလို တစ်ခါမှ  မလုပ်ချင်ခဲ့။

သူသည်  နန်းတော်ထဲတွင် ခိုက်ရန်ဖြစ်ပွားခြင်း မပြု၊ စိတ်အေးလက်အေးဖြင့် သူ့ဘာသာသူသာ အေးအေးဆေးဆေး နေခဲ့သည်၊ မည်သည့် အကြံအစည်မျိုးတွင်မှ မပါဝင်ခဲ့။ အသက်ကြီးပြီး  နန်းတော်မှ  သူကို လွတ်လပ်မှု ပေးလာတဲ့အချိန်မှ သူသည် အိမ်ပြန်ကာ မိသားစုနှင့် တွေ့ရန် တွေးပြီး  စောင့်ဆိုင်းနေခဲ့သည်။ မိသားစုနဲ့ အတူ  တစ်ယောက်ကိုတစ်ယောက် ပြုံးရယ်ကာ ကြည့်ရင်း  ယာဂုအပူပေးကာ  လက်ဖက်ရည်သောက်ချင်သည်။

ဒါပေမယ့် မနေ့က…

ဧကရီ သဘောကျနှစ်သက်သော ကြေခွက်ကို ကွဲကြေအောင် လုပ်တဲ့သူက သူမဟုတ်ပေမယ့်လဲ  အမျိုးသမီး အရာရှိ အထိန်းတော်၏ အမိန့်ကို လိုက်နာပြီး  မြင့်မားသော ဗီရိုထဲမှ သေတ္တာကို  ထုတ်ကာ ဖွင့်လိုက်သောအခါ အတွင်း၌ ကွဲထား ပြီးသား ဖြစ် နေတ။

ဤအရာသည် ဧကရီ၏ မိခင်အိမ်မှ ယူဆောင်လာခြင်းဖြစ်ကာ  အိမ်ကို တွေးမိတဲ့အခါ မကြာခဏ ထုတ်သုံး လေ့ရှိသည်။ 

ဒါပေမယ့် သူ အဲဒါကို  ကြည့်ရုံပဲ ကြည့်ရသေးပေမယ့်  အပိုင်းပိုင်းကွဲနေလေသည်။ 

ဒါ့ကြောင့် ဧကရီက သူ့ကို ဒေါသတကြီး ပြစ်ဒဏ်ပေးတာဟာ သာမန်ပင် ။

ကျန့်ပေါင်သည် အပြစ်ခံယူလိုစိတ် ရှိခဲ့သည်။

ခွန်းနင်နန်းဆောင်တံခါးရှေ့မှာ ဒူးထောက်ထိုင်ပြီး နန်းတော်ထဲဝင်လာတဲ့ မိန်းမစိုးတွေနဲ့  အစေခံတွေအားလုံးက ထူးဆန်းတဲ့မျက်လုံးတွေနဲ့ ကြည့်နေချိန်မှာပဲ သူက တွေးတောင်မတွေးကြည့်မိ။ အကောင်းကြီး ရှ်နေတဲ့ ကြွေခွက်က ဘယ်လိုလုပ်  လွယ်လွယ်နဲ့ ကွဲသွားရတာလဲ။ သေတ္တာထဲမှာ ကွဲထားပြီးသားကို တမင် ထား ထားခဲ့တာလား? 

ရှေးယခင်က သူနှင့်အဆွေခင်ပွန်းကောင်းများ ဖြစ်ဖူးသော မိန်းမစိုးတို့သည် သူ့အတွက် စကားပြောဆိုပေးရန် မထွက်လာကြ။


နန်းတော်က လူတွေက  အအေးဒဏ်ကို ကျင့်သားရ‌နေပြီးသားဆိုရင်တောင် အအေးဒဏ်ကိုတော့ နည်းနည်းမှ အတူတူ ဝေမျှ 
မခံစားလိုဘူး မဟုတ်လား။

ကျန်းရွှယ်နင်သည် ထိုအချိန်တွင် ပေါ်လာသည်။

နူးညံ့သိမ်မွေ့သောအသံသည် ပျော့ညံ့ဟန်ဆောင်ထားကာ ၊ အနည်းငယ်ရှက်ရွံ့‌နေပြီး အနောက်ဆောင်က မောင်းမမိဿံများလို အသံက  ရည်ရွယ်ချက်ရှိရှိ  ပြောနေတာမှန်း  အနည်းငယ်နားထောင်ရုံနဲ့ သိရလေသည်။

ကျန့်ပေါင် သည် ထိုအချိန်က သူမကို ဂုဏ်သရေရှိ မိသားစုအချို့မှ “ ချစ်စရာကောင်းသော မိန်းမပျို‌လေး “  ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။

သို့သော် ခွန်းနင်နန်းဆောင်က  ပြင်းထန်သော ပြစ်ဒဏ် ပေးခံရခြင်းမှ ဤ “ချစ်စရာကောင်းသော မိန်းမပျိုလေး “ သည် ဤရိုးရှင်းသော စကားလုံးကို အသုံးပြုကာ ကယ်တင်နိုင်ခဲ့မည်ဟု  မည်သူက မျှော်လင့်မည်နည်း။

အမှန်တော့  ကယ်တင်ပေးခဲ့တဲ့သူက သဘာဝအတိုင်း  လော့ယန်မင်းသမီးပင် 

ဒါပေမယ့် နန်းတော်ထဲမှာ နှစ်နှစ်လောက်နေဖူးသူတိုင်းက သူ့ကို တကယ်တမ်း ကယ်ခဲ့တဲ့ ကျန်းရွှယ်နင်ပဲဆိုတာ သိနိုင်သည်။ 


လော့ယန်မင်းသမီး၏ ကြင်နာမှုကို စိတ်ထဲမှာ စွဲမြဲထားရမည်ဖြစ်သော်လည်း သခင်မလေးကျန်းသည် ပို၍ပင် ကျေးဇူးတင်ထိုက်သူဖြစ်သည်။

သူစိမ်းတစ်ယောက်ဆိုတာ  သိသာထင်ရှား ပြီး မသိချင်ယောင်ဆောင်ကာ ဖြတ်သန်းသွားလို့ရသည်။ သူ့သူငယ်ချင်း တွေတောင် ဒီအချိန်မှာ သူ့အတွက် အသနားခံဖို့ မဝံ့ရဲကြပေမယ့် သူ့ကို မတော်တဆတွေ့ပြီး ကယ်တင်ပေးခဲ့တဲ့ သူစိမ်းတစ်ယောက်ရှိခဲ့သည်။ 

ကျန့်ပေါင် သည် အမှောင်ထုအတွင်း  ဝေးကွာနေသော နေရာမှ  အလင်းတန်းတစ်ခု ဖြတ်သန်းလာသည်ဟု ခံစားလိုက်ရသည်။

နွေးထွေးမှု အရိပ်အမြွက် အနည်းငယ်မျှသာရှိသော်လည်း အေးသောဆောင်းရာသီတွင် လမ်းလျှောက်ခရီးသွားသူများသည် ဤနွေးထွေးမှု အရိပ်အမြွက် အနည်းငယ်မျှကို အားကိုးကာ လောကကြီး၏ကောင်းမြတ်ခြင်းနှင့် ကြင်နာ့ခြင်းကို ယုံကြည်ကာ နေသာသောနွေဦးသည် မကြာမီရောက်ရှိလာတော့မည် ဟု ယုံစားချင်ကြသည် ။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Hikayelerin yaşadığı yer. Şimdi keşfedin