အပိုင်း - ၅၀ အခွင့်အရေးကို အမိအရဆုပ်ကိုင်

616 73 1
                                    

Unicode

အပိုင်း - ၅၀  အခွင့်အရေးကို အမိအရဆုပ်ကိုင်

မယ်တော်ကြီးရှောင်း သည် ယခင်ကတည်းက  လူတိုင်းအပေါ် ဂရုမစိုက်တတ်သော သဘောထားရှိတာကြောင့် လူတိုင်းက ဆက်ဆံရာတွင် သူမအပေါ် အလွန် ထိတ်လန့်စွာ ဆက်ဆံခဲ့ကြသော်လည်း ယခုအချိန်တွင် သူမ၏မျက်နှာပေါ်ရှိ နှင်းခဲများလို အေးစက်မှုများအတူ ပေါ်နေတဲ့  ဒေါသစိတ်နှင့် ယှဉ်လျှင် အရင်က မျက်နှာထားမှာ ဖြူဖျော့နေ သေးသည်။

ရူယိကျောက်စိမ်းလက်ကိုင် လက်ဆောင်ရရှိပြီးနောက် မယ်တော်ကြီးရှောင်း ဒေါသထွက်လာမည်ကို မည်သူမျှ မမျှော်လင့်ထားပေ။

မင်းသမီး၏ စာသင်ဖော်များသည် ဘာဖြစ်နေသည်ကို မသိသော်လည်း ဘာမှပြန်မပြောနိုင်လောက်အောင် ထိတ်လန့်နေကြသည်။

  ရူယိကျောက်စိမ်းလက်ကိုင်ပေးရန် ရောက်လာသော မိန်းမစိုးလျူသည် လဲ ကျောရိုးထဲနေကို အေးစိမ့်နေတာကို  ခံစားလိုက်ရ လေသည်။  သူကိုယ်တိုင်လဲ  ဘာမှ မတွေးမိတော့ဘဲ ချက်ခြင်း ဒူးထောက်ကာ


“ မယ်တော်ကြီး ၊ စိတ်လျော့တော်မူပါ ၊  ကျေးဇူးပြုပြီး စိတ်လျော့ပါ!” 


လို့ လှေကားထစ်ကနေ မိန်းမစိုးလျူက ပြောနေမိသည်။ 
    

မယ်တော်ကြီးရှောင်းက မိန်းမစိုးလျူကို ကန်ထုတ်ကာ  သူမလက်ကို မြှောက်လိုက်ပြီး ပတ်ဝန်းကျင်က အစောင့်တွေကို ခေါ်ရင်း 


“လာကြစမ်း ၊ ဒီပုန်ကန်တဲ့ သစ္စာဖောက်ကို ဖယ်ရှားလိုက်စမ်း ။ အိုက်ကျား က သူ့ကို ညှဉ်းပန်းနှိပ်စက်မယ်  ပြစ်ဒဏ်စီရင်ရေးပို့လိုက်ကြ “


ဟု မိန့်လာတဲ့အခါ  မိန်းမစိုးလျူ ရဲ့ မျက်နှာဟာ ရုတ်တရက် ချင်ချင်းပဲ  ပြောင်းလဲသွားလေသည်။ 

   

    ရူယိကျောက်စိမ်းလက်ကိုင်ကို ပေးအပ်ဖို့ သူလာခဲ့ပေမယ့်   ရူယိကျောက်စိမ်းလက်ကိုင်နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်မှုကို သူ မသိခဲ့ပါဘူး။မယ်တော်ကြီးရှောင်း ရဲ့ အေးစက်စက်အော်သံကိုကြားတော့ သူအရမ်းထိတ်လန့်သွားပြီး သူ၏ ဝိညာဉ်ခုနစ်ပါးသည် သူ့ခန္ဓာကိုယ်မှ ထွက်သွားသလို  သူ၏ ဦးခေါင်းကို  မြေပြင်ကို တစ်ချိန်လုံး ထိမှန်သည်အထိ  ဦးတိုက်ကာ ငိုယိုတော့သည်။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now