အပိုင်း ၁၁ - တန်ပြန် စွမ်းရည်

1.2K 170 20
                                    


Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း  ၁၁ - တန်ပြန်  စွမ်းရည်

"ဘာ ထွက်ပြေးသွားတယ်"

ယိုမိသားစု စံအိမ် ဧည့်ခံမဏ္ဍပ်တွင် ဧည့်သည်များကို ဧည့်ခံနေသော ဒုတိယသခင်မလေး ယိုယွဲ့ ကို  အစေခံတစ်ယောက်က အလျင်စလိုဖြင့် ပြေးလာကာ စင်္ကြံ လျှောက်လမ်းဆီသို့  ခေါ်ဆောင်လာသည်။ ယိုဖန်ယင်း  ထင်းရုံမှ လွတ်မြောက်သွားကြောင်း သူမကြားသောအခါတွင်  ယိုယွဲ့၏ လှပသော မျက်နှာသည်  ချက်ချင်းပင် မည်းမှောင်သွားလေသည်။

“ကျွန်မ ရှင်တို့ အစေခံတွေကို  သေချာ စောင့်ကြပ်ခိုင်းထားတယ် မဟုတ်ဘူးလား။ ထွက်ပြေးသွားရအောင် သူတို့က ဘာလုပ်နေကြလို့လဲ!"

ယိုယွဲ့ ဒေါသထွက်နေတာကိုမြင်တော့ သတင်းလာပေးတဲ့ အစေခံက ခေါင်းဖော်ကာ စကားပင်မပြောရဲပေ။

ယိုယွဲ့  က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

"ဟွန့် ကြည့်ရတာ ဒီကောင်မစုတ်လေး ဟိုအနိမ့်စား ကိုယ်လုပ်တော် အမေကို သွားတွေ့တဲ့ပုံပဲ ၊ ဒီနေ့ ဧည့်သည်တွေရှိ နေလို့ လူသိရှင်ကြားလုပ်တာမျိုးက အဆင်မပြေ ဘူး။ တစ်ယောက်ယောက်က မြင်ပြီး  မလိုအပ်တဲ့ ကောလာဟလတွေကို မဖြန့်မိအောင်နဲ့  စိတ်အနှောင့်အယှက် မဖြစ်စေဖို့ သေချာလုပ်၊ ခဏနေ ငါနဲ့ မမ  ဧည့်သည်တွေကို ပန်းရှုစားဖို့ ဥယျာဉ်ကို ခေါ်လာလိုက်မယ်။အဲအချိန် ဟိုအစုတ်ပလုတ်မလေးကို သူ့အခန်းထဲ  ဖမ်းခေါ်သွားပြီး သင်ခန်းစာ ကောင်းကောင်းပေးထားလိုက် "

အစေခံက တိတ်တဆိတ် သဘောတူပြီး ကျန်လူများကို သတင်းပေးဖို့ ပြန်သွားခဲ့လေသည် ။

ထိုအချိန်တွင် ချင်းယွမ်အမတ်စံအိမ် ဧည့်ခံပွဲသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြကာ ဧည့်ခံမဏ္ဍပ်တွင် အားလုံးစုပြီး စကားပြောနေကြသည်။

မူလက ယန့်လင်းနှင့် ရှန်းကျဲ့တို့ ချင်းယွမ်အမတ်စံအိမ်သို့ လာရန် မရည်ရွယ်ထားတာကြောင့်  မြင့်မြတ်သော၊ ဂုဏ်သရေရှိသော မိသားစုမှ အမျိုးသမီးငယ်များက ချင်ယွမ်အမတ်စံအိမ် ကို တစ်စိုးတစ်စိမျှ စိတ်မ၀င်စားကြပေ။ သို့သော် ယန့်လင်းနှင့် ရှန်းကျဲ့တို့ ချင်ယွမ်အမတ်စံအိမ်က   ပွဲကို တက်ရောက်မည်ဟု သတင်းစစကြားရသောအခါ  မည်သို့ ဒီတိုင်း နေထိုင်ကြမည်နည်း။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now