အပိုင်း - ၃၄ မုန်တိုင်းမဖြစ်မီ

914 106 7
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း -  ၃၄ မုန်တိုင်းမဖြစ်မီ

"ဆိုင်ရှင်လု , ရှဲ့လူကြီးမင်း ရောက်လာပါပြီ "

အလင်းရောင်က မှောင်စပြုလာပြီ ဖြစ်သည် ၊ လမ်းပေါ်တွင် လမ်းသွားလမ်းလာအနည်းငယ်သာရှိ၍ ဈေးဆိုင်အများစုကို ပိတ်ထားသော်လည်း လမ်းနှင့်မျက်နှာမူထားသည့် အဆောက်အအုံ၏ ဒုတိယထပ် ၊ ယိုဟွမ်ခန်းမ အပြင်ဘက်တွင်တော့ ချိတ်ဆွဲထားသော မီးပုံးများက ထွန်းညှိထားဆဲပင်ဖြစ်သည်။

ယိုဟွမ်ခန်းမအတွင်းဘက် အခန်းထဲမှာတော့ လူတစ်ယောက်ရှိနေသည် ။

လုရှန်း သည် အထဲမှာ ထိုင်နေပြီး အောက်ဘက်မှ ပေးပို့လာသော သတင်းကို ကြားတော့  မကျေမနပ် မျက်မှောင်ကြုတ်လိုက်မိသည်။

အပြင်ဘက်က လမ်းလျှောက်လာတဲ့ အသံကိုကြားတော့

“မင်း စောစောမလာရင် နောက် မလာနဲ့တော့ ၊ နေ့ဖက်တွေမှာ မင်း ဖင်ကို  ကြွလာလို့ မရဘူးလား ။ ဒီမှာ သစ်သားကောင်းတွေ အများကြီးရှိနေတယ်လို့ ငါ ပြောလိုက်တာနဲ့ ကိုယ်တိုင်လာတော့တာပဲ ။ငါ့ဆီကို ကျိုးသွားတဲ့  သစ်သားနှစ်ပိုင်းကို ပို့လိုက်တာ  ပိုမကောင်းဘူးလား ? !”

သူစကားပြောနေစဉ်တွင် ရှဲ့ဝေက စားပွဲပေါ်ကို  အဖြေလွှာ စာရွက်အလိပ်လိုက်ကို "လျှပ်တစ်ပြက်" ဖြင့် တင်လိုက်သည်။

အဲဒါနဲ့ပဲ လုရှန်း ထပြီး အပြင်ကို လျှောက်လာသည် ။

ယိုဟွမ်ခန်းမ တွင် ဧည့်သည်များအတွက် ချင်တီးခတ်ရန် အထူးပြုလုပ်ထားသော  ချင်တီးခတ်ခန်းတစ်ခုရှိသည်။ လုရှန်း တံခါးဖွင့်၍ ဝင်လိုက်သောအခါတွင် အစေခံလေးသည် အခန်းထဲတွင် မီးသွေးမီးဖိုကို အလွန်သတိရှိစွာ ချထားသည်ကို တွေ့လိုက်ရကာ ရှဲ့ဝေက အစေခံလေးကို ကျေးဇူးတင်စကားဆိုလိုက်သည်။ ဒါ့အပြင် ဤနေရာရှိ အကောင်းဆုံး နှင်းလက်ဖက်ရည်ကို ကြိုပေးထားသည်။

လုရှန်း ရုတ်​တရက်​ နှာ​ခေါင်း​လေး ​တွန့်သွားသည်​။

လုရှန်း က လမ်းလျှောက်လာပြီး  အစေခံလေးရဲ့နဖူးကို လက်ညိုးနဲ့ တောက်လိုက်ပြီး

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now