အပိုင်း -၇၅ ကျန်းရွှယ်နင်ရဲ့ PTSD

571 41 3
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း -၇၅ ကျန်းရွှယ်နင်ရဲ့ PTSD

( PTSD -ဖြစ်ရပ်ဆိုးများကို ကြုံတွေ့ခဲ့ရပြီးနောက် တာရှည် စိတ်ဖိစီးမှု ခံစားရတဲ့ စိတ်ရောဂါ ဝေဒနာပါ )

လက်ဖက်ရည်ဆိုင်ထဲရှိ မြင်ကွင်းသည် ခဏတာအတွင်း အလွန်ပင် အသက်ဝင်နေသည်။

လူတစ်ယောက်က ရှေ့ကပြေးပြီး နောက်တစ်ယောက်က နောက်ကလိုက်သည်။ လိုက်ဖမ်းနေသူသည် အေးစက်သောဒေါသစိတ်ဖြင့် ဖုံးလွှမ်းနေပြီး မူလက ရှိနေတဲ့ ပျော့ညံ့ပြီး လွယ်ကူသော အသွင်အပြင် ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည် ၊ ပြေးနေသောသူမှာ ပို၍ပင် အရှက်ကွဲရကာ စားပွဲထောင့်နှင့် တိုက်မိပြီး မတော်တဆ ချော်လဲကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

လက်ဖက်ရည်ဆိုင်ရှိ စားပွဲထိုးလေးသည် ခွေးခြေခုံများကို ဖယ်ရှားရန် ကြိုးပမ်းအားထုတ်ခဲ့ရသည်။

ယိုဖန်ယင်း သည် လက်နက်မပါတော့တာတောင် ယိုယွဲ့အား လက်လွှတ်ရန် ငြင်းဆန်နေခဲ့သည်။ သူမသည် ယိုယွဲ့ ကို ဖမ်းချုပ်ပြီး တိုက်ခိုက်ခဲ့ရာ ယိုယွဲ့၏ နူးညံ့သိမ်မွေ့သော အသွင်သည် ရှုပ်ပွသွားရကာ သူမ၏ လှပသောမိတ်ကပ်များ ပျက်စီးသွားပြီး ခေါင်းပေါ်ရှိ ပုလဲဆံညှပ်များပင် ပြုတ်ကျလို့နေသည်။ အမြင်မတော်စွာငိုယိုနေပြီး ကမောက်ကမ ဖြစ်နေကာ အရင်ကရှိခဲ့တဲ့ ချင်းယွမ်စံအိမ်က ဂုဏ်သရေရှိ သမီးပျိုတစ်‌ယောက်ရဲ့ မောက်မာမှု အရိပ်အယောင် ကို တစ်စက်ကလေးတောင် မတွေ့တော့။

ဤမြင်ကွင်းကို မထင်မှတ်ထားကြသော ထန်အာ နှင့် လျန်အာ တို့သည်လဲ တစ်ခုခုဖြစ်သွားမည်ကို ကြောက်နေကြသည်။

ကျန်းရွှယ်နင်က ပြောလာတာနဲ့ သူမတို့နှစ်ယောက်စလုံး ဘယ်ဘက်နဲ့ ညာဖက်မှာ တစ်ယောက်ချင်းစီ ပြေးတက်ကြပြီး ယိုဖန်ယင်း ကို ဖမ်းဖို့ အများကြီး အားစိုက်ထုတ်လိုက်ရကာ အလျင်စလို အကြံပေးလိုက်သည်။

"သခင်မလေး ဖန်ယင်း၊ ကျွန်မတို့ သခင်မလေးအတွက် စိတ်ပူစရာ မလိုပါဘူး။ စိတ်ဆိုးဖို့ မလိုအပ်တော့ပါဘူး၊ စိတ်မရှည် မဖြစ်ပါနဲ့ !"

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now