အပိုင်း ၄၆ - အရှက်မဲ့သော နင်

902 91 12
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း ၄၆ -  အရှက်မဲ့သော နင်

ရှဲ့ဝေ သည် အပြင်ဘက်မှ လှမ်းဝင်လာသောအခါ ၀င်၀င်ချင်းပင်  ဤမြင်ကွင်းကို သူမြင်လိုက်ရသည် ၊ ဖုန်းချန်နန်းဆောင် တစ်ခုလုံးသည် အကြောင်းတစ်ခုခုကြောင့် တိတ်ဆိတ်နေပြီး လူတိုင်း၏ မျက်လုံးများသည် တတိယတန်း၏ ညာဘက်ထောင့်ဆီသို့ ဦးတည်နေကြသည်။ လော့ယန်မင်းသမီးသည် သူမ၏ထိုင်ခုံတွင် မထိုင်ဘဲ ဤထောင့်တွင် ရပ်နေကာ မျက်လုံးများနီရဲကာ ငိုတော့မည်ဟန် ၊ သူမကိုယ်တိုင်လှုပ်နေတာလား၊တုန်နေသလားမသိ၊ဟိုကောင်မလေး၏ သွယ်လျသောလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ ..

ပြီးတော့ အဲဒီ ကောင်မလေး...

ကျန်းရွှယ်နင် 

ထိုအချိန်တွင် ရှန်းကျိရိ ၏ သဘောထားကြီးစွာ ဆက်ဆံခံရခြင်းကြောင့်  အမြတ်အစွန်းများနှင့် ဆုံးရှုံးမှုများနှင့် ပြည့်နှက်နေသော ကျန်းရွှယ်နင်၏ စိတ်ထဲတွင် ရှဲ့ဝေ၏ အသံကို အပြင်ဘက်က နေ ရုတ်တရက် ကြားလိုက်ရမည်ဟု သူမ မမျှော်လင့်ထားပေ။ နန်းတော်အစေခံတွေက ရောက်လာပြီးမှ  သတင်းပို့လာကြသည်။ ..

ရှဲ့ဝေက ရှန်းကျိရိကိုင်ထားတဲ့ သူမလက်ကို ကြည့်လာ လေသည်။ 

ငြိမ်သက်နေသော မျက်လုံးများတွင် အရိပ်အမြွက်များ ပေါ်လာသည်။

ကျန်းရွှယ်နင် သည် အကြောင်းတစ်ခုခုကြောင့် ဦးခေါင်းနောက်ဘက်တွင် ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရကာ သူကြည့်နေသော  သူမလက်ဖဝါးသည်လဲ  ချွန်ထက်သောမြှားဖြင့် ထိုးမိသွားသလို ခံစားလိုက်ရသည်။ သူ့နောက်ကျောမှ ဆံပင်များသည် ခဏတာ ထောင်မတ်လာပြီး မသိစိတ်ကနေ ရှန်းကျိရိလက်ထဲက  သူ့လက်ဖဝါးကို အသာလေး ပြန်ဆွဲထုတ်လိုက်သည် ။


သူမတို့နှစ်ယောက်ဆက်ဆံရေးကောင်းတာကို မြင်တဲ့အခါ ရှဲ့ဝေ က ဘယ်လိုထင်မလဲ ဘုရားသာ သိပေမည်။


သူမ ရှန်းကျိရိကို ထပ်ပြီးဒုက္ခပေးချင်တယ်လို့ သံသယရှိသွားရင် ဘယ်လိုလုပ်မလဲ။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now