အပိုင်း - ၅၉ ပြဇာတ်က ကြည့်တာပေါ့

811 63 0
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း - ၅၉  ပြဇာတ်က ကြည့်တာပေါ့ 

ရှောင်းတင်းဖိန်သည် ပြတ်သားခြင်းမရှိ ၊ ပျင်းရိကာ မြို့တော်ကို  ပြန်ရောက်ကတည်းက ထိပ်တန်း အပျော်မက်တဲ့ သခင်လေးတစ်ဦး ဖြစ်လာခဲ့သည်။ သူသည် ကြက်တိုက်ခြင်း၊ မြင်းပြိုင်ခြင်းများ ကဲ့သို့သော လောင်းကစားများတွင်   ငွေသုံးကြမ်းကာ လက်အောက်ငယ်သားများနှင့်အတူ လျှောက်သွားပျော်ပါးစကား  ခဲ့သည်။ သူသည် မည်သည့်အရာကိုမျှ မကျွမ်းကျင်သလို အရာရာကိုမှလဲ ထူးချွန်ကောင်းမွန်အောင်  မလုပ်ဆောင်နိုင်ခဲ့ပေ။ တင်းကော်တုကူးစံအိမ်က နယ်စားကြီး ရှောင်းယွမ်သည် သူ့ကြောင့်နဲ့ ဒေါသထွက်တာ များခဲ့ရသည်။ နန်းတော်ရှိ ဧကရာဇ် ကိုယ်လုပ်တော်ဖြစ်လာသော ရှောင်းရှူအား နှိမ်နှင်းရန် “အစ်ကို” ၏ ဂုဏ်သိက္ခာကို တမင်တကာ အသုံးချချင်ခဲ့သည်။ ဒါ့အပြင်သူသည် ကျန်းရွှယ်နင် နှင့် တစ်နေ့လုံး နီးကပ်စွာနေခဲ့ပြီး ရှောင်းရှူ ၏ ကံဆိုးခြင်းကို ကြည့်ရတာ နှစ်သက်သူ ဖြစ်သည်။ ရှောင်း မိသားစု အားလုံးက တားမြစ်ကြသော်လဲ  နာခံမှု မရှိသည့်အပြင်  အခွင့်ကောင်းယူရန် ရွေးချယ်ခဲ့သည်။ 


( ရှောင်တင်းဖိန်ကို ရှောင်းတင်းဖိန်လို့အခုကစပြီး ပြန်သွားပါ့မယ်နော် ၊အခုမှ နောက်ခံပေါ်လာတာမို့ပါ ၊ ရှောင်းရှူရဲ့ အကိုပါ ၊  မေလဲ ပြန်ရင်း ဖတ်နေရတာဆိုတော့လေ အဆက်အဆက် မဲ့သွားရင် အားနာပါတယ်နော် ) 

အစိုးရနှင့်ပြည်သူလူထုအားလုံးသည် ကပ်ဆိုးကြီးမှ လွတ်မြောက်ခဲ့သည်ဟုသာ ထင်မြင်ကြပြီး ဘုရားသခင်သည် သူ၏မျက်လုံးများကို ဖွင့်ထားသောကြောင့် သူ အသက်ရှင်နေသေးသည်ဟုသာ ထင်မြင်ခဲ့ကြသည်။

တုကူးအိမ်တော်တွင် ကြီးပြင်းလာရပြီးနောက်၊ သူ့ကို လူကောင်းတစ်ယောက်ဖြစ်လာရန် မျှော်လင့်လို့ရပါသေးရဲ့လား? 

ထို့ကြောင့် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက သူ့အပေါ် ရှားရှားပါးပါး သည်းခံမှုကို ပြသခဲ့ကြသည်။တော်ဝင်မိသားစုသည် အပြစ်ရှိသည်ဟု ခံစားရပြီး သူ့ကို အရှက်မခွဲဝံ့ ၊

ကျန်းရွှယ်နင် သည် တစ်ခါတစ်ရံတွင် ထိုလူသည်  သူမနှင့် အလားတူ စိတ်ထားမျိုးရှိတတ်သည်ဟု ခံစားမိသည် ။သူသည် သိမ်ဖျင်းပြီး စိတ်ပျော့ပျောင်းသော်လည်း နန်းတွင်းတရားရုံးရှိ စကားပြောချိုသာသော အုပ်စုများထက် သူက  ပို၍ မျက်စိကျစရာကောင်းပြီး သူမနှင့်လဲ  တစ်နည်းနည်းဖြင့် ပေါင်းသင်းဆက်ဆံနိုင်သည်။ .

ရှောင်းတင်ဖိန် အပေါ်   ဧကရီ(ကျန်းရွှယ်နင်) ၏ မျက်နှာသာ ပေးမှုနှင့် ယုံကြည်မှုသည်   သူ့ရဲ့ ထူးခြားတဲ့  အဖြစ်အပျက် ကြောင့်  ဖြစ်နိုင်သည်ဟု အခြားသူများကလည်း အရွှန်းဖောက်ကြသည်။

သူမတို့နှစ်ယောက်ဟာ မိသားစုရဲ့ တိုက်ရိုက်သားစဉ်မြေးဆက်တွေဖြစ်ပေမယ့် မတော်တဆမှုတွေကြောင့် ကျေးလက်မှာ နေထိုင်နေကြတာပင်။ 

ကျန်းရွှယ်နင် ကိုယ်တိုင်ပင်လျှင်   အမှန်တရားကို အစကတည်းက မသိသောအခါက ထိုသို့သော အတွေးမျိုး မလွဲမသွေ ရှိခဲ့သည်ကို မငြင်းနိုင်ခဲ့ပေ။ နောက်ပိုင်းကျတော့ ဘာမှ မဖုံးကွယ်ထားတဲ့ လူတွေနဲ့ ပေါင်းသင်းရတာ အဆင်ပြေလို့ပင်။ 


အရေးအသားမြင်ရတာ လူမြင်လိုက်ရသလိုပါပင်။ 

မည်မျှပင် ညံ့ဖျင်းစေကာမူ စစ်မှန်မှုအချို့ကို  မြင်နိုင်သေးသည်။

သူမရဲ့ သဘာဝ အစစ်အမှန်ကရော ဘာလဲ။

အဲဒီတုန်းက ရှန်းကျဲ့ မြင်လိုက်တာများလား။ ဒါပေမယ့် အဲဒီတုန်းက သူမကိုယ်တိုင် ရှင်းရှင်းလင်းလင်း မမြင်ရခဲ့ .။

ရေးထားသော ပုံသဏ္ဍာန်ဆွဲအက္ခရာလက်ရေးလက်သားသည် ကျန်းရွှယ်နင်ရှေ့တွင် ဖြန့်ကြက်ထားသည်။ ကျန်းရွှယ်နင်သည် ခေါင်းကို မော့ကာ လေးနက်သော မျက်နှာဖြင့် သူမ စာရေးစားပွဲရှေ့တွင် ရပ်နေသော ၀မ်ကျို ကို ကြည့်လိုက်သည်။ သူမသည် ပုံသဏ္ဍာန်ဆွဲအက္ခရာလက်ရေးလက်သားကို နှစ်သက်ကြောင်း ငြင်းခုံလိုက်ချင်သည်။ သူမ ကြိုက်တဲ့ ဖောင့်နဲ့ လက်ရေးလှရေးမှု အားလုံးကို  နားလည်ပေးပြီး ကြည့်ပေးသင့်တယ် မဟုတ်ဘူးလား?

ဒါပေမယ့် တွေးကြည့်တော့ ဒီနန်းတော်မှာ နှစ်၀က်ပဲ နေရမှာပင်။ 


ပုံမှန်အက္ခရာလက်ရေးလက်သားကို သင်ယူခြင်းသည် စိတ်ခံစားချက်ကို မြှင့်တင်ရန်နှင့်  လူ့သဘာ၀အကျင့်စရိုက်ကို ပြုစုပျိုးထောင်ရန် နည်းလမ်းတစ်ခုမျှသာဖြစ်သည်။ သင်ကြားပေးသည့်နှင့် ပြဿနာတက်ခံပြီး  အဘယ်ကြောင့် အနှောက်အယှက်ဖြစ်စေရမည်နည်း။

နန်းတော်မှ ထွက်သွားပြီးနောက်  သူမ စိတ်တိုင်းကျ အလိုရှိသလို ရေးသားနိုင်သည် ။

ထို့ကြောင့် သူမရဲ့ စိတ်တွေ  အလျင်အမြန်ပဲ ငြိမ်သက်သွားသည်။

သူမက ၀မ်ကျို ကို ခေါင်းငုံ့ပြီး 

“ရှန်းရှန် သင်ပေးခဲ့တာကို ဒီကျောင်းသူ မှတ်သားထားပါ့မယ် “

ဟုသာ ပြောလိုက်သည်။


၀မ်ကျို က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး 

“နောက်ဆုံးတော့ ကျောင်းသားတစ်ယောက် ပုံစံ ဖြစ်လာပြီပဲ” 

လို့ ပြောလာလေသည်။ ။

ထို့နောက် သူသည် ခန်းမဆီသို့ လှည့်၍ “”ဆယ့်ရှစ်ကြိုးသွား”  စာအုပ် ” တွင် ပထမဆုံး စာမျက်နှာကိုဖွင့်ကာ  လူတိုင်းကို ဦးစွာရှင်းပြပြီး အားလုံးကို ကူးရေးရန် အမိန့်ပေးသည်။ သူ့မှာ အရမ်းတင်းကျပ်တဲ့ စည်းကမ်းတွေရှိပြီး ကျောင်းသားတွေကို အတန်းထဲမှာ မေးခွန်းတွေ မေးခွင့်မပေးဘူးဆိုတဲ့ အချက်ကို လျစ်လျူရှုထားရင် သူက စည်းကမ်းကြီးတဲ့ လူကြီးလူကောင်းတစ်ယောက်ပင်။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now