အပိုင်း -၈၁ ပျော်ရွှင်သွားအောင်

483 50 1
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း -၈၁ ပျော်ရွှင်သွားအောင်

ဘာငါးတွေ၊ ပုဇွန်တွေလဲ။

ကျန်းရွှယ်နင် သူမကို နောက်ထပ် သတ္တိတစ်ရာလောက် ပေးရင်တောင် မစားဝံ့ပါဘူး။

ဒါပေမယ့်......

အစားအသောက်အကြောင်းပြောတဲ့အခါ မက်မွန်သီးကိတ်ကို မစဉ်းစားဘဲ မနေနိုင်တော့ဘူး။ သူမရှေ့ကလူကြီးကိုယ်တိုင် သူမကို ခေါ်သွားပြီး အတင်း စားခိုင်းရင်တော့ မဖြစ်နိုင်တာ မဟုတ်ဘူး ?

မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊

ဒီလို အန္တရာယ်ရှိတဲ့ အတွေးကို မြန်မြန် စွန့်လွှတ်လိုက်စမ်း။

ရှဲ့ဝေသည် မူလကတည်းက သူမထံတွင် အခြားသူများ မသိထားသော အကြောင်းအရာများကို သိရှိခြင်းကိုပင် တားမြစ်ပိတ်ပင်ခဲ့သည်။ အကယ်၍ သူမသည် မတော်တဆ ထုတ်ဖော်မိခဲ့မည်ဆိုလျှင် ဤလူသည် သူမအား မည်သည့်နေရာသို့ ပို့လိုက်မည်ကို ဘုရားသခင် သိတော်ပေလိမ့်မည်။ သူနှုတ်က ထွက်လာတြ့ စကားတိုင်းက တကယ့် ဘေးဥပဒ်ပင် ။ .

ဒါကိုစဉ်းစားရင်း ကျန်းရွှယ်နင် က သူမမျက်နှာမှာ အတင်းလုပ်ယူရတဲ့ အပြုံးတစ်ခု ပေါ်လာကာ သူမ စိတ်မသက်မသာ ခံစားရပြီး သူမကိုယ်သူမ ဂရုတစိုက် ခုခံကာကွယ်ရင်း

"မနေ့ညက တော်၀င်မင်းသမီးရဲ့ နန်းဆောင်မှာ အိပ်ခဲ့ရတယ် ၊ ဒါပေမယ့် ဒီကျောင်းသူက အသုံးမကျတော့ အိမ်မပျော်ခဲ့ဘူး။ ဒါ့ကြောင့် ဒီနေ့ အိပ်ငိုက်နေတာပါ ... "

ရှဲ့ဝေ ၏ မျက်ခုံးများ အနည်းငယ် လှုပ်သွားသည်-

"တော်၀င်မင်းသမီးရဲ့ နန်းဆောင်မှာ?"

ကျန်းရွှယ်နင် က ပုံမှန်မဟုတ်သော ရိုးသားမှုဖြင့် ခေါင်းညိတ်ကာ သူမ၏ လက်ကို မြှောက်ကာ ကြီးမားပြီး ခမ်းနားထည်ဝါသော နန်းတော်၀တ်စုံများကို ဖြန့်ထုတ်ကာ

"တကယ်ပါ၊ တော်၀င်မင်းသမီးက ရွယ်နင့်အတွက် အဝတ်အစားတွေတောင် ရှာပေးခဲ့ရတာ အမှန်ပါပဲ"

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora