အပိုင်း - ၁၆ တိုက်ခိုက်ခံရခြင်း

1.3K 159 26
                                    

Unicode

ခွန်းနင် နန်းတော်ရာပုံပြင်

အပိုင်း - ၁၆ တိုက်ခိုက်ခံရခြင်း

အတိတ်ဘဝတုန်းက ရုံယိနယ်စားစံအိမ်တော်ကို စုံစမ်းဖော်ထုတ်ခဲ့သူမှာ ကျိုးယင်းကျိသာ ဖြစ်သည်။

နောက်ပိုင်းတွင် ရှန်းကျဲ့သည် နန်းတက်ခဲ့ပြီး ရုံယိနယ်စားစံအိမ်တော်ကို ပြန်လည်ထူထောင်ရန် ခွင့်ပြုပေးခဲ့သည်။

နောက်ပိုင်းတွင်ကျိုးယင်းကျိသည် ရှဲ့ဝေကြောင့် မြှားဖြင့် ပစ်သတ်ခံခဲ့ရပြီး သူ၏ ဦးခေါင်းကို နန်းတော်တံခါးတွင် သံမှိုဖြင့် ဆွဲရိုက်ထားခြင်း ခံခဲ့ရသည်။

သူသည်လဲ ကောင်းတာတစ်ခုမှ မလုပ်ဖူးဘူးဆိုတာ ထင်ရှားတယ်လေသည်။

ဤပုဂ္ဂိုလ် ကျိုးယင်းကျိသည် အာဏာနှင့် မြင့်မားသောရာထူးအတွက် ရည်ရွယ်ပြီး သူ၏ပန်းတိုင်များရောက်ရန် မသမာသောနည်းလမ်းများကို အမြဲအသုံးပြုသော်လည်း၊ သူသည် အရာများကို လုပ်ဆောင်ရာတွင် သတိကြီးကြီးထားပြီး သတိကြီးစွာထားကာ အမှားကို ဖမ်းမိရန် ခက်ခဲလှလေသည်။

ဤသည်မှာလဲ ကျန်းရွှယ်နင် သည် ကျိုးယင်းကျိကို အတိတ်ဘဝက ချောမွေ့စွာ အသုံးချရခြင်းရဲ့ အကြောင်းရင်းဖြစ်သည်။

သူမသည် ဤဘ၀တွင် နန်းတော်ထဲသို့ပင် မဝင်ချင်၊ ထိုလူနှင့် သာ အလွန်နက်ရှိုင်းသော ဆက်ဆံရေးရှိလိုက်လျှင် ကျား၏ အရေခွံကို သွားခွာလိုက်သည်နှင့် အတူတူပင်။ သို့သော် ယခုအချိန်တွင် တစ်ဖက်လူသည် ဖျင်နန်ဘုရင် ၏အမှုဟောင်းတွင် ရုံယိနယ်စားစံအိမ်တော် ပါ၀င်ပတ်သတ်နေလား ဟူသော အခြေအနေနှင့်ပတ်သက်၍ စူးစမ်းရန်အတွက် သူမရဲ့ အကူအညီကို တစ်ဖက်သတ် လိုအပ်နေခြင်းသာ ။ ဒါ့အပြင် ရှဲ့ဝေသည် သူမအား မည်သည့်အချိန်တွင် ခေါင်းဖြတ်မည်ကိုမသိသောကြောင့် ကျန်းရွှယ်နင် ပါ၀င် မပတ်သတ်ချင်ဘူးဆိုရင်တောင် ဆက်နွယ်ရပေဦးမည် ။

ယိုဖန်ယင်း ပြောခဲ့တဲ့ "လွတ်လပ်မှု" ဆိုတဲ့အရာဟာ ဒီဘဝမှာ လောကဒုက္ခတွေကနေ လွတ်မြောက်နိုင်ခြင်းပဲ ဖြစ်ပါစေလို့ မျှော်လင့်မိလေသည် ။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now