အပိုင်း -၈၇ လွှင့်ပစ်လိုက်

387 43 2
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း -၈၇ လွှင့်ပစ်လိုက် 


“ကျန့်ရှန်းရှု့ က တကယ့်ကို အရူးတစ်ယောက်ပဲ၊ သူ ဒီနှစ်ကုန် အငြိမ်းစားယူရတော့မှာကို  အကြောင်းပြချက်တွေ ပေးပြီး မနေ့က ညီလာခံ အစည်းအဝေးမှာ ရုံယိနယ်စားအိမ်တော်အတွက် လူသိရှင်ကြား တောင်းဆိုပေးနေတုန်းပဲ။ ကောင်းရော အခုဆို ဧကရာဇ် ဒေါသထွက်နေပြီဆိုတာ ဘယ်သူက မသိဘဲ နေကြလို့လဲ။ အခြေအနေက ဒီလောက်ကြီး ရှင်းလင်း‌ နေတာကို ၊သူတစ်ယောက်ထဲ ဒုက္ခရောက်ချင်တယ်ဆိုရင်လဲထားတော့၊ အခုက သူ့လုပ်ဖော်ကိုင်ဖက်တွေအားလုံးကိုပါ  စိတ်မအေးရအောင် လုပ်တယ် ……”

ချန်ယင်း က သက်ပြင်းရှည်ထုတ်လိုက်သည်။

ထိုသို့ သက်ပြင်းချပြီးနောက်တွင် ရှဲ့ဝေ၏အမူအရာကို မကြည့်၍ မနေနိုင်တော့ပေ။

အခုကက ရှဲ့ အိမ်တော် ထဲမှာပင် ။

ယမန်နေ့ မွန်းလွဲပိုင်းက နန်းတွင် ညီလာခံအတွင်း၌  အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့သည်။ သို့သော် ထိုအချိန်တွင် ရှဲ့ဝေသည် ဖုန်းချန်နန်းဆောင်သို့  အမျိုးသမီးကျောင်းသူအချို့ကို သင်ကြားပြသရန် သွားနေပုံရပြီး ညီလာခံထဲတွင် မရှိသောကြောင့် သူသည် မည်သည့်ပြဿနာထဲမှာမှ မပါဝင်ခဲ့ပေ။

ချန်ယင်း သည် ဤဖြစ်ရပ်တွင် လျှို့ဝှက်ဆန်းကြယ်မှုများ ရှိမရှိ မတွေးတောဘဲလဲ မနေနိုင်ပေ။

ဒါကြောင့် ဒီနေ့ မနက်စောစော ညီလာခံကို သွားစရာ မလိုတာကို အခွင့်ကောင်းယူပြီး  ရှဲ့ဝေ ကို နှုတ်ဆက်ဖို့ လာရောက်လာကာ   အစိုးရအဖွဲ့ ရဲ့ ကိစ္စတွေကို ဆွေးနွေးချင်တာကတစ်ကြောင်း မနေ့က ညီလာခံမလာခဲ့တဲ့ ဒီ ရှဲ့ရှန်းရှန်၏ အသံကို စူးစမ်းရန်က တစ်ကြောင်းပင်။ 

ရှဲ့ဝေ က အဲဒီမှာမရှိခဲ့ပေမယ့် အခြေအနေတွေကို ရှင်းရှင်းလင်းလင်းသိထားသည် ။

ဖုန်းချန်နန်းဆောင် ၏ ဘေးဘက်ခန်းမမှ ထွက်လာသည့်နှင့်  မိန်းမစိုးငယ်သည် အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောပြထားပြီ ဖြစ်သည်။ 

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now