အပိုင်း -၈၀ အိပ်ပျော်သွားခြင်း။

431 45 0
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း -၈၀  အိပ်ပျော်သွားခြင်း

ချင်တီးခတ်ကို သင်ယူရသောအခါ၊ အခြေခံအားဖြင့် ညာလက် လက်ထိုးခြင်းကို  အရင် သင်ယူရသည်။  လက်ထိုးနည်းတစ်ခုချင်းစီကို လေ့လာပြီးနောက်မှ  လိုက်ဖက်ညီသော တေးဂီတကို လေ့ကျင့်သင်ကြားရသည်။ရှဲ့ဝေ သည် အလွန်တင်းကျပ်တာကြောင့်  မည်သူမျှ ဂရုမစိုက်ဘဲ မနေဝံ့ပေ။

ရှန်းကျိရိ သည်ပင် ခန်းမထဲတွင်  မထောင်လွှားဝံ့ဘဲ  ကောင်းမွန်စွာ  ပြုမူခဲ့သည်။

ကျန်းရွှယ်နင် သည် ယနေ့ အတန်းထဲတွင် ရှဲ့ဝေက သူမကို ချင်   ကိုင်ခွင့် မပေးသောကြောင့်  မျက်လုံးပြူးကျယ်ကျယ်ဖြင့် ထိုင်နေရသူဖြစ်ကာ  တတိယတန်း၏ နောက်ဆုံခုံထောင့်တွင် ရိုးရိုးထိုင်ကာ ရှဲ့ဝေ ကို မျက်လုံးတွေနဲ့ အေးစက်စွာ စိုက်ကြည့်လို့နေသည်။ 

ရှဲ့ဝေကလဲ ထိုအဖြစ်ကြောင့်  ကျန်းရွှယ်နင် ဘာလုပ်ချင်သည်ကို နားမလည်ပါ။

ကံကောင်းထောက်မစွာနဲ့ ကျန်းရွှယ်နင် သည် နှစ်ညဆက်တိုက် ကောင်းကောင်းမအိပ်ခဲ့ရပေ။သူမ၏မျက်လုံးများသည် အချိန်ခဏကြာတဲ့အခါ  အနည်းငယ်နာကျင်လာရသည်။သူမက သူ့ကိုခဏလောက်စိုက်ကြည့်ပြီးနောက် အိပ်ငိုက်ခြင်းဆိုတဲ့ ပြဿနာက စဝင်လာ တော့သည်။ခဏကြာပြီးနောက် သူမ ဆက်မထိန်းနိုင်တော့ပေ။ မျက်လုံးမမှိတ်ထားပေမယ့်  စားပွဲပေါ်ကို မှီပြီး  အောက်ကိုသာ ငုံ့ကြည့်နေရသည် ။အိပ်ရာဝင်ရန် စိတ်အားထက်သန်နေပြီး သမ်းဝေကာ  ရှဲ့ဝေကို စိုက်ကြည့်ရန် သူမ၏ ခွန်အားများကို မစုစည်းနိုင်တော့။

ဒီလိုနဲ့ အတန်းတစ်တန်းပြီးသွားပြန်သည်။

အတန်းပြီးသွားတဲ့အခါ ကျန်းရွှယ်နင်ဟာ ရှဲ့ရှန်းရှန်ရဲ့ ခေါ်ယူခြင်းကို အမြဲခံရမယ်ဆိုတာ အားလုံးသိထားကြသည် ။ ဘယ်သူကမှ ဒီမှာမနေချင်တော့ဘဲ  မီးခိုးလုံးတွေလည်း ပျောက်ကွယ်ကုန်ကြသည်။ 


ကျန်းရွှယ်နင်သည် မလွတ်မြောက်နိုင်ပေ။


ရှဲ့ဝေ က ချင် ကို ပွေ့ချီပြီး ခန်းမထက်က ဆင်းလာပေမယ့် 

“ဘာလို့  စိုက်ကြည့်နေတာလဲ?”

ကျန်းရွှယ်နင် က နောက်ဆုံးတစ်ယောက်အနေနဲ့  အတန်းထဲက ထွက်လာရင်း သူမ သမ်းဝေခဲ့တယ် ဆိုပေမယ့် ဒီစကားကြားတော့ သူမကိုယ်သူမ ခုခံကာကွယ်တော့သည်။ 

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ရှဲ့ရှန်းရှန်မြင်တာ မှားတာဖြစ်ပါလိမ့်မယ်။ ဒီကျောင်းသူက ဒီလိုမျိုး ဘယ်လိုလုပ် လုပ်ရဲမှာလဲ”

ရှဲ့ဝေ က အေးဆေးတည်ငြိမ်စွာပြောသည်

“မင်းက ဒါကို သတ္တိရှိရှိလုပ်ရဲရုံမက  လိမ်လဲ လိမ်ဝံ့တာပဲ “

ကျန်းရွှယ်နင် က ဟန်ဆောင်ပြုံးလိုက်ပြီး 

“ဒီကျောင်းသူက ရှဲ့ရှန်းရှန်ရဲ့ ဟောပြောမှု တွေကို လေးနက်နက် နားထောင်ပြီး ခဏလောက် အာရုံစူးစိုက်မိသွားတာကြောင့် ဖြစ်ပါလိမ့်မယ်၊ ဒီကျောင်းသူက ရှဲ့ရှန်းရှန်ကို အလွန် လေးစားတာပါ ၊ ဒီကျောင်းသူကို ထိတ်လန့်အောင် မလုပ်ပါနဲ့  “


ရှဲ့ဝေ မတုန်မလှုပ်ပင် 

“တကယ်ပဲ ဟုတ်ရဲ့လား?”

ကျန်းရွှယ်နင် သည် သူ၏ ဖြူစင်တည်ကြည်လွန်းသော အသွင်အပြင်ကို မြင်သောအခါ  ဒေါသထွက်သွားသည်။ ဒါ့ကြောင့်  မျက်မှောင်ကြုတ်ကာ “ကြည့်မကောင်ဘူး” ဟုပြောသောအခါ ထိုလူ၏မျက်နှာပေါ်မှာ ဖြစ်ပေါ်လာနဲ့ အမူအရာကို ရုတ်တရက် သတိရမိသောကြောင့် သူမသည် အနည်းငယ် ကလဲ့စားချေချင်သည်ဟူသည့်  တိတ်တဆိတ်လက်ခံလိုက်ပြီး ထူးထူးခြားခြား ချိုမြိန်စွာပြုံးကာ

“ဒါ‌ပေမယ့် ၊ ဒီနေ့  ရှဲ့ရှန်းရှန် ရဲ့ ဟောပြောပွဲက နားထောင်ရတာ ငြီးငွေ့စရာကောင်းပြီး အရမ်းဆိုးရွားလွန်းတာကြောင့် ဒီကျောင်းသူက စိတ် ရှုပ်ထွေးသွားပြီး ရှဲ့ရှန်းရှန်ကို မသိစိတ်ကနေ  ကြည့်မိတာလည်း ဖြစ်နိုင်ပါတယ်။”

ရှဲ့ဝေ: “…”

နားထောင်ရတာ ငြီးငွေ့စရာကောင်းပြီး စိတ်ရှုပ်စရာဟုတ်လား ။

သူအရင်က တည်ငြိမ်စွာ ရှိတယ်ဆိုရင်တောင် အခု ကျန်းရွှယ်နင်ရဲ့ စကားနှစ်ခွန်းကို နားထောင်ပြီးတာနဲ့ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့မျက်လုံးအောက်က အပူချိန်တောင် နည်းနည်းလျော့ဆင်းသွားသည်။ 

သူ့ကို  တစ်ခါမှ ဘယ်သူမှ  ဒီလို မပြောဖူးဘူး…


လွန်ခဲ့သည့် လေးနှစ်က မြို့တော်ကို ပြန်ရောက်လာပြီး ၀မ်ဟွားခန်းမ၌  နေ့စဉ် ဟောပြောပွဲကို စတင်ကျင်းပချိန်မှ စ၍ သူသည် ဆရာဖြစ်စေ ကျောင်းသားဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ ဧကရာဇ်မင်းမြတ်ကပင်  သူ့ကို အလွန်ချီးကျူးခဲ့ကြသည်။ ဒီလိုမျိုး မျက်လုံးဖွင့်ပြီး လိမ်နေတာက ဒါပထမဆုံးအကြိမ်ကြုံဖူးတာပင်။ 

ခဏကြာတော့  ရှဲ့ဝေ ၏ ပါးလွှာသော နှုတ်ခမ်းသည် မျဉ်းဖြောင့်အတိုင်း ဖြစ်လာပြီး ခဏတာမျှ  ဒီကောင်မလေးနှင့် တိုက်ခိုက်ချင်လာသည်။

ဒါပေမယ့် ကျန်းရွှယ်နင် အပေါ်မှာ သူ့မျက်လုံးတွေက ကျ ရောက်သွားတော့  ဒါကို ထိန်းချုပ်မိသွားပြန်သည် ။

“ဒီလူကြိုးစားသင်ပေမယ့် ကျောင်းသူက နားမလည်တာကြောင့်အိပ်ပျော်လုနီးပါး ဖြစ်သွားရတယ်‌ပေါ့ ။ ကြည့်ရတာ  ဒီလူက ဘယ်လိုသင်ပေးရမလဲ မသိသေးတာလဲ ဖြစ်နိုင်ပါတယ် ။ ကျွမ်းကျင်မှုတစ်ချို့ လိုအပ်နေသေးတာပေါ့ “

ကျန်းရွှယ်နင် ၏ အပြုံးသည် မပြောင်းလဲဘဲ 

“ရှဲ့ရှန်းရှန်ပြောတာ မှန်တယ်”

ကျန်းရွှယ်နင်ပုံက အနည်းငယ် အရှက်မရှိပုံပေါ်သည်၊သို့သော်  သူမသည် ရှဲ့ဝေ ပြောတာကိုသာ ထောက်ခံခဲ့တာပင်။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now