အပိုင်း - ၆၀ ကြောင်လေး

788 53 0
                                    

Unicode
ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း - ၆၀  ကြောင်လေး


ချန်ရှူယိ သည် ငယ်စဉ်ကတည်းက ဤကဲ့သို့ ကြီးမားသော လှုံ့ဆော်မှုမျိုး မကြုံဖူးပေ ၊ သူမနှင့် ကျန်းရွှယ်နင်သည် တစ်ယောက်နှင့်တစ်ယောက် စကားများရန်ဖြစ်ခြင်းကြောင့် သူမ သည်းမခံနိုင်တော့ပေ။  ဒေါသအရမ်းထွက်လာတာကြောင့် သူမကိုယ်စူမ မထိန်းနိုင်ဘဲ လက်ကို မြှောက်လိုက်မိခြင်း ဖြစ်သည်။

ရှန်းကျိရိ ပေါ်မလာရင်တောင် ပါးရိုက်မှုက တကယ်တမ်းဖြစ် ပေါ်လာမည်မဟုတ် ။

နောက်ဆုံးတော့ မင်းသမီးအတွက် အတူတူ နန်းတွင်းထဲလာကာ စာသင်ကြတာမို့ ရန်ဖြစ်ခဲ့ရင်တောင် ပထမအကြိမ် လက်ပါတဲ့သူကပဲ  အပြစ်ဖြစ်လိမ့်မည် ။

ယခုမူ လော့ယန်မင်းသမီးသည် စောသွားကာအချိန်ကိုက် ထွက် ပေါ်လာသည်။

ရှက်စရာကောင်းလှကာ

ဖြေရှင်းချက် ပေးဖို့ကလဲ ခက်ခဲလွန်းလှသည်!

ချန်ရှူယိသည် သူမ၏ ခေါင်းမှ ခြေဖျားအထိ ရေအေးများဖြင့် လောင်းချလိုက်သလို ခံစားလိုက်ရသည်။ သူမ၏ တစ်ကိုယ်လုံး အေးစက်သွားပြီး ရှန်းကျိရိကို  ဆောလျင်စွာ ဂါ၀ရပြုပြီး

“မင်းသမီး၊  ဒီအမှုထမ်းသမီးနဲ့  ကျန်းမိန်းကလေးတို့  သဘောထားကွဲလွဲမှုပြီး  ငြင်းခုံမှုဖြစ်ပွားတာပါ၊ ဒုတိယသခင်မလေးကျန်းက စကားအရာမှာ ထူးချွန်လွန်းပြီး ဒီအမှုထမ်းသမီးက နိုင် အောင် မပြောနိုင်ပါဘူး ၊ ဒါ့ကြောင့် သည်းမခံနိုင်ဘဲ လက်ပါတော့မလို ဖြစ်သွားရပါတယ်။ စိတ်ဆန္ဒကို မထိန်းချုပ်နိုက်ခဲ့တဲ့အတွက် ဒီအမှုထမ်းသမီးမှာ အပြစ်ရှိပါတယ် ၊ မင်းသမီး ဒီတစ်ခါတော့ ကျွန်တော်မျိုးမရဲ့ရိုင်းစိုင်းမှုကို ခွင့်လွှတ် ပေးပါဦး”

ချန်ရှူယိအသံက အနည်းငယ်တုန်နေပြီး သူမကြောက်နေတာမှန်း သိသာသည်။


သူမ ဒေါသပြေသွားပြီးနောက်မှာ  လွယ်ကူစွာနဲ့ပဲ စိတ်ငြိမ်သက်သွားခဲ့သည်။ပြီးတော့  ယခု ဖြစ်ပျက်နေသည်များ မည်မျှပြင်းထန်သည်ကို သူမ သိသည့်အပြင် ရှန်းကျိရိ သည် မူလကတည်းက ကျန်းရွှယ်နင်၏ ဘက်တော်သား တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို သူမ သိထားသည် ။  ယခုအချိန်တွင် သူမသည် အခြေအနေကို ရှင်းရှင်းလင်းလင်းသိမြင်တာက အကောင်းဆုံးဖြစ်သည်။ သူမအမှားကို ရှင်းရှင်းလင်းလင်း ဝန်ခံတာက ပိုကောင်းပေသည်။  ဒီအခိုက်အတန့်ကို  မှတ်သားထားပြီး  အနာဂတ်မှာ ဖြည်းဖြည်းချင်း ဂရုစိုက်ဖို့ အခွင့်အလမ်းကို ရှာ ဖွေရမည်။

ကျန်းရွှယ်နင်သည် အခြေအနေအရ  လျှို့ဝှက်စွာတွေးတောရင်း နှလုံးသားရဲ့ အောက်ခြေမှ လျို့ဝှက်စွာ  လှောင်ရယ်လိုက်ပြီး
ချန်ရှူယိသည်  သူမထက် မြင့်မြတ်သော အဆင့်အတန်းရှိခဲ့ဖူးသူ၏ ရှေ့တွင်  ဘယ်လောက်ကြာကြာ မောက်မာနိုင်မည်နည်း။

အစပိုင်းမှာ  အားလုံးက အဆင်ပြေနေပေမယ့် ချန်ရှူယိက အရင် စကားကို ပလိပလာပြောပြီးတော့ ရန်စတဲ့သူပင်။

မည်သို့ပင်ဆိုစေကာမူ ဆက်ဆံရေးက ပျက်ပြားပြီးသားဖြစ်ပြီး၊ တစ်ဖက်လူက ၎င်းကို ရိုးရိုးရှင်းရှင်း ကိုင်တွယ်ဖြေရှင်းရန် မလိုလားဘဲ ၊ သူမကို ဒေါသထွက်ပြီး သေသည်အထိ  တိုက်တွန်းခဲ့သည်။

ထို့ကြောင့် ၊ ကျန်းရွှယ်နင် သည် သူမ၏ မှုန်ရီဝေသော မျက်ရည်စက်များပြည့်နေသည့် မျက်၀န်းများဖြင့် ချန်ရှူယိကို ကြည့်ကာ ချန်ရှူယိ၏ ရှုပ်ထွေးနေသည့် စကားလုံးများကို သူမ နားမလည်နိုင်သလို တုန်တုန်ယင်ယင်ဖြင့်

“အစ်မ ချန်  ဆိုလိုတာက ၊ အစ်မကို အနိုင်ကျင့်တဲ့လူက ညီမ ..”

ကျန်းရွှယ်နင် စကားပြောနေရင်း တစ်၀က်ရောက်သော် ဆက်မပြောနိုင်တော့ ၊

သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ချန်ရှူယိကို ပထမဆုံးအကြိမ်တွေ့ဖူးသလိုမျိုး မျက်လုံးပြူးကျယ်နေကာ လက်တွေ့ဆန်သော မကျေနပ်မှုနှင့် နာကျင်မှု အနည်းငယ်ကိုလည်း  ဖော်ပြနေခဲ့သည်။

ဖုန်းချန်နန်းဆောင် တစ်ခုလုံး အသံမကြားရလောက်အောင် တိတ်ဆိတ်နေသည်။

ကျိုးပေါင်ယင်ပင် အံ့အားသင့်သွားပြီး သကြားလုံးများပါသည့် စက္ကူအိတ်သည် သူမ၏လက်မှ ချော်ကျကာ မြေပေါ်သို့ လဲကျသွားသည်။

ယိုယွဲ့ ၏နောက်ကျောသည် ပို၍ပင်အေးစက်သွားသလို ခံစားလိုက်ရသည်။ ကျန်းရွှယ်နင်အား လှောင်ပြောင်ရန် ချန်ရှူယိ နောက်မှ  သံယောင်မလိုက်မိသည့်အတွက် သူမ ဝမ်းသာသွားမိသည်။


ဖန့်မြောင်သည် သူမ၏မျက်နှာက မှုန်မှိုင်းနေပြီး ဒုတိယသခင်မလေးကျန်း သည် အစွမ်းထက်သည်ဟု သူမထင်ခဲ့တာမှန်သော်လည်း ဤအတိုင်းအတာအထိ သူမ “အစွမ်းထက်” လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။



ရှောင်းရှူပင်လျှင်ကျန်းရွှယ်နင် ကို ထိတ်လန့်သည့်အကြည့်ဖြင့် ကြည့်ကာ  သူမကို တကယ် နားမလည်သလိုပင်။ ကျန်းရွှယ်နင် ရှင်းပြချက်မရှိဘဲ ယိုယွဲ့ ကို ငါးကန်ထဲသို့ ဖိလိုက်သည့်အချိန်ကို ပြန်သတိရသောအခါတွင် သူမသည်  ကျန်းရွှယ်နင်ဆိုတဲ့ မိန်းကလေးနှင့် အိပ်မက်တစ်ခုလို ဝေးကွာသွားသလို ခံစားလိုက်ရသည်။ .

အဲဒီလို အေးစက်တဲ့အမူအရာ…

သူတို့ဟာ ပျော့ညံ့အားနည်းသော၊  သနားစရာကောင်းသော၊  ချစ်စရာကောင်းသော အမူအရာကို  လုပ်တဲ့လူက အကုန် တစ်ယောက်တည်းပဲလား။

သို့သော်လည်း ရှန်းကျိရိ သည် ကျန်းရွှယ်နင်၏ နံဘေးသို့ လျှောက်သွားကာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမလက်ကို  ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ကျန်းရွှယ်နင်၏ ပခုံးပေါ်  တင်လိုက်သည်။

ကျန်းရွှယ်နင် က ဒါကို ခံစားမိလိုက်ရတဲ့အတွက် သူမ လှည့်ပြီး ဆက်လက် အသနားခံဖို့ပြင်လိုက်သည်။


သို့သော်လည်း သူမ  လှည့်ကြည့်လိုက်တော့ ပုံမှန်မဟုတ်သော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်- ရှန်းကျိရိ ၏ မျက်လုံးများသည် ယခင်ကလို   ချိုမြိန်မှု မရှိတော့ဘဲ ဝမ်းနည်းမှု နှင့် နောင်တရမှု အနည်းငယ်သာ ရှိနေသလိုပင် ။သူမ ဆက်ပြီး ပြောချင်ပေမယ့် ရပ်တန့်သွားလေသည်။

နောက်ဆုံးတွင် ရှန်းကျိရိသည် သူမအား စိတ်ချလက်ချ ပြုံးပြလာသည်။

ထိုအချိန်တွင်၊ ကျန်းရွှယ်နင် သည် မနေ့က ယန့်လင်း သူမကို ကြည့်နေပုံအား တွေးတောလိုက်မိသည်။ မျက်လုံးများထဲတွင် ဖုံးကွယ်ထားမှုများ ရှိနေသောကြောင့် သူမ၏နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်--

ရှန်းကျိရိသည် ဇီနင်နန်းဆောင်မှ ပြန်လာတာဖြစ်ပြီး ဇီနင်နန်းဆောင်  သည်လဲ  တရားရုံး  အတွင်းရေးကိစ္စများကို စုံစမ်းနေသည်။

မဟုတ်ပါက ရှန်းကျိရိ သည် သူမကို ဤကဲ့သို့ ကြည့်နေမည်မဟုတ်ပေ။

ဤအတွေးပေါ်လာသည်နှင့်တပြိုင်နက် ချန်ရှူယိနှင့် စိတ်ပိုင်းဆိုင်ရာအငြင်းပွားမှုသည် အရေးမကြီးတော့။

သို့သော် ရှန်းကျိရိ သည် ထိုကဲ့သို့  လွှတ်ပေးရန် အဆင်သင့်မဖြစ်သေးပေ။

ကျန်းရွှယ်နင် သည် ပထမတော့ နန်းတော်ထဲဝင်ရန် မရည်ရွယ်ထားကြောင်း သူမ သတိရမိသွားသည် ။ ယန့်လင်းသည် သူမဆီကို ရောက်ရှိလာပြီး ကျန်းရွှယ်နင်ကို နန်းတော်ထဲသို့ ၀င်စေလိုသောကြောင့် သူမကို ဒုက္ခများစွာပေးပြီး အသာလေး မနေခိုင်းခဲ့ပေ။

ဒီနန်းတော်မှာ ကျန်းရွှယ်နင် ဘယ်လိုအကျပ်အတည်း‌တွေ ရင်ဆိုင်ရမယ်ဟု ထင်သနည်း ။

တစ်ဖက်တွင်မူ ယန့်လင်းက နင်နင်ကို ကာကွယ်ပေးနေပြီး တစ်ဖက်တွင်မူ သူမသည် အဆင်မပြေသည့်အရာများကို ပြုလုပ်နေသော်လည်း သူမကို ထိခိုက်စေမည်မဟုတ်ပေ။

သို့သော် ယနေ့ ဇီနင်နန်းဆောင်မှရလာခဲ့သော  သွေးထွက်သံယိုသင်းသော ရနံ့က တစ်ခုခု မှားယွင်း‌နေကြောင်းကို သိလိုက်ရပြီး မနေ့က ယန့်လင်း  နင်နင် နှင့် ဆက်ဆံရေးကို အဘယ်ကြောင့် စွန့်လွှတ်လိုက်ရသည်ကို ရှန်းကျိရိ ရုတ်တရက် နားလည်သွားခဲ့သည်။

သူမသာဆိုရင်လဲ  အတူတူပင်။

ဒါပေမယ့် အဖြစ်အပျက်တွေကို  မသိသေးစဉ်အခါကတော့  နင်နင် အစား ယန့်လင်းကို  ဒေါသထွက်ပြီး မတရားဘူးလို့တောင် ခံစားခဲ့ရသေးသည်။

နောင်တွင် ယန့်လင်းသည် သူမကို ကာကွယ်နိုင်တော့မည် မဟုတ်ပေ၊ ထို့နောက် နင်နင် တစ်ဦးတည်းသာ ကျန်ရစ်တော့မည်ဖြစ်သည်။


ဘယ်လောက်ပဲ အပြစ်ကင်းစင်ပြီး လိုက်လျောညီထွေ ဖြစ်ပါစေ ရှန်းကျိရိ ဟာ နန်းတော်ထဲမှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ပင် ဖြစ်သည်။

နင်နင် ရဲ့အမူအရာက အနည်းငယ် ရယ်စရာကောင်းနေပေမယ့်  သူမ မမြင်နိုင်တာမဟုတ်။  ကျန်းရွှယ်နင်ဟာ ချန်ရှူယိ ကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့ တမင်တကာ ဟန်ဆောင်ပြနေတာမှန်း သိပေမယ့် သူမ မြင်လိုက်ရတဲ့  ချန်ရှူယိ၏မဆင်မခြင် ပြုမူခြင်းနှင့် ရောင့်တက်မှုက အတုအယောင် မဟုတ်ပေ။

ကျန်းရွှယ်နင်သည် သူမ၏မျက်လုံးထောင့်ရှိ အမာရွတ်ဟောင်းများကို ထိကာ စုတ်တံကို အသုံးပြု၍ ပန်းပွင့်ချပ်များဖြင့် ဖုံးအုပ် ပေးကာ ထိုစကားများကို ပြောထွက်သူမှာ လူဆိုးတစ်ယောက် မဟုတ်နိုင်ပေ။

ရှန်းကျိရိသည် သူမ၏မျက်တောင်များကို ညင်သာစွာမြှောက်ကာ ချန်ရှူယိကိုကြည့်လိုက်သည်။သူမ စိတ်ဆိုးပုံမပေါ်သော်လည်း သူမ၏ အေးဆေးတည်ငြိမ်မှုသည် ဒေါသထွက်‌ နေတာထက် ပိုအေးစက်နေသည်။ပြီးတော့ စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာသာပြောလာသည်-


“ဒီမင်းသမီး မင်းရဲ့ရှင်းပြချက်ကို  မကြားချင်ဘူး။ မင်း ဒီမင်းသမီး ရဲ့ စာသင်ဖော်အဖြစ် ရွေးချယ်ခံခဲ့ရတာက တစ်ယောက်နဲ့တစ်ယောက် သိနေတာကြာပြီမို့လို့ ။ ဒါပေမယ့် မင်း နန်းတော်ထဲမှာ တစ်ယောက်ယောက်ကို ရိုက်‌နေတာမျိုးကိုတော့ လက်မခံနိုင်ဘူး။ ကျန်းမိသားစုရဲ့ ဒုတိယသခင်မလေး ဖြစ်တဲ့ ကျန်းရွှယ်နင်ကို  နန်းတော်ထဲဝင်ခွင့်ရဖို့  ဒီမင်းသမီး ကိုယ်တိုင်အထူး ရွေးချယ်ခဲ့တာမှန်း  မင်းတို့ အားလုံးသိထားရမယ်။ အရင်က မသိရင်တောင် ဒီနေ့ ဒီမင်းသမီး နောက်တစ်ခါ ထပ်ပြောမယ်။ မဟုတ်ရင် မင်းတို့ရဲ့ ခံစားချက်တွေကို ဂရုမစိုက်ဘူးလို့ အပြစ်မတင်နဲ့ “

ရှန်းကျိရိ ဒီလောက်လေးနက်တဲ့ စကားတွေ ပြောလာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။

ခဏလောက်တော့ အားလုံးက ပုစဉ်းရင်ကွဲသံပင်  ကြားရမတတ်  တိတ်ဆိတ်သွားကြသည်။

ကျန်းရွှယ်နင် သည် ရှန်းကျိရိ၏စကားမှ တစ်စုံတစ်ရာကို အတည်ပြုလိုက်ပုံရပြီး အနည်းငယ်မှိန်းမောသွားသလို ခံစားလိုက်ရသည်။

ချန်ရှူယိ သည် ရှန်းကျိရိ ၏ သဘောထား ရုတ်ချည်း ပြင်းထန်လာသည်ကို နားမလည်ခဲ့ပေ။ ထိုစကားလုံးများသည် လူကို အလွန်စိတ်မကောင်းဖြစ်စေပြီး သူမမျက်နှာကို တယောက်ပြီး တယောက် ဖြတ်ရိုက်လိုက်သော်လည်း  တစ်စုံတစ်ရာကို မငြင်းဆန်ဝံ့၊  သူမကိုယ်သူမ ပြန်ထိခိုက်မည်ကို ကြောက်နေမိသည်။ ခေါင်းကို ငုံ့ပြီးတော့သာ တုန်တုန်ယင်ယင် တုံ့ပြန်နိုင်သည်-


“ဟုတ်ကဲ့ပါ”

ရှန်းကျိရိ က ဒီတွင်မပြီး ဆက်ပြောသည်။


“ရှုယိ မင်းက  ရိုင်းစိုင်းပြီး ဒေါသအရမ်းထွက်လွယ်တယ်ဆိုတာ သိပြီးသားဖြစ်တဲ့အတွက် “ဓလေ့ ထုံးတမ်းစာအုပ်” နဲ့ “ဓမ္မစာရိတ္တကျမ်း “ ကို  ဆယ်ကြိမ်စီ ကူးယူပြီး  မှတ်ဉာဏ်လှုံ့ဆော်လိုက်၊ တစ်ချက်က မင်းရဲ့မှတ်ဉာဏ်ကို တိုးစေတယ်၊ နောက်တစ်ခုက မင်းစိတ်ကို တည်ငြိမ်စေတယ်။  ဖုန်းချန်နန်းဆောင်လိုမျိုး နေရာကို လာပြီး စာလေ့လာရမှာ တခြားမလိုမအပ်ဘဲ ရှုပ်ယှက်ခတ်နေတဲ့ အရာတွေကို အမြဲတွေးမနေနဲ့”

ချန်ရှူယိ သည် သူမ၏ နှလုံးသားထဲတွင် မကျေမနပ် ခံစားရပြီး သူမ၏ မျက်နှာက  ပြာတက်သွားသည် ။

သို့ပေမာ့် သူမသည် အသက်ပြင်းပြင်းရှူပြီး ဂါ၀ရပြုလိုက်ရင်း


“တော်ဝင်မင်းသမီးရဲ့စကားတွေက  ကြီးမြတ်လှပါတယ်။  ရှူယိ  ယခုမှပြီး  စကားနှင့် အပြုအမူတွေကို သတိထားပြီး နောက်တစ်ကြိမ် ဒီလိုမျိုး ထပ်မလုပ်ဝံ့တော့ပါဘူး “

ရှန်းကျိရိသည် သူမ မျက်လုံးများကို ‌လှည့်၍ ချန်ရှူယိကို အာရုံစိုက်မနေတော့ဘဲ ကျန်းရွှယ်နင် ၏ စားပွဲခုံသို့ လာကာ ထိုင်ချလိုက်သည်။ သူမ၏ လက်ဖဝါးနှစ်ဖက်သည် စားပွဲခုံပေါ်တွင် ကပ်လျက် သူမ၏ ချွန်ထက်သော မေးရိုးသည် သူမ၏ လက်ဖဝါးပေါ်တွင် ရှိနေသည်။  ပုလဲစိမ်းရောင် ဆံထိုးများဖြင့် ပြည့်နေသည့် လှပသော ခေါင်းကို ခါယမ်းပြလိုက်ရင်း  မျက်စိမှိတ်ပြကာ ကျန်းရွှယ်နင်ကိုကြည့်ပြီး


“နင်နင် အခု စိတ်မဆိုးတော့ဘူးမလား”

ကျန်းရွှယ်နင်သည် မူလကတည်းက ဟန်ဆောင်ခဲ့တာပင်။

အရင်ဘဝတုန်းကဆို ဒီထက်ပိုဆိုးတဲ့  ဒေါသတွေကို ခံစားခဲ့ရကာ  ဒါကို ဘယ်လိုမှ မနေဘဲ  သည်းခံနိုင်သည်။

ရှန်းကျိရိက သူမကို ဂရုတစိုက် ဆက်ဆံတာကို မြင်လိုက်ရတော့ ခဏတာ ဝမ်းသာဝမ်းနည်းကို တစ်ပြိုင်နက် ခံစားလိုက်ရပြီး ရုပ်ဆိုးတဲ့ အပြုံးကို တွန်းထုတ်လိုက်ကာ ရှေ့ကို လှမ်းလိုက်ပြီး

“ကြီးမြတ်တဲ့ မင်းသမီးကလဲ ကြည့်ပါဦး  ဘယ်လိုလုပ်နေတာလဲ?;”


ရှန်းကျိရိ သည် ဇီနင်နန်းဆောင်  တွင်ဖြစ်ပျက်နေသည့်အရာများကို ကျန်းရွှယ်နင်အား မပြောဝံ့ဘဲ ။သူမသိတာ ကျန်းရွှယ်နင်ကို ပျော်ရွှင်စေချင်ရုံသာ

“ဒါက ရယ်စရာဖြစ်နေလား။ တို့က မင်းမပျော်မှာကိုပဲ ကြောက်မိတယ် “

ကျန်းရွှယ်နင်သည် သူမ၏ ရည်ရွယ်ချက်ကို ယောင်ဝါးဝါး ခန့်မှန်းနိုင်ကာ မျက်ရည်စများဖြင့် ပြုံးလိုက်မိသည်။

သူမ ညည်းညူရင်း


“ မင်းသမီးရဲ့ ဂရုစိုက်မှုနဲ့ မျက်နှာသာပေးမှုကို ရရှိတာက ဆင်းရဲဒုက္ခပေါင်း တစ်သောင်းလောက် ပျောက်သွားပါတယ်။ ဘယ်လိုလုပ် မပျော်ဘဲ နေမှာလဲ “

ထိုမှသာ ရှန်းကျိရိ က ကျန်းရွှယ်နင်နှင့်အတူ ရယ်မောလိုက်လေသည်။

နန်းတော်ရဲ့ ထိုမြင်ကွင်းက ခဏတာအတွင်း နွေးထွေးသွားပြီး သဟဇာတဖြစ်သွားသည်။

ဒါပေမယ့် ဒီပျော်ရွှင်မှုဟာ သူမတို့သာ ပိုင်ဆိုင်ပြီး တခြားသူတွေက ကြည့်နေရုံ ၊ လုံးဝ မပါဝင်နိုင်ကြ။

ချန်ရှူယိ၏ မျက်နှာ အမူအရာကလဲ အမျိုးမျိုး ပြောင်းလဲသွားသည်။

ရှောင်းရှူ ၏ မျက်လုံးများသည် နန်းတော်ရှိ မျက်နှာများအားလုံးကို ဖြတ်ကျော်သွားကာ သူမ နားမလည်နိုင်စွာနဲ့ တွေးလိုက်မိသည်- ချန်ရှူယိသည် များသောအားဖြင့် စကားပြောခဲပြီး အမှားမလုပ်တတ်သူဖြစ်ကာ  သတိလဲ ကြီးစွာထားတတ်သူဖြစ်သည်။ သူမ၏ ဒေါသသည် အနည်းငယ် ကြီးမားနေသော်လည်း သူမကို စိတ်ထိန်းချုပ်သူအဖြစ် မှတ်ယူနိုင်သေးသည်။ ဒါပေမယ့် နန်းတော်လို ကန့်သတ်ထားတဲ့ နေရာမှာ ပဋိပက္ခတွေ ကြုံလာတဲ့အခါ ဒေါသတွေကြောင့် စိတ်လွတ်ပြီး ရုန်းမထွက်နိုင်ဖြစ်ရတာ မလွဲမသွေပင် ။

နန်းတော်ထဲကို ဝင်ပြီးနောက် ဒုတိယသခင်မလေးကျန်း  ကြီးစိုးမှုကြောင့် အားလုံး စိတ်ရှုပ်ထွေးနေပုံရပေမယ့် သူမကတော့ ဘယ်တော့မှ သတိလွတ်ခြင်း မရှိခဲ့ပါဘူး။ ကျန်းရွှယ်နင်သည် နန်းတော်တွင်း၌  နေရတာ စိုးရွံ့မှု သို့မဟုတ် ကြောက်ရွံ့မှု တစ်စုံတစ်ရာလေးတောင်မရှိနေ ၊ ဒါ့ကြောင့် နန်းတော်တွင်းစ၀င်ခါစက  ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်နေပါစေ  အခုပုံစံအတိုင်းဆို လူတွေက လျှော့တွက်ရဲတော့မှာ မဟုတ်ပေ ။

ကံကောင်းထောက်မစွာ၊ ဤမြင်ကွင်းသည် ကြာရှည်မခံခဲ့

နားချိန်အပြီးတွင် တွင် အမျိုးသားသမိုင်းကို သင်ကြားပေးမည့်
ဆရာကျန်းချုံ က  “ထုံးတမ်းရေးရာစာအုပ် “ စာအုပ်ပိုက်ကာ    အေးစက်စက်မျက်နှာရောက်ရှိလို့လာသည်။ 

ဒါ့ကြောင့် ရှန်းကျိရိ အပါအဝင် လူတိုင်းသည် မူရင်းနေရာသို့ ပြန်သွားခဲ့ကြသည်။

“ကျန်းရှန်းရှန်ကိုနှုတ်ဆက်ပါတယ် “

ကျန်းရှန်းရှန် ၏ မျက်နှာသည် ထူထဲသော မျက်ခုံးမွှေးများ ရှိသော်လည်း သူ့မျက်လုံးများသည် ကျဉ်းမြောင်းသော ဘက်တွင် ရှိနေသည်။

ဤအခိုက်အတန့်တွင် သူသည် လူစုလူဝေးကို ငုံ့ကြည့်လိုက်သောအခါတွင် သူ့မျက်နှာအမူအရာမှာ အမှန်တကယ်ပင် ဆိုးရွားလှသည်။

လက်ကို မြှောက်ကာ သူ့ဘေးနားက မိန်းမစိုးလေးထံ ယူလာတဲ့ စာအုပ်အနည်းငယ်ကို ပေးရင်း


“အရေးကြီးတဲ့ ပညာရပ်အတွက် မဟုတ်ပေမယ့်  ဓလေ့ထုံးတမ်းတွေကို သင်ပေးဖို့ ဒီကို လာခဲ့တာ၊  သမိုင်းဆိုတာမျိုးက  နှစ်ပေါင်းများစွာ ဖတ်ပြီးရင် သိလာတာပဲ၊ ကျိုး မင်းဆက်ရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ဂီတတွေ ပြိုကွဲသွားရခြင်းဟာ နွေဦးနဲ့ ဆောင်းဦးရာသီအတွင်း  ကမောက်ကမဖြစ်မှုတွေကြောင့်ပဲ။ အစပိုင်းမှာ ဆရာ တော်တော်များများက မင်းသမီးနဲ့ မိန်းမပျိုလေးတွေ သင်ပေးမယ်လို့ ပြောခဲ့ပေမယ့် “အမျိုးသမီးကောင်းတို့ သိသင့်သိထိုက်တဲ့ ဓလေ့ထုံးထမ်းများ” ကိုပဲ သင်ကြားပေးဖို့ စီစဉ်ထာခဲ့တာ။  ဒါပေမယ့် ရှဲ့ရှန်းရှန်က လူအားလုံးက အတူတူပဲမို့  ခွဲခြားမနေဘဲ အားလုံး တတ်မြောက်ထားသင့်တယ်လို့ ပြောခဲ့တယ်၊ ဒါ့ကြောင့်မို့ မင်းတို့ကို “ တိုင်းပြည်ရဲ့ ဖြောင့်မတ်ခြင်းတရား”ဆိုတဲ့ အကြောင်းကို  သင်ပေးနိုင်တယ်၊ ဒါကြောင့်  သင်ကြားပေးမယ့် စာအုပ်ကိုလဲ  “ထုံးတမ်းရေးရာစာအုပ် “ ဆိုပြီး ပြောင်းလိုက်တယ်။ သို့ပေမယ့်  မကြာသေးခင် ရက်ပိုင်းက ဟန်လင်းတော်၀င်ကျောင်းတော်မှာ ကြားခဲ့ရသမျှ သတင်းအချို့ကို  အခြေခံပြီး ဒီ ဖုန်းချန်နန်းဆောင်ဟာ စာလေ့လာစရာနေရာတစ်ခုဖြစ်ပေမယ့်၊ အချို့သော သခင်မလေးတွေက   သာလွန်မှုနှင့် သိမ်ငယ်မှုကို သေချာ ခွဲခြားမသိကြဘူး ။ မိန်းမပျိုလေးတစ်ယောက်ရဲ့  နူးညံ့သိမ်မွေ့မှုနှင့် အကျင့်သီလ မရှိဘဲ ပျက်ရယ်ပြုချင်ရယ်စရာကောင်းတယ်တဲ့၊ ဒါသာ  အမှန်တကယ်ဆို ဒီလူမှာ ကြီးလေးတဲ့တာဝန်ရှိတယ် ။  ထို့ကြောင့် ယနေ့  သင်ခန်းစာကို ပြုပြင်မွမ်းမံထားပြီး ဦးဆုံးအနေနဲ့  “အမျိုးသမီးကောင်းတို့ သိသင့်သိထိုက်တဲ့ ဓလေ့ထုံးထမ်းများ”  အကြောင်းကို  သင်ပေးပါမယ်။ပြီးရင်  “ ထုံးတမ်းရေးရာစာအုပ် “ ကို အသေးစိတ် ရှင်းပြပါ့မယ်”

မိန်းမစိုးလေးသည် စာအုပ်များကို လူတိုင်း၏စားပွဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝေပေးသည်။

ကျန်းရွှယ်နင် က အောက်ကိုငုံ့ကြည့်လိုက်တော့ မျက်နှာဖုံးမှာ ရေးထားတဲ့ ဆွဲဆောင်မှုရှိတဲ့  စာလုံး နှစ်လုံးကို တွေ့လိုက်ရသည်။

“အမျိုးသမီးကောင်းတို့ သိသင့်သိထိုက်တဲ့ ဓလေ့ထုံးထမ်းများ”

(တရုတ်လိုတော့ နှစ်လုံးထဲပါပဲ)

ဘာကြောင့်လဲ ဆိုတာကို သေချာ မပြောပြနိုင်ပေမယ့်၊ ဒီစာလုံးနှစ်လုံးကို မြင်တာနဲ့ ခဏအကြာမှာ ကျန်းရွှယ်နင်ရဲ့  ရွံရှာမှု အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်သည်။

ရှောင်းရှူ သည် ဤစာအုပ်ကိုမြင်သောအခါတွင် သူမ၏အမူအရာကို အနည်းငယ်ပြောင်းမလဲဘဲ ‌မနေနိုင်ပေ။

တခြားသူတွေကလဲ  တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ချန်ရှူယိ သာလျှင် နောက်ဆုံးတွင် သက်တောင့်သက်သာရှိသော မျက်ခုံးအမူအရာကို ပြသခဲ့ပြီး ကျန်းချုံ ၏ စကားကို သဘောမတူဟန်ဖြင့် ဖြည်းညင်းစွာ ခေါင်းညိတ်ခဲ့သည်။

ကျန်းချုံသည် အလွန်တင်းကျပ်သော စည်းကမ်းရှိသူဖြစ်သည်။ သူဆုံးဖြတ်ချက်ချပြီးသည်နှင့် သူ့အောက်က မင်းသမီးလေးအပါအဝင် လူများ၏အပြောအဆိုများကို ဂရုမစိုက်တော့ပေ။ ဒါကြောင့်  သူ ပြောတာကို အမြဲ အမှန်ထင်ကာ အားလုံးကလဲလနားထောင်ရမည်ဟု ယူဆထားသည်။

ကျန်းရှန်းရှန်သည်  စာအုပ်၏ စာမျက်နှာများကိုဖွင့်၍ “နှိမ့်ချပြီး ပျော့ညံ့သူ” ကို ပထမဆုံးဖတ်ရန်  တောင်းဆိုခဲ့သည်။

“ရှေးခေတ်ကတည်းက ကိုယ်၀န်သည်ဆိုတာ သမီးမိန်းကလေး မွေးခဲ့ရင် လအတော်ကြာ အိပ်ရာပေါ်မှာ အိပ်ခွင့်မရှိဘူး။ အဲဒီအစား ကုတင်အောက်မှာသာ အိပ်ရမယ်။ ချည်မျှင် ရစ်ပြီး  အုတ်ကြွပ်သယ်ကာ သူမ၏ ဘိုးဘေးများကို သူမရဲ့ နှိမ့်ချသော ဇစ်မြစ်ကြောင့် ကံကောင်းလာအောင် ဆုတောင်းရတယ်။  လယ်စိုက်ပျိုးခြင်းနှင့် ထွန်ယက်လုပ်ခြင်းလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ခင်ပွန်းသည်ကို စပျစ်ရည်၊ ကောင်းမွန်တဲ့ အစားအစာ နဲ့ ကျွေးမွေးပြုစုတတ်ရတယ်။ ဒါကြောင့် မိန်းမတစ်ယောက်အနေနဲ့ လုံ့လဝီရိယနဲ့ လေးစားမှုရှိသင့်တယ်၊ အရှက်တရားတွေကို သည်းခံပြီး ခင်ပွန်းသည်ကို  အမြဲလေးစားကြောက်ရွံ့နေရမယ်”


ခန်းမတစ်ခုလုံး တိတ်ဆိတ်နေသည်။

ရှန်းကျိရိ ၏အမူအရာမှာလည်း အနည်းငယ်မသေချာ။

ကျန်းရွှယ်နင် သည် အနောက်ထောင့်တွင်သာ အသာ  ထိုင်နေလေသည်။ထိုစကားများကို ကြားသောအခါ ရှောင်း မိသားစုနှင့် ပြင်းထန်စွာတိုက်ခိုက်ခဲ့သော  ယခင်မင်းဆက်၏ အောက်မေ့ဖွယ်အမှတ်အသားကို မတွေးတောဘဲ မနေနိုင်တော့ပေ။  သူမ နေဧကရီဖြစ်ချိန်မှာ တိတ်တဆိတ်ဖတ်ဖူးတဲ့ စကားလုံးတိုင်းဟာ မိန်းမသားတွေရဲ့ အကျင့်သီလနဲ့ မိန်းမသားတွေရဲ့  ကံကြမ္မာအကြောင်းတွေပင်။ ။ ကျန်းချုံ ပြောတဲ့စကားရဲ့ အဓိပ္ပါယ်နဲ့ ထပ်တူကျလုနီးပါးပင်။

ကလေးမွေးပေးတာတောင် အိပ်ရာနဲ့တောင် မထိုက်တန်ဘူး

ဒီမိုက်မဲမှုက ဘယ်ကလာတာလဲ။

ဒါကို ကျန်းချုံကယ ဖြောင့်မတ်သော မျက်နှာပေးဖြင့် ပြောနေသေးသည်။

ကျန်းရွှယ်နင် ရုတ်တရက် ထရပ်ပြီး သူမရှေ့က စားပွဲကို တွန်းလိုက်သည်။

“ ကျွီး ကျွီး “

စားပွဲခုံသည် ကြမ်းပြင်နှင့် ကြမ်းကြမ်းတမ်းတမ်း တိုက်မိပြီး  အသံထွက်လာကာ  စားပွဲပေါ်ရှိ စာအုပ်များ၊ စုတ်တံ နှင့် မှင်များအားလုံး ပြိုကျကာ လှိမ့်ဆင်းသွားကာ လူအားလုံးကို  လှည့်ကြည့်မိစေသည့် ဖရိုဖရဲ အသံများ ထွက်ပေါ်နေသည်။

ကျန်းချုံ က ချက်ချင်း မျက်မှောင်ကြုတ်ကာ သူမကိုကြည့်ရင်း

“ဘာဖြစ်နေတာလဲ?”

ကျန်းရွှယ်နင် က

“ရှန်းရှန် ၊ ဒီကျောင်းသူက အန်ချင်နေတယ် “

ကျန်းချုံသည် ဤစကားများကို ကြားလိုက်သောအခါတွင် သူ့အမူအရာက ပြောင်းလဲသွားသည် :

“မင်း ဘယ်သူကို ကျိန်ဆဲ နေတာလဲ!”

ကျန်းရွှယ်နင် က စိတ်ရှုပ်ထွေးနေပုံဖြင့်

“ တကယ်ကိုပဲ  ထူးဆန်းလိုက်တာ။ ကျွန်မ အန်ချင်တယ်လို့ပဲ ပြောတာပါ၊ ဘာလို့ ရှန်းရှန်ကို ကျိန်ဆဲတယ်လို့ပြောရတာလဲ ?  မနေ့က ဂရုမစိုက်ဘဲ  မကောင်းတာ တစ်ခုခု စားမိလို့လား ဒါမှမဟုတ် ဒီနေ့ မသန့်ရှင်းတဲ့ အနံ့အသက် တစ်ခုခုကို ရှူမိလိုက်လို့လို့လားပဲ၊ မတော်တဆ  ဒီခန်းမထဲမှာ အန်ချလိုက်မိရင် ဆရာ့ရဲ့ သင်ကြားမှုကို အနှောင့်အယှက်ဖြစ်သွား‌စေမှာ ကြောက်တယ်။ ဒါကြောင့် ဒီနေ့ ရွှယ်နင်ကို ရိုင်းစိုင်းတယ်လို့ မထင်ပါနဲ့။  ခွင့်လွှတ်ပေးပြီး  အရင်ထွက်သွားခွင့်ပြုပါ “

ကျန်းရွှယ်နင် ယဉ်ကျေးစွာပြောနေပေမယ့်လည်း နှုတ်ခမ်းပေါ်မှ အပြုံးသည် ရွဲ့စောင်းပြီး ယဉ်ကျေးခြင်းမရှိပေ။ နန်းတော်မှ လှည့်ထွက်သွားသောအခါတွင်ပင် ဂါ၀ရပင် မပြုခဲ့ပေ။

လူတိုင်း အံ့ဩသွားကြသည်။

ယုံကြည်မှုအပြည့်နဲ့ သတ္တိရှိရှိ ကျောင်းပြေးတဲ့လူကို  တစ်ခါမှ မမြင်ဖူးပေမယ့် ဒါက မြင်ဖူးသမျှထဲမှာ ပထမဆုံးနဲ့ နောက်ဆုံးပင်။

ကျန်းချုံသည် ကျန်းရွှယ်နင်  စည်းကမ်းကို မနာခံရုံသာမက နှုတ်ကိုဖွင့်ကာ  ပေါ်တင်လိမ်ညာပြီး   အတန်းထဲမှ ထွက်သွားမည်ဟု မထင်ထားခဲ့ပေ။ သူ၏ မူလမျက်နှာမှာ ပိုမည်းမှောင်လာပြီး ရုတ်တရက် ဒေါသဖြင့်  လက်ကို မြှောက်ကာ သူမနောက်‌ ကျော်ကို ညွှန်လိုက်သည် ။ ပြီးတော့ တုန်တုန်ယင်ယင်ဖြင့် တင်းမာစွာပြောခဲ့သည်-

“ကောင်းပြီ၊  ကောင်းပြီ ၊ နာခံမှုမရှိတဲ့ မိန်းကလေးပဲ၊ ဒီလို ခေါင်းမာတဲ့  စိတ်ဆန္ဒရှိသူက ဖုန်းချန်‌နန်းဆောင်နေဖို့ ထိုက်တန်တယ်ဆိုရင် ငါ ကျန်းချုံက ဒီသင်ခန်းစာကို သင်ပေးစရာတောင် မလိုတော့ဘူး၊ တစ်ယောက်ယောက်ကို လာဆုံးဖြတ်ခိုင်းလိုက်
မင်းကပဲ ကောင်းသလား  ဒါမှမဟုတ် ငါကပဲ ကောင်းသလားဆိုတာကို ”

သို့သော် ကျန်းရွှယ်နင်သည် ခန်းမနှင့်  ဝေးကွာနေပြီဖြစ်သည်။

အနောက်ကနေ အော်သံကြားတာတောက် သူမခေါင်းကို လှည့်ဖို့ စိတ်ကူးမရှိ။

သူမသည် ယခင်ဘဝကလဲ  ဤအဘိုးကြီး၏ အတန်းကို တစ်ခါမျှ မတက်ခဲ့ဖူး။ သူ့တွင် ထိုကဲ့သို့ ဒေါသစိတ်ရှိနေမှန်း သူမ မသိသော်လည်း လှိုင်းထအောင် လုပ်နိုင်မယ်လို့တော့  မထင်၊- အမှန်တော့ သူမသည် ယခင်ဘဝက မည်သည့် အတန်းမျှ မတက်ခဲ့ဖူးသလို ဒီအဘိုးကြီးကိုလဲ  တစ်ခါမှ မမြင်ဖူးဘူးချေ။

ကျန်းရွှယ်နင် တွေးရင်းနဲ့ သူမ သဘောတကျ ရယ်မောမိလိုက်မိသည်။

နေ့လည်ခင်း မရောက်သေးတာမို့  နန်းတော်ထဲ လမ်းလျှောက်ထွက်ချင်နေပေမယ့်လဲ  ရူရိ‌ ကျောက်စိမ်းကိစ္စနဲ့ ပတ်သက်ပြီး နန်းတော်မှာ လျှို့ဝှက်အုတ်အုတ်ကျက်ကျက်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် အခန်းပြန်အိပ်ချင်ပေမယ့်လဲ  တစ်ယောက်တည်းနေရတာက ပျင်းစရာဖြစ်နေသည်။

ထိုအကြောင်းကိုတွေးပြီးနောက် ကျန်းရွှယ်နင် ရိုးရှင်းစွာနဲ့ပဲ လှည့်ပြီး ဘေးဘက်ခန်းမဆီသို့သွားလိုက်သည်။

ရှဲ့ဝေ မနေ့က အတန်းချိန် ပြီးသွားရင် သူမကို လာခိုင်းထားသည်။ အခုလဲ သူမ ရောက်နေပြီဆိုမှတော့ ရှဲ့ဝေက  ရှိမရှိကို သွားကြည့်လိုက်မည်။ သူ ရှိနေရင် ဒီနေ့  နေ့လည်ပိုင်း မှ သင်ရမယ့် ချင်တီးခတ်ခြင်ူကို အခု သင်ယူလိုက်မည်။

ဖုန်းချန်‌နန်းဆောင်၏ ဘေးဘက်ခန်းမသည် ပင်မခန်းမဘေး၊ ထောင့်ပတ်လည်တွင်ရှိသည်။

သူမ ကြည့်လိုက်တော့ အပြင်မှာ ဘယ်သူမှမရှိ။

နောက်ဆုံးတစ်ခေါက်က အပြင်ဘက်တွင် စောင့်နေသော မိန်းမစိုးလေးသည်လဲ ထိုနေရာတွင် မရှိခဲ့ပေ။ စဉ်းစားကြည့်ရင် ရှဲ့ဝေသည် ယခုအချိန်တွင် ဤနေရာတွင် မရှိပေ။

ကျန်းရွှယ်နင် သည် သူမ၏ နှုတ်ခမ်းများကို ကော့ကာ သက်ပြင်းချပြီး  ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

လှေကားထစ်များပေါ်မှ  ဆင်းခါနီးတွင် စင်္ကြံပေါ်ရှိ ပန်းအိုးဘေးမှ “ မြောင်”  ဟူသော အသံလေးရုတ်တရက် ထွက်ပေါ်လာသည်။

သူမ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။

မြည်ကျူးသံက  ပို ရင်းနှီးလာသည်။

ကျန်းရွှယ်နင် သည် အသံ နောက်ကို လိုက်ကာ ပန်းအိုးထောင့်ကို တစ်ချက်ကြည့်လိုက်သည်။အတွင်းဘက် ကျဉ်းမြောင်းသော  မေကွက်လပ်တွင် ကွေးကောက်နေသော လက်ဖဝါးသာသာ သေးသေးဖြူဖြူ ကြောင်လေးတစ်ကောင်ရှိနေသည်။ သူ့ရဲ့  ပန်းနုရောင် နူးညံ့တဲ့ လျှာလေးကို သုံးပြီးတော့ ပါးစပ်လေးကို သပ်နေသည်။

“အဲဒါ မင်းပဲ!”

ဤသည်မှာ ရှဲ့ဝေ၏ပြတင်းပေါက်အစွန်းတွင် ငုတ်တုတ်ထိုင်နေခဲ့သော ကြောင်လေးဖြစ်ပြီး မိန်းမစိုးလေး၏ ခေါ်ဆောင်သွားခြင်းကို ခံရတဲ့ ကြောင်လေးဖြစ်မှန်း သိတာနဲ့ သူမသည် အလွန်ဝမ်းသာသွားသည်။

သူမ ကြောင်မကိုင်ရတာကြာပြီ ဖြစ်ကာ ၊ လက်တွေနည်းနည်းယားနေသည်။

ကျန်းရွှယ်နင် က ဒူးထောက်ထိုင်ချလိုက်ပြီး ခဏလောက်ကြည့်လိုက်တော့ ကြည့်လေလေ ကြောင်လေးက  ပိုချစ်ဖို့ကောင်းလေလေဟု  သူမခံစားသွားရသည်။ နောက်ဆုံးမှာတော့ သူမ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်သွားပြီး လက်ဖြင့် ညင်သာစွာ ဆုပ်ကိုင်လိုက်ကာ  သူမပေါင်ပေါ် တင်လိုက်ရင်း ခန်းမဆောင်၏ လှေကားထစ်များပေါ်တွင် ထိုင်ချလိုက်သည်။

ကြောင်လေးက လူကို မကြောက်ဘူး။

ငါးအသားကို ဝမ်းဗိုက်ထဲသို့ စားသုံးပြီးသည်နှင့် ပါးပြင်ပေါ်ရှိ ပျော့ပျောင်းသော အမွှေးအမျှင်များကို  နမ်းနေသည်။ ကျန်းရွှယ်နင် ၏ သွယ်လျသော လက်ချောင်းများက ၎င်း၏ ဦးခေါင်းလေးကို ညင်သာစွာ ပွတ်ပေးလိုက်တော့  မျက်လုံးများကို ကျဉ်းသွားစေတာကြောင့်  ကြောင်လေးက  ပျင်းရိနေပုံပေါ်သည်။ .

ကျန်းရွှယ်နင် သည် ဤအခိုက်အတန့်တွင် စိုးရိမ်မှုအားလုံး ကင်းစင်သွားသည်ဟု ခံစားမိသည်။

ဘေးခန်းမဆောင်က တိတ်ဆိတ်ပြီး လူသူကင်းမဲ့ကာ    မိုးကောင်းကင်ရောင်နဲ့  နှင်းစိမ်းရောင် စပ်ထားတဲ့ ၀တ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် လှေကားထစ်တွေပေါ်မှာ ပျင်းရိငြီးငွေ့နေတဲ့ ကြောင်ဖြူတစ်ကောင်ကို ပွေ့ဖက်ရင်း  ပျင်းရိစွာ ထိုင်နေခဲ့သည်။

ပင်မခန်းမကြီးမှ ကျန်းရှန်းရှန် ၏ ဟောပြောသံကို ဖျတ်ခနဲတစ်ချက်တချက်ကြားနေရသည်။

သို့သော်လဲ ကျန်းရွှယ်နင် က မကြားချင်ယောင်သာ ဆောင်လိုက်သည်။

လှေကားထစ်များပေါ်တွင် ခဏထိုင်ကာ ကြောင်ကလေးကို နမ်းပြီးနောက် နန်းတော်တံတိုင်း၏ တစ်ဖက်ကမ်းမှ လျင်မြန်သော ခြေသံကို ရုတ်တရက် ကြားလိုက်ရပြီး မိန်းမစိုးတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။

“ ဒါဆို ရှဲ့ရှန်းရှန် နောင်မှပဲ ဒီငယ်သားပြန်လာပါ့မယ် ..”

ရှဲ့ မျိုးရိုး !

ကျန်းရွှယ်နင် လန့်သွားသည်။

မသိစိတ်ဖြင့် သူမပေါင်ပေါ်ရောက်နေသည့် ကြောင်ကလေးကို အမြန်ပွေ့ဖက်ကာ အင်္ကျီလက်ထဲတွင် ဝှက်ထားလိုက်သည်။သူမက အနည်းငယ်ပြင်ဆင်ကာ တင်းတင်းကြပ်ကြပ် အုပ်ထားပြီးနောက် ခေါင်းကိုမော့ကာ တံခါး၀ကို စိုက်ကြည့်နေသည်။

မျှော်လင့်ထားသည့်အတိုင်း ရှဲ့ဝေ ထွက်ပေါ်လာသည်။

ခန်းမရှေ့တွင် တစ်ယောက်ယောက်ရှိနေမည်ကို  သိသိသာသာပဲ မမျှော်လင့်ထားတာကြောင့် မျက်လုံးများ က ကြုံသွားကာ  ကျန်းရွှယ်နင် ကို မြင်လိုက်ရသောအခါတွင် သူ့မျက်နှာပေါ်ရှိ အေးစိမ့်စိမ့် အေးစက်မှုကို မဖယ်ရှားသေးခင် သူ၏ အလိုမကျသော မျက်လုံးများက သူမအပေါ်  အရင် ကျရောက်လာသည်။

ကျန်းရွှယ်နင် လန့်သွားပြီး သူမနောက်ကျောက ဆံပင်တွေပင် ထောင်လုနီးပါး ဖြစ်သွားလေသည်။

သို့သော် နောက်အခိုက်အတန့်တွင် ကျန်းရွှယ်နင်သည် သူမကိုယ်သူမ ထိန်းထားရင်း  ဤကြောက်စရာကောင်းသော အငွေ့အသက်သည် မျက်စိတစ်မှိတ်အတွင်း အလင်းတစ်ခုကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ကျန်းရွှယ်နင် ရှေ့မှာ ပြန်ပေါ်လာတာကတော့ ယခင်အတိုင်း ပြစ်မျိုးမှဲ့မထင်တဲ့ ရှဲ့ဝေ ပါပဲ။

သူသည် လှေကားထစ်များပေါ်တွင် ထိုင်နေဆဲဖြစ်သော ကျန်းရွှယ်နင်ကို ကြည့်လိုက်ပြီးနောက် ပင်မခန်းမဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏ရှည်လျားပြီး ကြည်လင်သော မျက်ခုံးမွှေးများက မျက်မှောင်ကြုတ်ကာ မ‌နေနိုင်ဘဲ ရှေ့ကို လှမ်းကာ ရပ်လိုက်ပြီး

“မင်းကို  နေ့လည် ကျန်းရှန်းရှန်ရဲ့ အတန်းချိန်ပြီးမှ လာခိုင်းထားတာ။ ဒီအချိန်ဆို စာသင်နေသေးတယ် မဟုတ်လား?  နားမထောင်ဘဲ ဘာလို့ ဒီမှာထိုင်နေတာလဲ”

ကျန်းရွှယ်နင် သည် ကြောင်ကို သူမ၏ အင်္ကျီလက်ထဲတွင် ဝှက်ထားပြီး နည်းနည်းလေးမှ  မလှုပ်ရှားဝံ့ပေ။

သို့သော် ရှဲ့ဝေ ကိုတွေ့သောအခါ သူမ ထပြီး ဂါ၀ရမပြုပါက၊ သံသယကို မလွဲမသွေ နှိုးဆွလိုက်နိုင်သောကြောင့် ကျန်းရွှယ်နင်သည် ဂရုတစိုက်လှုပ်ရှားကာ ဖြည်းညှင်းစွာထရပ်ပြီး  လက်နှစ်ဖက်ကို အင်္ကျီလက်အား အုပ်ထားပြီး ရှေ့ကိုငုံ့ကာ


“ရှဲ့ရှန်းရှန်ကို နှုတ်ဆက်ပါတယ်၊ရွှယ်နင် ကျန်းရှန်းရှန်ရဲ့ အတန်းကို မတက်ချင်လို့၊ပြီး‌ တော့ နေ့လည်ဆိုရင်လဲ  ဒီကိုလာရဦးမှာဆိုတော့ အရင် ဆုံး  ရှဲ့ရှန်းရှန်ဆီ လာလိုက်တာ “

ပြီးတော့ စိတ်ထဲတွင် ယောင်ချာချာ ဖြစ်နေသည့်အတွက် သူမကိုယ်သူမ ကြိမ်းမောင်းနေမိသည်။

အစောနက . အကောင်းဆုံးရွေးချယ်မှုက ကြောင်လေးကို စွန့်ပစ်လိုက်ဖို့ပင်။

ဒါပေမယ့် အခုတော့ နောင်တရဖို့ နောက်ကျသွားပြီ ဖြစ်သည်။

ဒါပေမယ့်  စကားပြောနေချိန်မှာတော့ စိတ်ထဲမှာ ဆုတောင်းနေမိသေးသည်။

- ကြောင်ကလေး မင်းက နာခံတတ်ပါတယ်၊ အခု မာရ်နတ်ကြီး မင်းရဲ့ရှေ့မှာ ရှိနေပြီ၊ အခုအချိန်မှာ မအော်နဲ့၊ မဟုတ်ရင် သူချက်ချင်းစိတ်ဆိုးပြီး မင်းကို သတ်စားလိုက်လိမ့်မယ်”

ရှဲ့ဝေ က သူမပြောတာကိုကြားတဲ့အခါ သူ့မျက်ခုံးတွေ ပြေမလျော့သွားဘဲ ပိုနက်ရှိုင်းသွားတော့ကာ
“ ကျန်းရှန်းရှန်ရဲ့ အတန်းချိန် က မပြီးသေးဘူး။ ဆိုတော့  မင်းးစောစောထွက်လာတာ ဒါမှမဟုတ် ‌အတန်းပြေးတာ။   မင်းကျန်းရှန်းရှန်ရဲ့အတန်းမတက်ပေမယ့် ဒီလူ ဆီလာခဲ့တယ်၊  ကျန်းရှန်းရှန် ရဲ့ သင်ခန်းစာကို နားမထောင်ဘူးဆိုရင်  ဒီလူ ဘယ်လိုလုပ်ရမလဲ?မနေ့ကပဲ ယန့်လင်းနဲ့တွေ့ပြီး မင်းဉာဏ်ကောင်းပြီး နာခံမှုရှိတာကြောင့်  စိတ်ပူစရာ မလိုဘူးလို့ သူ့ကို ပြောခဲ့တယ်၊ ပြောခဲ့တာတွေက  အကုနါ အချည်းနှီးပါပဲ။ ခေါင်းမာပြီး နောင်တမရဘူးလို့  မမျှော်လင့်ထားဘူး ”

ကျန်းရွှယ်နင် အသားတွေ တဆတ်ဆတ်တုန်လာသည်။

သူမအတိတ်ဘဝတွင် ရှဲ့ဝေ ကို မပျော်မရွှင်ဖြစ်စေပြီး သူ့ကိုမုန်းတီးကာ ကြောက်ရွံ့သော်လည်း သူမသည် အခြားလူကြီးလူကောင်းများနှင့်မတူကြောင်း သဘာဝကျကျ တွေးမိခဲ့သည်ာ ဒါပေမယ့်  သူသည် အခြားလူကြီးလူကောင်းများကဲ့သို့ပင် သူမကို ကျောင်းသူအဖြစ် မဆက်ဆံခဲ့ပေ။ ယခုမူကား ကြမ်းတမ်းစွာပြောပြီး ဆူပူသည့်အပြင်ဘယန့်လင်းကိုပင် ဆွဲထည့်ခဲ့သည်။

သူမ၏ စိတ်ကို  နူးညံ့သော ဒဏ်ရာတစ်ခုဖြစ်စေသည်။

ဒီနေ့ ရှန်းကျိရိ ရဲ့ ထူးထူးခြားခြား စိတ်နေသဘောထားကမေ  လျှို့ဝှက်ဆန်းကြယ်တဲ့ သဲလွန်စတချို့ကို သူမ သတိပြုမိခဲ့တယ် ဆိုတာ မပြောလို။

သူမ သူ့ကို တည့်တည့်ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများ နီရဲနေသော်လည်း သူမ မငိုမိ၊  မကြုံစဖူး မထင်မှတ်ထားသော မတရားမှု နှင့် ဒေါသများ ပြည့်နှက်နေပါသည်။သူမ၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်  ခုန်နေသည်နှင့်အမျှ  မည်သို့ပင်ဆိုစေကာမူ ထိန်းမနိုင်သိမ်းမရတဲ့ တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။

အေးစက်သောမျက်နှာဖြင့် ရှဲ့ဝေလမ်းလျှောက်လာသောအခါတွင် သူမသည် ပို၍ပင် စိတ်ပူပန်လာရသည်။


ဒါနဲ့ပဲ  မူလက အင်္ကျီလက်ထဲမှာ ဝှက်ထားတဲ့ ကြောင် ယလေးကို သူမ ထုတ်လိုက်ပြီး အေးခဲနေတဲ့ မျက်နှာနဲ့ ရှီဝေကို တိုက်ရိုက် ဆန့်ထုတ်ပေးလိုက်သည်။

“ညောင်!”

ကြောင်ကလေးသည် ပျင်းရိပြီး အိပ်ငိုက်နေသော်လည်း ရုတ်တရက် အမြှောက်ခံလိုက်သောအခါတွင် ကျောပေါ်ရှိအမွှေးများက ထောင်သွားကာ ထိတ်လန့်စွာ အော်ဟစ်လိုက်လေသည်။

ရှဲ့ဝေ သည် ဇီနင်နန်းဆောင်  မှ လျှို့ဝှက်သတင်းတစ်ပုဒ်ကို ရရှိခဲ့ပါသည်။ သူပြန်လာသောအခါကျန်းရွှယ်နင် သည် ကျောင်းပြေးနေ သည်ကို တွေ့လိုက်ရသည်။ ထုံးစံအတိုင်း မျက်နှာရှစ် ခေါက်ချိုးနဲ့ အင်္ကျီကိုခါလိုက်ရင်း  လှေကားထစ်များပေါ်သို့ တက်လာလိုက်သည်။

ကျန်းရွှယ်နင် သည် သူမ အင်္ကျီလက် ထဲတွင် တစ်ခုခုဝှက်ထားသည်ဟု မည်သူထင်မည်နည်း။

ကြောင်လေးခမျာ သူ့အနီးသို့ ရောက်သွားသောအခါ သူ့မျက်လုံးလေးများသည် ပြင်းထန်စွာကျုံ့သွားကာ မျက်လုံးအောက်ခြေမှာ မည်းမှောင်နေပြီး နောက်ကျောမွှေးများထောင်နေကာ ကျန်းရွှယ်နင် ရဲ့ လက်ကို ကုတ်လိုက်သည်။ 

ကျန်းရွှယ်နင် သည် ကြောင်လေးကို နာကျင်ရမှာကြောက်လို့ ပေါ့ပေါ့ပါးပါးပဲ  ဆုပ်ကိုင်ထားတာဖြစ်ကာ လှည့်ပြီး အကုတ်ခံလိုက်ရတော့ လက်က လွှတ်ချလိုက်မိကာ  ကြောင်လေးသည်။ ချက်ချင်းပဲ   မြေပြင်ပေါ်သို့ ခုန်ဆင်းကာ အရင်ကလိုပဲ  နန်းတော်နံရံတလျှောက် ထွက်ပြေးသွားခဲ့သည်

ကျန်းရွှယ်နင် နှင့် ရှဲ့ဝေသာ  မျက်နှာချင်းဆိုင် ရပ်နေပြီး  ကျန်တော့သည်။

ကျန်းရွှယ်နင်၏ မျက်နှာတွင် ဘာအရိပ်အယောင်မရှိသည့်အပြင် ရှဲ့ဝေ၏ မျက်နှာတွင်လဲ ဘာအမူအရာမှ မရှိပေ။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now