အပိုင်း - ၂၃ နန်းတော်သို့ဝင်ခြင်း

901 105 0
                                    

Unicode

ခွန်းနင် နန်းတော်ရာ ပုံပြင်

အပိုင်း - ၂၃ နန်းတော်သို့ဝင်ခြင်း။

ထိုစကားကိုပြောပြီးနောက် ကျန်းရွှယ်နင် သည် ကျန်းရွှယ်ဟွေ့၏အမူအရာ ဘယ်လို ဖြစ်သွားသလဲဆိုတာကိုပင် ဂရုမစိုက်ဘဲ လှည့်ထွက်ခဲ့တော့သည်။

ဒီလောက်အချိန်တွေ အများကြီး ၀မ်နျန် အပေါ်  ဘယ်လို ခံစားချက်မျိုး ရှိလဲ ဆိုတာ အကြိမ်ပေါင်းများစွာ သူမကိုယ်တိုင်လဲ  မသိနိုင်ခဲ့။

သို့သော် သူမ၏ယခင် အတိတ်ဘဝက ဖြစ်ရပ်ဆိုးများသည်  နောက်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်လျှင်  အားလုံးသည် ၀မ်နျန် နှင့် ဆက်စပ်နေသည်။

ယုတ္တိရှိရှိ ပြောရလျှင်  ကျန်းရွှယ်နင် ၀မ်နျန်ကိုမုန်းနေသင့်သည်။

ဒါပေမယ့် ၀မ်နျန် သူမ  အရမ်းကို လွမ်းနေတဲ့ သမီးဖြစ်တဲ့ ကျန်းရွှယ်ဟွေ့က  မွေးမိခင်ဖြစ်တဲ့ သူမ အကြောင်းကို ဘယ်တော့မှ မေးမလာတာကို တွေးမိနေသရွေ့  ၀မ်နျန် ဟာ မုန်းတီးဖို့ကောင်းတာထပ်  သနားစရာကောင်းတယ်လို့သာ ကျန်းရွှယ်နင် ခံစားရလေသည်။

အတိတ်ဘဝတွင် ကျန်းရွှယ်နင် သည် ကျန်းရွှယ်ဟွေ့ ၏အခွင့်အရေးနှင့် သူမ၏အိမ်ထောင်ရေးကိုခိုးယူပြီး ရှန်းကျိရိ နှင့်အတူ အဖော်ပြုဖို့ နန်းတော်ထဲသို့ ဝင်ရောက်ရန်အတွက် တိုက်ခိုက်ခဲ့သည်၊ ဒီလိုမျိုး  နန်းတော်ထဲသို့  မင်းသမီးရဲ့ စာဖတ်တော် အဖြစ် သွားခဲ့ရတာတောင် ကျန်းရွှယ်နင်၏အမည်နာမသည် ကျန်းရွှယ်ဟွေ့ရဲ့ အရိပ်အောက်မှ ရှိနေကာ နန်းတော်ထဲတွင် လုံးလုံးလျားလျား ချောင်ပို့ထားခံရသည်။

အခုလဲ အရာအားလုံးသည် ယခင်အတိတ်ဘဝနှင့် သိပ်မကွာခြားလှပေ။

ဒါ့ကြောင့် ဤဖြစ်ရပ်က သူမကို မတွေးတောဘဲမနေနိုင်အောင် ဖြစ်စေခဲ့သည်-  ဤဘဝတွင် ပြန်လည်မွေးဖွားပြီးနောက် တစ်စုံတစ်ရာကို တကယ်ပဲ  ပြောင်းလဲနိုင်ပါ့မလား။ ဒါမှမဟုတ် အရင်ဘဝက အမှားတွေကို ပြန်လုပ်မိဦးမှာလား?


နောက်တစ်နေ့ နံနက်စောစော အရုဏ်မတက်မီ ကျန်းရွှယ်နင် ကို  အစေခံမိန်းကလေးများက အိပ်ရာထရန် စောင့်ကြိုနေခဲ့သည်။ အဝတ်အစားလဲပြီးသည်နှင့် မိဘများကို နှုတ်ဆက်ကာ ခရီးဆောင်အိတ်အနည်းငယ်ကို ယူကာ မြင်းလှည်းပေါ်သို့ တက်ခဲ့သည်။

နန်းတွင်းအရာရှိ အမတ်များသည်  မန်ဒရီယန်တံခါးမှတဆင့် နန်းတော်သို့ ဝင်ထွက်သွားလာနေကြသည်။

နန်းတော်ရှိ အမျိုးအနွယ်များ သို့မဟုတ် နန်းတွင်းအပျိုတော်၊အ စေခံများ အားလုံးသည်တော့  နန်းတော်၏ အရှေ့မြောက်ထောင့်ရှိ  ကျန်းရွှမ် တံခါးမှတဆင့် ဝင်ရောက်ကြသည်။

ရွေးချယ်ခံ စာရင်းတွင် ပါ၀င်သော မိန်းမပျို အများစုသည် မိန်းကလေးများအတွက် အကောင်းဆုံးအသက်အရွယ်  ဖြစ်သော ဆယ့်ခုနစ်နှစ်မှ  အသက်နှစ်ဆယ်ကြား  အရွယ်လေးတွေသာ ဖြစ်သည်။

ကျန်းရွှယ်နင်  တံခါး၀ကို ရောက်သွားတော့ လူတချို့ ရောက်နေပြီ ဖြစ်သည်။

မင်းမျိုးမင်းနွယ်၊ဂုဏ်သရေရှိ မိန်းမပျိုလေးများ စုဝေးရာ ပွဲများတွင် သူမသည်  ပေါ်ထွက်လာတာ ခဲယဥ်းပြီး သူမနှင့် မရင်းနှီးကြ ပေ။ သို့ပေမယ့် ရောက်နှင့်နေကြတဲ့ လူများသည်တော့ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြပြီး အသံတိုးတိုးဖြင့် တီးတိုးပြောကာ  နန်းတော်တံခါးအနီးတွင် ရပ်နေကြသည်။

ဒါပေမယ့် ကျန်းအိမ်တော်က မြင်းလှည်းရောက်လာတာနဲ့ တီးတိုးဆွေးနွေးမှု  တွေက ရပ်တန့်သွားပြီး  အားလုံးက သူမကို လှည့်ကြည့်လာလေသည်။

သူတို့၏အကြည့်များတွင် စူးစမ်းလိုစိတ် သို့မဟုတ် ကြောက်ရွံစိတ် အနည်းငယ် ပါ၀င်လေသည်- ကျန်းရွှယ်ဟွေ့ သည် ကျန်းမိသားစုမှ ပထမဆုံးစာရင်းသွင်းလိုက်သည့် နာမည်ဖြစ်သော်လည်း ကျန်းရွှယ်နင် ကသာ ရွေးချယ်ခံ  စာရင်းမှာ ပါလာကာ ရုတ်တရက်ရွေးချယ်ခံခဲ့ရသည်။ ဒီကိစ္စက ကျန်းစံအိမ်အတွင်းမှာသာမက အပြင်မှာပါ ပျံ့နှံ့ နေခဲ့သည်။ သူတို့လို ဂုဏ်သရေရှိ မိသားစုက မိန်းကလေးတွေက ဒါတွေကို ဘယ်သူက ဂရုမစိုက်ဘဲ နေနိုင်မှာတဲ့လဲ?;

ဘယ်သူ့ကမှ ထိုစိတ်ကို  အနိုင်ယူလို့မရနိုင်ပေ။


ဒီ ကျန်းရွှယ်နင် ကတော့ ကံကောင်းလှလေသည်။  အိမ်မှာထိုင် နေပြီး ဘာမှလုပ်စရာ မလိုဘဲ မုန့်က ကောင်းကင်ကနေ ပြုတ်ကျပြီး ခေါင်းကို ထိမှန်လေသည်။

ဒါမျိုးကို တွေ့မြင်ရတာ စိတ်တည်ငြိမ်ဖို့က တကယ်ခက်ခဲလေသည်။

ကျန်းရွှယ်နင် သည် မြင်းလှည်းပေါ်မှဆင်းကာ တစ်ချက်ကြည့်လိုက်တော့ သူမနှင့်ရင်းနှီးသောမျက်နှာအချို့ကိုတွေ့လိုက်ရသည်၊ သူတို့အားလုံးသည် ယခင်ဘဝက သူမနှင့်အတူရှိခဲ့ကြသူများဖြစ်သည်။

ချင်းယွမ်စံအိမ် မှ ယိုယွဲ့

ထိုနေ့  ကိုးကြိမ်မြောက် မီးပုံးပွဲတော်တွင် ကျန်းရွှယ်နင် သည် သူမ မျက်နှာသာမပေးဘဲ ဒေါသတဖြစ်စေခဲ့သည်။

ယခုအချိန်တွင် ယိုယွဲ့သည် လှပတင့်တယ်သော နန်းတော်ထဲ ၀င်ရင် ၀တ်သင့်တဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဂုဏ်သိက္ခာရှိပြီး ကျက်သရေရှိသော မျက်နှာထားကို  ပင့်ချီထားသော်လည်း ကျန်းရွှယ်နင်ဆီသို့ လှမ်းကြည့်နေသည့် မျက်လုံးများတွင် ဖုံးကွယ်ထားသော ရန်ငြိုးထားမှုများနှင့် မနာလို၀န်တိုမှုအရိပ်အမြွက်ပင် ရှိနေသည်။

ကျန်းရွှယ်နင် သူမကိုယ် သူမ ပြောခဲ့ဖူးသည်။  သူမရှေ့ လျှောက် သေခြင်းတရားကို ဘယ်တော့မှ မရှာဘူးလို့ စိတ်ထဲမှာ တွေးထားပြီးသားပင်။ တနည်းပြောရရင်  ဒီတစ်ခေါက် နန်းတော်၀င်ရတဲ့ အခြေအနေဟာ အရင်ဘဝကထက် အများကြီး ပိုကောင်း နေနိုင်သေးတာပဲ ၊လူတစ်ယောက်ရဲ့ ဒေါသကြောင့် သူမကို သေရတယ်ဆိုရင် ကြားရတာ ကောင်းမှာ မဟုတ်ပေ။



ယိုယွဲ့ ၏နောက်တွင် ရိုးရာဓလေ့ရေးရာဝန်ကြီးဌာနမှ ဖန်းရှန့် လက်ရေးလှဆရာ၏ သမီးပျိုဖြစ်သူ ဖန်းယိလန် သည် နောက်ဆုံး နဝမအကြိမ်မြောက် မီးပုံပွဲ၌ ကဗျာစပ်ရာတွင် အဆင့်တစ် ဟု သတ်မှတ်ခံရသူဖြစ်သည် ။

နန်းတော်ထဲကို ဝင်ရတဲ့ကိစ္စက သူမအတွက် စိတ်လှုပ်ရှားစရာ ဖြစ်ပုံမပေါ် ။

အခြားသူများက ကျန်းရွှယ်နင် ကို အနည်းငယ် ထူးဆန်းစွာ ကြည့်နေကြသော်လည်း ဖန်းယိလန်သည် စူးစမ်းလိုစိတ်လဲမရှိ၊ မနာလိုဘဲ ဘာမှမထူးခြားဘဲ  အဖြူသက်သက်သာ ကြည့်နေခဲ့သည်။

ကျန်းရွှယ်နင် သည် ဤတစ်ကြိမ် သူမနှင့်အတူ နန်းတော်သို့ စာသင်ရန် ဝင်ရောက်လာသူ ဆယ့်နှစ်ဦးတွင်  ဖန်းယိလန် တစ်ဦးတည်းသောကသာ  ချမ်းသာမှုနှင့် စည်းစိမ်ဥစ္စာကို တောင့်တခြင်းမရှိဘဲ စာသင်ရန် အတွက် ၀င်ရောက်လာတဖြစ်ကြောင်း  သိသည်။

နောက်တစ်ယောက်ကတော့ တင်းယွမ်ဟုန်အိမ်တော် မိသားစုရဲ့ တတိယမြောက်သမီး ကျိုးပေါင်ယင်  ဖြစ်ပြီး၊ အားလုံးထဲမှာ အငယ်ဆုံးဖြစ်ပြီး  တင်းယွမ်ဟုန်အိမ်တော်ရဲ့ အချစ်ဆုံးသမီးပျိုလည်း ဖြစ်ပါတယ်။

ပါးဖောင်းဖောင်း ၊ မျက်နှာကျ ဝိုင်းဝိုင်း၊ အသားဖြူဖြူနုနုလေးတွေအပြည့်ရှိတဲ့ မျက်နှာလေးနဲ့ အနက်ရောင်စပျစ်သီးနဲ့တူတဲ့ မျက်၀န်းတစ်စုံ ရှိလေသည်။

လူတွေက နန်းတော်တံခါးရှေ့မှာ ရပ်ပြီး ကြောက်လန့်ခြင်းမရှိလှည့်ပတ်ကြည့်ရှုနေကြသည်။

ကျိုးပေါင်ယင် ၏ ဖြူဖွေးနူးညံ့သောလက်ထဲတွင် ဆီစက္ကူအိတ်သေးသေးလေးကို ကိုင်ထားရင်း ၊ သူမသည် သကြားလုံး လေးများကို ထုတ်ယူကာ   ဟမ်စတားလေးတစ်ကောင်လို ပါးပြင်ဖောင်းဖောင်းလှုပ်ယမ်းကာ  စားပြီး ကျန်းရွှယ်နင် ကို စိုက်ကြည့်နေသည်။

သရေစာတစ်ခုခုပေးရုံဖြင့် ပြန်ပေးဆွဲသွားနိုင်သော မိန်းကလေးဖြစ်သည်။

ဒါပေမယ့် ၎င်းက ဆိုးရွားတဲ့အချက်လည်း ရှိနေသည်--

ဆိုလိုတာက သူမကို အဆာပြေပေးတဲ့သူဆို  သူမကို လှည့်စားအနိုင်ယူနိုင်တယ် ဆိုတာပင် ။ အဘယ်ကြောင့်ဆိုသော် သူမသည် ငယ်ရွယ်သေးကာ ၊လူလောက သဘောတရားများကို မသိနားမလည်သောကြောင့် ဖြစ်နိုင်သည်။

ကျန်တဲ့ ၃ ယောက်ကတော့ ယောင်ရုံရုံ ၊ဖန့်မြောင် နဲ့ တခြား ၃ ယောက်ပါ။

ကျန်းရွှယ်နင် နှင့် သုံးယောက်လုံးက လုံး၀ ရင်းနှီးမှု မရှိသည့်အပြင် အထိအတွေ့လဲမရှိ ။

သူမတို့သည် ကျင့်ဝတ်သိက္ခာနှင့် ပညာရပ်ပိုင်းဆိုင်ရာ ညံ့ဖျင်းပုံတာကြောင့် စည်းကမ်းများကို လေ့လာရန်နှင့် နန်းတော်ပတ်ဝန်းကျင်နှင့် ရင်းနှီးစေရန်  ၀င်စေခဲ့တာ ဖြစ်ပေမယ့် ရက်ပိုင်းအတွင်း နန်းတော်အပြင်သို့ အမျိုးသမီးအရာရှိများက ပြန်ပို့ခဲ့သည်။

ဒါ့ကြောင့် ကျန်းရွှယ်နင် ပထမဆုံး ထုတ်ပယ်ခံရတဲ့ ပထမနှစ်ယောက်ကို မှတ်မိနေသေးသည်။

ယောင်ရုံရုံ သည် ယခုအချိန်ထိ နန်းတော်သို့ဝင်ရောက်လာသူများထဲတွင် အငယ်ဆုံးသူဖြစ်ပြီး သူမသည် ဟန်လင်းကျောင်းတော်လက်ထောက် ၀န်ကြီး  ယောင်တုဖျင် ၏သမီးဖြစ်သည်။ ရောက်လာသူများ၏အသွင်အပြင်နှင့် ဝတ်စားဆင်ယင်မှုသည် အခြားမိသားစုကြီးများမှမိန်းကလေးများနှင့်ယှဉ်လျှင် အနည်းငယ်ညံ့ဖျင်းသည်။

လူတွေကို ကြည့်တဲ့အခါမှာလည်း နိမ့်ချပြီး ကြည့်ရတာကို သဘောကျသည်။

သို့ပေမယ့် သူမ ကျန်းရွှယ်နင်ကို လှမ်းကြည့်လိုက်တော့ ကျန်းရွှယ်နင် ရဲ့ အကြည့်ကို သူမ တွေ့လိုက်သည်နှင့် သူမ အကြည့်ကို ချက်ချင်းပဲ ရုတ်လိုက်ပြီး သူမကို ထပ်မကြည့်ရဲတော့ပေ။

ကျန်းရွှယ်နင် သည် သူမ၏ယခင်အတိတ်ဘဝက လူအားလုံးထဲတွင် အမိုက်မဲဆုံးနှင့် အနှေးဆုံး သင်ယူသူဖြစ်သော ယောင်ရုံရုံ ကို သတိရမိသည်။

နောက်ဆုံးတစ်ယောက်ကတော့  ဖန့်မြောင် ပင်။

နူးညံ့သိမ်မွေ့သော မျက်နှာ၊ သန့်ရှင်းသော၊ ထက်မြက်သော မျက်လုံးတစ်စုံရှိသော်လည်း အနည်းငယ်  ပြောင်းလဲလွယ်လေသည်။ သူမ၏ မျက်ခုံးဖျားတွင် အနီရောင်မှဲ့လေးများ ရှိနေသဖြင့် အနည်းငယ် သိမ်မွေ့သော ရုပ်ရည်ရှိသည်။ သေသေချာချာကြည့်လျှင် သူမသည် ယနေ့တွင် ရေပြာရောင်ဝတ်စုံကို ၀တ်ထားသည် ။ ကိုးလပိုင်းသည် ဒြပ်စင်ငါးမျိုးအရ တွက်ချက်မယ် ဆိုရင် ရွှေအသွေးကို  ပိုင်ဆိုင်ထားသောကြောင့် နေ့အပူချိန်သည်  စိုစွတ်ပြီး ရေနှင့်အတူ ကြီးထွားလာသည်။

ဟုတ်ပါတယ် ၊ ဖန့်မြောင် က ချင်နိုင်ငံ နက္ခတ်ရေးရာ ၀န်ကြီးဌာနက အမတ်ရဲ့  တစ်ဦးတည်းသောသမီးပင်။

သူမသည် ငယ်စဉ်ကတည်းက အဲအပိုင်းနဲ့ ပတ်သတ်ပြီးအစွဲအလမ်းကြီးကာ ကောင်းကင်ကို လေ့လာရန်၊ နေရောင်ခြည်ကို တွက်ချက်ရန် ဖခင်ထံမှ သင်ယူခဲ့ပြီး ဒြပ်စင်ငါးပါးနှင့်တာအိုသဘောတရား ရှစ်ဖြာတို့ကို လေ့လာကာ အခြားသူများအတွက်လဲ နက္ခတ်ဗေဒင်နှင့် ဗေဒင်ဟောချက်များကို ပြုလုပ်ပေးခဲ့သည်။

မမှန်ကန်သည် မမှန်ကန်သည်တော့ ကျန်းရွှယ်နင် မသိ။

မည်သို့ပင်ဆိုစေကာမူ အတိတ်ဘဝက ဖန့်မြောင် သည် ဤနန်းတွင်းတွင် သူမ၏ ဝါသနာကြောင့် အခြားသူများကြားတွင် အလွန်ရေပန်းစားခဲ့ပြီး မိန်းမပျိုလေးများ၏ အိမ်ထောင်ရေးကောင်းမကောင်းကို တွက်ချက်ရန် ညဘက်တွင် အတူစုရုံးကာ ရေထဲက ငါးတစ်ကောင်ကဲ့သို့  လိုက်လျောညီထွေစွာ ပေါင်းသင်းခဲ့သည်။

ကျန်းရွှယ်နင်တော့ အခြားသူတွေ သူမကို ဘယ်လိုမြင်လဲ ဂရုမစိုက်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီဘဝအတွက် သူမရဲ့ အစီအစဉ်တွေက အရမ်းရှင်းလင်းနေတာကြောင့်ပင်...

ကျင့်ဝတ်သင်ယူရမယ် ?

အိပ်ပျော်ချင်ဟန်ဆောင်နေတဲ့သူကို  အတင်းနှိုးလို့ မရချေ၊ ဒါကြောင့် သင်ကြားပေးတဲ့ အမျိုးသမီးအရာရှိ ဘယ်လောက်ကောင်းနေပါစေ နန်းတွင်းနဲ့ ခပ်ဝေးဝေးနေချင်တဲ့သူကို သွန်သင်ဆုံးမဖို့ မဖြစ်နိုင်ချေ။

ဒီကလူတွေနဲ့ ဆက်ဆံရတာ ပျင်းလွန်းတယ်။

ဒါကြောင့် မြင်းလှည်း ပေါ်ကဆင်းလိုက်ပေမယ့် သူတို့နဲ့ စကားမပြောဖြစ် သိပ်မဝေးလှတဲ့ နန်းတော်တံခါး၀နားမှာ ရပ်လိုက်သည်။

ဂိတ်တံခါး၀ကို စောင့်နေတဲ့ မိန်းမစိုးက လက်ညိုးနဲ့ ရေတွက်ပြီး ပြောတယ်


“ကိုးယောက်ပဲ  ရှိသေးတယ်၊ သုံးယောက်တောင် မရောက်သေးဘူး။ သခင်မလေးတို့  ခဏစောင့်ပေးပါဦး ၊ အကုန်စုံရင် ဒီအမှုထမ်းက သခင်မလေးကို နန်းတော်ထဲ ခေါ် သွားပေးပါမယ်” ”

နောက်တော့ ယောင်ရုံရုံက မဝံ့မရဲနဲ့  မေးလာရာ

“ဘယ်သူ မလာသေးတာလဲ? “

ကျိုးပေါင်ယင်  က ခေါင်းငုံ့ပြီးသာ ဆီစက္ကူအိတ်ထဲက သကြားလုံးသီးကို ဆွဲထုတ်ကာ  စားရင်း ပြန်ဖြေသည်။

“ရောက်မလာသူကတော့ ရှောင်း မိသားစုကပဲ  ဖြစ်မယ်။ အစ်မ ချန် နဲ့ ညီမ ယောင်း လဲ  သူမနဲ့အတူ ရှိ၊ အတူတူလာမှာ သေချာတယ်”

ထိုစကားကြောင့် တခြားသူတွေရဲ့ မျက်နှာမှာ အနည်းငယ် ထူးဆန်းမှုတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ကျိုးပေါင်ယင်သည် တင်းယွမ်ဟုန်အိမ်တော်၏ သမီးဖြစ်ပြီး၊ သူမသည် ရှောင်းရှူနှင့် အမြဲနီးကပ်နေခဲ့ကာ သူမသည် ဖြူစင်သောနှလုံးသားရှိသောကြောင့် ထိုကဲ့သို့သောစကားများပြောခြင်းသည် အမှားအယွင်းမရှိဟု သူမထင်ခဲ့ပေသည်။ ဒါပေမယ့် တခြားသူတွေရဲ့ မိသားစုတွေက သူမတို့နဲ့ ယှဉ်ဖို့ခက်ခဲလေသည်။

အခု ဒီမှာ လူအများစုက စောင့်နေကြပေမယ့် မလာသေးတဲ့သူတွေက ရှိနေတုန်းပင်။

ဒီကို ရောက်မလာသေးတဲ့သူတွေက မာနကြီးလွန်းတယ်လို့ ဘယ်သူက မထင်ဘဲ နေမှာလဲ။

သို့သော် သူတို့စကားပြောနေကြစဉ်တွင် အလွန်ကြီးမားသော မြင်းလှည်းတစ်စင်းသည် ကျန်းရွှမ် ဂိတ်ဆီသို့ မောင်းနှင်လာပြီး လူတိုင်းရှေ့တွင် ရပ်သွားခဲ့သည်။

မြင်းလှည်းထိန်းသည် လှည်းပေါ်မှ ခြေတင်ခုံကို ယူ၍ ချလိုက်သည် ။

ကျန်းရွှယ်နင် နှင့် ယခင်က စကားပြောဖူးသော မိန်းမစိုးသည် လှည်းရထားကိုမြင်ပြီး အလျင်အမြန်သွားကာ မျက်နှာတစ်ပြင်လုံး ပြုံးရွှင်ကာ လှည်းဘေးတွင် ဦးညွှတ်လျက်


“ပထမသခင်မလေးရှောင်း ရောက်လာပါပြီလား ? “

ဟုတ်ပါတယ်၊ လှည်းအတွင်းထဲတွင် က ရှောင်းရှူ ရှိနေသည်။

သူမသည် ယနေ့တွင် လက်အ၀ကျယ်ပြီး ခါးတစ်ဝိုက်တွင် တရုတ်ဇီးသီးပွင့်များပါသော အဝါရောင် နတ်သမီးလိုလှပသော ဝတ်စုံကို ၀တ်ဆင်ထားသည်။ ရှောင်းရှူ သည်  မြင်းလှည်းသမားရဲ့လက်ကို ကိုင်ကာ မြင်းလှည်းပေါ်မှ ဆင်းကာ ပြုံးလျက်

“ ဒီနေ့ ဟွမ်ကုန်းကုန်း ကိုယ်တိုင် လာကြိုတာပါလား ? ဒီနေ့ မင်းသမီးက ကုန်းကုန်း ကိုယ်တိုင် လာကြိုမယ်လို့ မပြောထားဘူးည”

ဟွမ်ရန်လီက ပြုံးပြပြီး

“မင်းသမီးကအဖော်တွေ အများကြီး လာမယ်ဆိုတာ သိလို့ အရမ်းပျော်နေပါတယ်။  ဒါ့ကြောင့် ဒီနေ့ ကျွန်တော်မျိုးကို ဒီကို လွှတ်လိုက်တာပါ။  မင်းသမီးကို ပြန်သွားတဲ့အခါ ပြန်ပြောပြလိုက်ပါ့မယ်။ “

ဤဟွမ်ရန်လီ သည် အကြီးဆုံးမင်းသမီးလော့ယန် ၏ ဘေးနားရှိ အနီးကပ် မိန်းမစိုးဖြစ်သည်၊ သူ့ကို အကြီးဆုံးမင်းသမီးက အလွန်ယုံကြည်သည်ဟု ယူဆနိုင်သည်။

သို့သော် ထိုမိန်းမစိုးသည် ရှောင်းရှူ မြင်းလှည်းပေါ်မှ ဆင်းဖို့  ကူညီရန် ရှေ့တိုးလာခဲ့သည်။

ရှောင်း မိသားစု၏ ထင်ပေါ်ကျော်ကြားမှုအရ  ရှောင်းရှူ နှင့် အကြီးဆုံးမင်းသမီးတို့ကြား ကောင်းမွန်သောဆက်ဆံရေးကို မြင်တွေ့နိုင်သည်။

ရှောင်းရှူ သည်သာ  ထိုမြင်းလှည်းထဲတွင် ရှိနေသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။

ရှောင်းရှူ မြင်းလှည်းပေါ်မှ ဆင်းပြီးနောက် နောက်ထပ် လူနှစ်ယောက် မြင်းလှည်းပေါ်မှ  ထပိဆင်းလာခဲ့သည်။

ကျန်းရွှယ်နင် သည် ၎င်းကိုမြင်သောအခါ အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။

ချန်ယွင်ကျင်း မိသားစု၏ သမီးဖြစ်သူ ချန်ရှု့ရိChen Shuyi သည် နန်းတော်သို့ ဝင်ရောက်ခဲပြီး မင်းသမီး လော့ယန် နှင့် သိပ်မရင်းနှီးသော်လည်း  ရှောင်းရှူနှင့်မူ အလွန်ကောင်းသော ဆက်ဆံရေးရှိသည်။

အဘယ်ကြောင့်ဆိုသော် သူမတို့နှစ်ဦးသည် ဤမြို့တော်တွင် တူညီသော နောက်ခံရှိသောကြောင့်ဖြစ်သည်။

ရှောင်းရှူ လောက် မကျော်ကြားပေမယ့် သူမရဲ့နာမည်ကလဲ တန်းတူလိုက်နိုင်သည်။ ။သူမသည်လဲ  ကျက်သရေရှိပြီး နှုတ်ခမ်းပေါ်မှာ အပြုံးမပျက် အမြဲရှိနေတတ်ပေမယ့် သူမကိုကြည့်တဲ့အခါ အတော်လေးကို တွေးခေါ်မြော်မြင်တတ်သူဟုပင် ထင်ရသည်။  မျက်လုံးများကလဲ ထိန်းထိန်းသိမ်းသိမ်းနှင့် သတိထားတတ်သော စရိုက်ရှိသည်။

တစ်ခြား ကျန်တဲ့လူကတော့ စိတ်ဝင်စားစရာပါပင်။

သူမမှာ  ဗာဒံ‌စေ့လို မျက်လုံးနှင့် မိုးမခမျက်ခုံးများရှိပြီး  ရှားပါးချည်ထည်ကို ၀တ်ဆင်ထားသည် ။ သူမရဲ့  နားရွက်ပေါ်တွင် လခြမ်းပုံသဏ္ဍာန်ရှိသော အဖြူရောင် ကျောက်စိမ်းနားကပ်တစ်ရံ၊ နူးညံ့သိမ်မွေ့သော ကျောက်စိမ်းလည်ဆွဲသည်လဲ သူမရဲ့ ရင်ဘတ်ပေါ်တွင်ရှိနေသည်။ ဝတ်စားဆင်ယင်ပုံကို ကြည့်ရုံနဲ့တောင် ကြည့်လိုက်ရုံ နောက်ခံက သာမန်မဟုတ်မှန်း သိသာသည်။ သူမ မြင်းလှည်းပေါ်က ဆင်းလိုက်ချိန်မှာတော့ သူမသည် ခက်ခဲပြီး မနှစ်မြို့ဖွယ် တစ်ခုခုကို ကြုံလာရသလို  ဒေါသထွက်နေကာ အနည်းငယ် မှိုင်း‌တွေပြီး မျက်မှောင်ကြုတ်လိုက်သေးသည် ။

ကျန်းရွှယ်နင် သည် သူမကို  အတော်လေး အထင်ကြီးသွားမိသည်။

အတွင်း၀န်ကြီးဌာနရဲ့၀န်ကြီးချုပ် တိုက်ဖူယောင်း၏သမီး 

ယောင်းရှီး

သူမဟာ ကျန်းကျယ်ကို ဇနီးအဖြစ်နဲ့ လက်ထပ်လုနီးပါးဖြစ်ခဲ့ပေမယ့် လက်ထပ်ဖို့ အဆိုပြုချက်က တစ်ဝက်တစ်ပျက်နဲ့ ပြီးဆုံးသွားချိန်မှာတော့ လက်ထပ်ဖို့ ပျက်ယွင်းသွားခဲ့သည် ။ တော်၀င်ကိုယ်ရံတော် ဌာနနှင့်  အထိကရုဏ်း ဖြစ်ပွားပြီးနောက်တွင် ကျန်းကျယ်သည်  ဖိနှိပ်မှုများစွာ ခံရသည့်အပြင်  ကျန်းကျယ်၏ သက်ကြီးရွယ်အို မိခင် ဖုန်းရှီသည်လဲ အပြင်းဖျားခဲ့သည်။

အဆုံးတွင် ယောင်းရှီးသည် ရွေးချယ်မှုပေါင်းထောင်နှင့်ချီပြီးလုပ်ပြီးနောက်၊ သူမသည် ကျိုးယင်းကျိ ကို ရွေးချယ်ကာ လက်ထပ်ခဲ့သည်။

ထိုအချိန်မှစ၍ ယောင်းရှီးသည် ကျိုးယင်းကျိ ကို ကူညီရန် သူ့မိခင်မိသားစုကို တောင်းဆိုခဲ့ပြီး အကူအညီပေးခဲ့သည်။ မထင်မှတ်ဘဲ၊ ထိုအကူအညီက သုံးနှစ်သာကြာပြီးနောက်၊ “ကလေးမွေးဖွားရခက်ခဲခြင်း”ဆိုတာ ကြောင့် ကိုယ်လုပ်တော်များစွာရှိသော ကျိုးယင်းကျိ၏အိမ်ကြီးတွင် သူမ သေဆုံးသွားခဲ့သည်။

ဒီအချိန်မှာ ယောင်းရှီး က ကျန်းကျယ် နဲ့ လက်ထပ်ဖို့ ဆွေးနွေးနေသင့်ပြီး ဒီကိစ္စအတွက် သူမ စိတ်ပူနေရမှာ မဟုတ်ဘူးလား။

ကျန်းကျယ် သည် တော်၀င်ကိုယ်ရံတော် ဌာနနှင့်  အတိုက်အခံ ဖြစ်ပွားကာ ကောင်းမွန်သောအနာဂတ်ရှိမည့်ပုံမရာ

ကျန်းရွှယ်နင်  ယောင်းရှီးဘ၀သည်  သူမ၏ အတိတ်ဘဝကလို  ကောင်းမွန်သောရလဒ် ထွက်လာမည် မဟုတ်ကြောင်း သူမသိသော်လည်း အဘယ်ကြောင့်သူများကို ကူညီပေးနေရဦးမည်နည်း ။  သူမ၏ကိုယ်ပိုင် ဘ၀လမ်းကြောင်းကတောင် ဤနိမ့်ပါးသူထက် အမှန်တကယ်ပင် ညံ့ဖျင်း‌ နေသေးသည်။ ကျန်းရွှယ်နင် သည် ယောင်းရှီးကို  အပေါ်အောက်၊ ဘယ်ညာ စစ်ဆေးကြည့်သော်လည်း  ယောင်းရှီးသည် အလွန်ရွှင်မြူးခြင်းမရှိသည်ကို သူမ တွေ့လိုက်ရသည်။

ကျန်းကျယ် ကို စွန့်ပစ်ပြီး ကျိုးယင်းကျိကို ရွေးချယ်ခဲ့တယ်...

ဒီလှပတဲ့ မျက်လုံးလေးတွေက တကယ်ကို ကန်းနေတာပဲ။

သူမ၏အကြည့်များသည် တည်ငြိမ်ပြီး အဓိပ္ပါယ်ပြည့်ဝပြီး  ယောင်းရှီးကို ယခုလို စိုက်ကြည့်နေသည်။

ယောင်းရှီး မြင်းလှည်းပေါ်မှဆင်းကာ အခြားသူများကို ပြန်ကြည့်လိုက်မိသည်။

ဒါပေမယ့် ကျန်းရွှယ်နင် ရဲ့ မျက်လုံးများနှင့် မတော်တဆ တိုက်ဆိုင်တွေ့ဆုံကာ သူမရဲ့ မျက်လုံးတွေ ရပ်သွားပြီး ခဏလောက်တော့  ထိတ်လန့်သွားလေသည်။

သို့သော်လည်း ကျန်းရွှယ်နင်သည် သူမ၏ နှုတ်ခမ်းထောင့်များကို  ကွေးပြီး  လူအုပ်ဘေးတွင် ရပ်ကာ တောက်ပသော အပြုံးကို ပြသကာ သူမ၏ ထက်မြက်မှုနှင့် ထေ့ငေါ့ခြင်းတို့ကို ဖုံးကွယ်ထားရင်း သူမအား အလွန်ဖော်ရွေသော သဘောထားရှိသည့် မျက်နှာထားဖြင့်  ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။ .

ယောင်းရှီး  အရှုံးပေါ်ခဲ့သည်။

ကျန်းရွှယ်နင် ကဲ့သို့သော  ပြစ်ချက်မရှိ ရုပ်ရည်ချောမောလှပသူတစ်ဦးက အခြားသူများကို ပြုံးပြလာလျှင် အမျိုးသမီးတစ်ဦးဖြစ်နေတာတောင် သည်းမခံနိုင်ပေ။

ကျန်းရွှယ်နင် သည် အပေါ်ယံ ဖြူစင်ပြီး ကြင်နာတတ်ပုံ ပေါ်သော်လည်း သူမ၏ နှလုံးသားထဲတွင်  နက်နဲစွာ တွေးတောနေသည်၊ သူမ ယခင်ဘဝက ယခုအချိန်တွင် ကျန်းကျယ်ကို မသိသလို  ယောင်းရှီးကိုလဲ ဂရုမစိုက်မိပေ။ ဒါပေမယ့် ဒီတစ်‌ခေါက်တော့  ဒီမိန်းကလေးဟာ သူမရဲ့ မျက်လုံးအောက်မှာ နတ်ဆိုး ထပ် မဖြစ်စေရဘူး။  ပြီးတော့   တစ်ချို့အရာတွေကို မတ်တပ်ရပ်ကြီး ရပ်ကြည့်နေရုံ မဖြစ်နိုင် ......



Translated By Esther May
လိုအပ်တာရှိရင် ထောက်ပြပေးပါနော်



PGမှာ အပိုင်း -26 ထိ ရောက်ပါပြီ

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now