အပိုင်း -၆၈ အမှောင်နန်းတော်

382 40 1
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း -၆၈  အမှောင်နန်းတော် 

    ထိုအချိန်တွင် နန်းတော်အတွင်းရှိ အားလုံး၏ မျက်လုံးအကြည့် များသည် နန်းတွင်းအပျိုတော်အပေါ်သို့ ကျရောက်သွားသည်။

    ဧကရာဇ်မင်းသည် ကြီးကျယ်ခမ်းနားပြီး အထက်မှ အောက်သို့ ဖိနှိပ်တတ်သည့် သဘောသဘာ၀ရှိသည် ။

    ဧကရာဇ်မင်းလက်ထဲမှာ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကို ကိုင်ထာမှန်း နန်းတော်ထဲဝင်ကတည်းက သိခဲ့ကြတဲ့ ဒီလူတွေအတွက်တော့ ဒါဟာ တကယ်ကို အစွမ်းထက်တဲ့ အဟန့်အတားနဲ့ ကြောက်မက်ဖွယ် ဖြစ်လေသည် ။ နန်းတွင်းအပျိုတော် လေး၏မျက်နှာပေါ်ရှိ  သွေးအရောင်သည် လျင်မြန်စွာ အရောင် ပျောက်သွားသည်ကို လူတိုင်းမြင်နေနိုင်ပြီး၊ မြေပြင်ပေါ်တွင်  လက်ဖဝါးကို တင်းတင်းကြပ်ကြပ် ဖိထားသော်လည်း ကြီးမားသော ရုန်းကန်မှုတွင် ပိတ်မိနေသကဲ့သို့ ဆုပ်ကိုင်ရန် ခက်ခဲသော သူမ၏ မျက်နှာကို လူများက မြင်နိုင်ကြသည်။

    သူမသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ကိုသာ ငုံ့နေပြီး 

“အရှင်မင်းကြီးကို  ပြန်ဖြေပါတယ် ၊ ဒီနိမ့်ကျလှတဲ့ အစေခံရဲ့ နောက်ကွယ်မှာ  မည်သူမျှ မရှိပါဘူး။ ကျန်းအိမ်တော်ရဲ့ ဒုတိယ သခင်မလေးက မင်းသမီးရဲ့ စာသင်ဖော်တစ်ယောက်ဖြစ်ပေမယ့်လဲ  နန်းတော်ထဲသို့ ဝင်ပြီးနောက်မှာ မင်းသမီးကို မြှောက်ပင့်ပြီး တစ်ခြား စာသင်ဖော်တွေကို  စိတ်၀မ်းကွဲအောင် အမြဲ လှုံ့ဆော်လှည့်စားတယ် ။ဒီနိမ့်ကျတဲ့အစေခံက  သခင်မလေး အားလုံးတို့ကို စိတ်နှလုံးအကြွင်းမဲ့  ပေးပြီး တာ၀န်ထမ်းဆောင်နေပေမယ့် တော်ဝင်မင်းသမီးက သူမအခန်းထဲက ထွက်လာချိန်မှာတော့ ဒီအစေခံတွေကို ကောင်းကောင်း မခစားဘူးလို့ ပြောလာခဲ့တယ် ။ ဒီအစေခံ မကျေမချမ်း ဖြစ်မိတာ အမှန်ပါပဲ ။ ဒီနေ့  ၀မ်ကုန်းကုန်း က နန်းဆောင််ကို စစ်ဆေးဖို့  လူများကို ခေါ်ဆောင်လာမယ့်အကြောင်း သိလိုက်ရတော့  မတရားခံရမှုအတွက် ထောင်ချောက်ဆင်ဖို့ ကြံစည်မိတာပါ။ အရှင်မင်းကြီး ၊ မယ်တော်ကြီး ဒီနိမ့်ကျသော အစေခံကို  ခွင့်လွှတ်ပေးပါ …” “

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now