အပိုင်း - ၉၁ ဓားရေးစမ်းသပ်မှု

626 43 2
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း - ၉၁  ဓားရေးစမ်းသပ်မှု

ချင်းယွီခန်းမရှေ့မှာ လူတိုင်းက ဝိုင်ကို စားပွဲပေါ်တင်ပြီး ဝိုင်တွေနဲ့ ပျော်ပါးရင်း သောက်စားနေကြသည်

ကျန်းရွှယ်နင်၏ သောက်သုံးမှုပမာဏမှာ ပျမ်းမျှသာဖြစ်ပြီး ရှန်းကျိရိကလဲ  သူမအား အနည်းငယ်သာ သောက်ခိုင်းသည်။

ကျန်းရွှယ်နင် ဝိုင်ကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ပါးပြင်များသည် အနီရောင် ပါးပါးလေးဖြင့် စွန်းထင်းနေကာ တကယ်ကို အလှကြီးလှပ‌နေသည်။

ရှန်းကျိရိ မနေနိုင်ဘဲ လက်ခုပ်တီးကာ သူမကို လက်ညှိုးထိုးပြပြီး

“ကြည့်ကြည့်၊ နင်နင့်ရဲ့ ပုံစံ‌လေးက မလှဘူးလား?”

ယန့်လင်း၏ သူငယ်ချင်း အများအပြားမှာ စိတ်နှလုံးလှုပ်ရှားလွယ်တဲ့အရွယ်များဖြစ်ကြသည်။


ယောက်ျားနဲ့ မိန်းမ ကွာခြားမှုကြောင့် မိန်းကလေးတွေကို ကြည့်ကြရတာ ခက်ခဲ့ပေမယ့် ရှန်းကျိရိ က မေးတဲ့အခါ ယန့်ဖျင်မင်းသား ၊ အပါအဝင် လူငယ်တော်တော်များများက သူမကို ကြည့်ဖို့ တိတ်တဆိတ် မျက်လုံးတွေရွေ့လိုက်ကြကာ  ခဏတာအတွင်း  စိတ်လှုပ်ရှားနေခဲ့ကြသည်။  သူမသည် ပိန်သွယ်လွန်းသဖြင့် စိုက်ကြည့်နေကြသော မျက်လုံးများကြောင့်  နီရဲသွားရသည်။

ယန့်လင်းကသာ အေးဆေးတည်ငြိမ်စွာ လေးလေးနက်နက်ကြည့်ပြီး နှုတ်ခမ်းလေးကွေးကာ ပြုံးရင်း 


“အင်း ကြည့်လို့ အရမ်းကောင်းတယ်”

ကျန်းရွှယ်နင် သည် စကားမပြောနိုင်။

သူမသည် မူလက ဝိုင်ကြောင့် နီရဲနေတာဖြစ်သော်လည်း ယခုအခါ သူမ၏ပါးလွှာသော အနီရောင် ပါးပြင်များသည် ဤရိုးစင်းသော စကားလုံးနှစ်လုံးကြောင့် ကြက်သွေးရောင်အဖြစ်သို့ ပြောင်းလဲကာ မျက်လုံးများ ပိုမိုတောက်ပလာပြီး နူးညံ့သွားရသည်။

အားလုံးက ရယ်မောမှုကြောင့် ဆူညံပွက်လောရိုက်နေကြပြီး သောက်စားရင်း စကားစမြည်ပြောကြရင်းနဲ့  ဖြစ်ပျက်နေသမျှ အရာရာကို မေ့လျော့သွားသလိုပင်၊

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now