အပိုင်း - ၂၈ စာမေးပွဲ

905 108 10
                                    


Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း - ၂၈ စာမေးပွဲ

သူတပါးကို အနိုင်ကျင့်တတ်တဲ့ အကျင့်ဆိုးတွေ  လုပ်ပြီးသွားတော့ ကျန်းရွှယ်နင် ဟာ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး တစ်စုံတစ်ရာ မရှိဘဲ သူမအခန်းထဲကို ပြန်သွားခဲ့သည်။ 

သူမက ဘာကို စိတ်ပူစရာရှိလို့လဲ?

ထိမ်းမြားထားတာကို ဖျက်သိမ်းရန် မိန်းမပျိုဘက်မှ ဆွေးနွေးနေတာကို  တစ်ဖက် ထိမ်းမြားရန် စေ့စပ်ထားတဲ့ ယောက်ျားလေးကသာ သတင်းရသွားပါက  သူတို့၏ မူလ စိတ်ရင်းနဲ့  အကျင့်စရိုက်ကို လူသိသွားပေမည်။ ကျန်းရွှယ်နင် သည် ဤဖြစ်ရပ်နှင့်ပတ်သက်၍ အခြားသူများ မှတ်ချက်ပေးလာမှာကို  မစောင့်နိုင်တော့ပေ။

ဒုက္ခတွေ အရမ်းများလာရင် နန်းတော်က သူမ ရုန်းထွက်တာ ပိုမလွယ်လာနိုင်ဘူးလား။

ဘယ်ညာ နှစ်ဖက်စလုံးက တည်ငြိမ်တဲ့ ဂုဏ်သရေရှိ မိသားစုတွေဖြစ်သည်။

အဲဒီညက ယန့်လင်းသည် သူပြောထားတဲ့  အကြိုစာမေးပွဲမေးခွန်းတချို့ကို တကယ်ကြီး ပို့ပေးလာသည်။ သူတို့က သိပ်ပြီးပြည့်စုံတာမဟုတ်ပေမယ့် စာမေးပွဲမှာ မေးလာနိုင်တဲ့ မေးခွန်း အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ယေဘူယျလမ်းညွှန်ချက်နဲ့ ဘယ်စာအုပ်တွေကို ကြည့်ထားရမလဲဆိုတာကို သိနိုင်သည် ။ ညဘက်တွင် ကြည့်ထားရင်တောင် အိပ်ရာထ စာမေးပွဲဖြေရင်တောင် မနက်ဖြန် စာမေးပွဲက လွယ်ကူနေလိမ့်မည်။

တကယ်တော့ ဒါဟာ လူတိုင်းရဲ့ အသိပညာကို  စစ်ဆေးကြည့်ဖို့ပင်။ ၊ တကယ့် စာမေးပွဲ အကြီးစား မဟုတ်‌ချေ။

စာမေးပွဲ စစ်ရခြင်းရဲ့ ရည်ရွယ်ချက်က အရမ်းဆိုးရွားကာ  အရည်အချင်း မပြည့်မှီတဲ့သူတွေကို ဖယ်ထုတ်ဖို့ပဲ ဖြစ်သည်။ 


ကျန်းရွှယ်နင် ယန့်လင်းဆီက စာကို ရပြီးနောက် အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်ရာ ၎င်းသည် အတိတ်ဘဝ က မေးခွန်းနှင့် ထပ်တူနီးပါးတူကြောင်း တွေ့ရှိခဲ့သည်။ ထိုစာများကိုဖတ်ပြီးနောက် ထိုစာရွက်များကို မီးလင်းဖိုထဲထည့်၍ မီးရှို့လိုက်သည်။ သူမ တစ်ခြားသူတွေကို ဂရုမစိုက်သော်လည်း ဤအရာကို အခြားသူများမြင်လျှင် ယန့်လင်း လက်ချက်မှန်း  မလွဲမသွေတွေ့သွားနိုင်လိမ့်မည်ဖြစ်ကာ သူမ၏ နာမည်သည်လဲ ရှင်းလင်းလိမ့်မည်မဟုတ်ပေ။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now