အပိုင်း -၆၇ ပြန်လည်မွေးဖွားခြင်းလဲ ဖြစ်သည်

458 42 1
                                    


Unicode

ခွန်းနင်နန်းတော်ရာပုံပြင် 

အပိုင်း -၆၇ ပြန်လည်မွေးဖွားခြင်းလဲ  ဖြစ်သည်
 
မဖြစ်နိုင် ၊  တကယ်တော့ “ဝေးကွာခဲ့ရခြင်း “ ပင်

သူမ၏ နောက်ဆုံးဘဝတွင် ကျန်းရွှယ်နင် သည် ကျန်းကျယ်အကျဥ်းကျပြီးကတည်းက မ တွေ့ခဲ့ရပေ၊ ဤဘ၀တွင် သူမသည် မိုးရွာသောညတစ်ညက  မိုးမြင့်မျှော်စင်အဆောက်အအုံ၌ ခဏမျှအရိပ်အယောင်မျှသာ မြင်ခဲ့သော်လည်း အနီးကပ် မတွေ့ခဲ့ရပေ။

အခုတော့  ဒီလူကို  အရမ်း ရင်းနှီးနီးကပ်စွာ မြင်တွေ့နေရသည်။ 

နိမ့်ပါးသော အနေအထားမှ သူ့နောက်ကျောကို ကြည့်လိုက်သောအခါ သူပုံရိပ်သည်အလွန်မြင့်မားပြီး တိတ်ဆိတ်နေပုံရသည်။ နန်းဆောင်ထဲတွင် အမြင့်၌ ထိုင်နေသောမယ်တော်ကြီးရှောင်းထံ ခေါင်းငုံ့ကာ ဂါ၀ရပြုနေသည့်တိုင် သူ့နောက်ကျောသည် ဖြောင့်စင်းကာ ခိုင်မာသော အရိပ်အယောင်ရှိသည်။

အခုအချိန်လေးမှာ သူ၏ မျက်ရည်များ ကျလုနီးပါး။ 

ကျန်းကျယ် က ဒီနေရာကို ဘာကြောင့် ပေါ်လာမှန်း မသိပေမယ့် ဒီအချိန်မှာ သူမအတွက် လာတာ မဟုတ်ဘူး ဆိုတာလဲ  စိတ်ထဲမှာ သေသေချာချာ  သိနေပေမယ့် သူမရှေ့မှာ သူ ရပ်နေသရွေ့တော့ ကမ္ဘာကြီးရဲ့ ဒုက္ခတွေနဲ့ အန္တရာယ်တွေ အားလုံးက  လွှင့်စင်သွားသလိုပါပဲ။ ရုတ်တရက် ပျောက်ကွယ်သွားပြီး  ငြိမ်းချမ်းမှု သာ ကျန်ရစ်တော့သည်။

ပျင်းရိချင်စဖွယ်ကောင်းတဲ့ မိုးရွာတဲ့နေ့ရက်တွေလိုပေါ့။

ရှုပ်ယှက်ခတ်နေသည့်အချိန်  ထောင့်တစ်နေရာတွင် မိုးရေကို ကြည့်နေသူရများသည်  ခေတ္တမျှ အေချမ်းငြိမ်သက်မှုကို ခံစားကြရသည်။

ကောင်းကင်က သူမကို ညံ့ဖျင်းလွန်းစွာ ဆက်ဆံခဲ့ပြီး အများကြီး ပေးကမ်းပြီး ပေးထားတာထပ်  ပိုလို့တောင် ယူသွားခဲ့တယ်လို့ သူမ ညည်းညူခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ ကောင်းကင်ဘုံက နတ်ဘုရားတွေကို အလွန်ကျေးဇူးတင်သင့်တယ်လို့ သူမ ခံစားခဲ့ရလေသည်။ 

ကျေးဇူးကြောင့် သူမ ကျန်းကျယ် နှင့် ထပ်မံ တွေ့ဆုံရသည်။

ကျန်းရွှယ်နင် သည် သူမ၏ မျက်လုံးများကို အနည်းငယ်မှိတ်ထားသော်လည်း သူမ၏ နှုတ်ခမ်းထောင့်များက အနည်းငယ်ပြုံးနေပြီး  ကွေးညွတ်နေလေသည်။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now