အပိုင်း- ၄၉ ပြဿနာ

619 73 1
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း- ၄၉  ပြဿနာ

ယန့်လင်းကို သွားရှာရမှာလား။

ရုံယိနယ်စားအိမ်တော်တွင် မကြာမှီ တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဖြစ်ကြောင်း ကျိုးယင်းကျိ  ထံမှ သတင်းကို ယန့်လင်း သိထားပြီးဖြစ်သည်။ ဒါ့ကြောင့် တိတ်တဆိတ် လျို့ဝှက် ပြင်ဆင်မှုများလုပ်ရန်ပင်  အချိန်နှောင်းနေပြီ ဖြစ်ကာ  ယန့်လင်း ဘယ်မှာ ရှိနေသည်ကိုလဲ သူမ မသိ။ ယန့်လင်းအတွက် သင့်လျော်မှု ရှိ၊ မရှိကိုမူ မပြောလိုတော့ ။ အခု နန်းတော်ထဲကနေ ခေါ်လိုက်ရင်တောင်  သူရောက်လာဖို့ အချိန်အနည်းငယ်ကြာပေလိမ့်မည်။ ဘုရားက ဘာဆက်ဖြစ်မယ်ဆိုတာ သိနိုင် လေသည်။ သိပ်မကြာခင်မှာပဲ ရှန်းကျဲ့ ဟာ နန်းတော်ထဲဝင်ရောက်လာပြီး  ကျန့်ပေါင်ကို ကယ်တင်မလားဆိုတာကိုရောပေါ့ ?

ဒါဆို အခု ကျန့်ပေါင် အတွက်  ကျန်းရွှယ်နင် ဘာလုပ်ပေးနိုင်တာရှိမလဲ?

သို့သော် ယခုအချိန်တွင် သူမမှာ ဘာအဆင့်အတန်းမှမရှိ၊ ဧကရီကိုပင် မတွေ့ဖူးသေးသည့်အပြင်  နန်းတော်တွင်းရှိ လူများစွာကို လဲ သူမ မသိပေ။

ကျန်းရွှယ်နင် သည် လူစုလူဝေး၏နောက်တွင် တိတ်တဆိတ် ရပ်နေကာ ဦးခေါင်းကြီးနေမိသည်။

ရှေ့တွင် ရပ်နေသောလူများကလည်း ကြောက်ရွံ့မှုအပြည့်ဖြစ်နေကြသည်။

လမ်းကို ဦးဆောင်လာခဲ့တဲ့  နန်းတွင်းအစေအပါးလေးသည် သူမကိုယ်တိုင်လဲ  ထိုသို့သော အခြေအနေမျိုး ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားပေ။

ဒါ့အပြင် ရှေ့ကလမ်းက ဇီနင်နန်းဆောင်  နဲ့ အနီးဆုံးလမ်းဖြစ်နေသည်။

နန်းတော်မှာ နှစ်အတော်ကြာကြာ အမှုထမ်းခဲ့တဲ့  နန်းတွင်းအပျိုတော်တွေအနေနဲ့ မိန်းမစိုးတွေကို အပြစ်ပေးခံရတဲ့ အခြေအနေမျိုးကို မြင်ဖူးကြသည် ။ များသောအားဖြင့် ဘေးဘ္ မကြည့်ဘဲ ခေါင်းငုံ့ပြီး ဖြတ်လျှောက်သွားကြတာများသည်။  ဒါပေမယ့် ဒီနေပါလာတဲ့  မင်းသမီးရဲ့ စာသင်ဖော် အုပ်စုကြီးနဲ့တော့ မလွယ်ကူ ၊ လူတိုင်းက အနည်းနဲ့အများ ထိုမြင်ကွင်းကြောင့် ကြောက်ရွံ့နေကြလေသည်။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Où les histoires vivent. Découvrez maintenant