အပိုင်း - ၅၂ အော်မိန်

586 65 0
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း - ၅၂  အော်မိန်

အစကတည်းက စာသင်ဖော်များသည် စကားပြောရန် တံခါးကိုပိတ်လိုက်ကြပြီး နန်းတော်အစေအပါးများကိုပင်  အပြင်သို့ ထွက်သွားခိုင်းထားတာပင်။ ယောင်ရုံရုံသည် ရုတ်တရက် ထိုစကားကိုပြောနေစဉ်  ပြန်လာနေသော ရှောင်းရှူ မှ ကြားလိုက်မည်ဟု မထင်ထားသဖြင့်  သူမသည် ခဏတာ စိတ်ရှုပ်သွားပြီး ရှက်စိတ် ကြောင့်  မျက်နှာနီမြန်းလို့နေသည်။

ရှောင်းရှူ သည် ဒုတိယဇနီး၏ သမီး ဖြစ်ဖြစ် မဖြစ်ဖြစ် မည်သူမှ ‌သူမကိုမျှ စော်ကားရန် မတတ်နိုင်ပေ။


ယောင်ရုံရုံက ချက်ချင်းပင် ထိုင်ခုံမှထကာ ခေါင်းငုံ့ရင်း

“အစ်မ ရှောင်း ညီမ မရည်ရွယ်ပါဘူး…”

ရှောင်းရှူ က အေးစက်စက်သာ


“ငါ့အမေက  ဒုတိယဇနီး ဖြစ်ပေမယ့် အောင်သွယ်ကတစ်ဆင့် ငါ့အဖေနဲ့ ထိမ်းမြားခဲ့တာ ။ ဘာမှပြောလို့ မရဘူး။ ဒါနန်းတော်၊ တင်းကြပ်တဲ့  အချုပ်အနှောင် လို့လဲပြောလို့ရတယ် ၊ နင်တို့ အရမ်း သတ္တိရှိနေတယ်လား ၊ ဘာအကြောင်းမှ  ရေရေရာရာ မသိဘဲ  သတ္တိပဲရှိလို့  နင်တို့ ဆွေးနွေးဝံ့ပေမယ့် ၊နင်တို့ ခေါင်းက လည်ပင်းမှာ အကြာကြီး  ရှိနေမှာ စိုးရိမ်နေတယ် ထင်ပ၊  အသက်ရှင်ရတာ ပင်ပန်းနေတာလား?”

လူတိုင်း၏ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။

ကျန်းရွှယ်နင် သည် အေးစက်သောမျက်လုံးများဖြင့်  ရှောင်းရှူကို ကြည့်နေလိုက်သည်။

ရှောင်းရှူ က  ဒီတွင် မရပ်သေး ဆက်ပြောပြန်သည်။

“ဒီနေ့ ပြောခဲ့တဲ့စကားတွေကို ငါ ဖော်ထုတ်လိုက်မယ်ဆိုရင် တစ်ယောက်မှ အသီးကောင်းရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကို မှတ်သားထားသင့်တယ်။ ငါကတော့  မနက်ဖြန်အတွက်  “တေးသီစာအုပ် “ ကို ကြိုဖတ်ထားပြီး ရှဲ့လူကြီးမင်း ဆီကလဲ ချင်တီးခတ်တာကို သင်ယူရဦးမှာ ။  ကိုယ့်သေတွင်းကိုယ် တူးဖို့ အချိန်ပိုနေတယ် ဆိုရင်  ဘာလို့ ချင် တီးခတ်တာနဲ့ ပတ်သတ်ပြီး မလေ့လာနေတာလဲ ? မနက်ဖြန် ဖုန်းချန်နန်းဆောင်ရောက်မှ မေးခွန်းတစ်ခုခု အမေးခံရရင်  အရှက်ရတာ သက်သာရင် သက်သာမှာပေါ့ !”

ယနေ့ ဇီနင်နန်းဆောင်က  အခြေအနေကို တွေးကြည့်သောအခါ လူတိုင်း ထိတ်လန့်နေကြဆဲပင်။


ဒီအကြောင်းကို  ပြောနေတုန်းကတော့ အဲဒီအကြောင်းကို ပြောတဲ့သူကလဲ တစ်ခုခု စွဲကပ်နေသလို ပြောရတာ ရွှင်နေပြီး နားထောင်တဲ့လူတွေလည်း  နားထောင်ရတာ စွဲလန်းနေကာ တစ်ခြား ဆန့်ကျင်တဲ့  တုံ့ပြန်မှု မရှိကြ ။ ယခုအချိန်တွင် ရှောင်းရှူ၏ စကားကြောင့်  အလွန်ထိတ်လန့်သွားကာ သူမအား ဘာမှပြန်မပြောနိုင်ကြဘဲ အေးစက် ချွေး‌စေးများထွက်လာကြကာ  ရှောင်းရှူ၏  တင်းမာသောအမူအရာကြောင့်လဲ ဘယ်သူမှ မပြောပစေကာမူ သူမအား စော်ကားရာရောက်မည်ကို စိုးရိမ်နေကြသည်။ ပြီးတော့ နန်းတော်အတွင်းမှာပဲ နေထိုင်ရတာမို့  မယ်တော်ကြီးရှောင်း  သတင်းပို့လိုက်ကြမှာကိုလဲ စိုးရိမ်နေမိကြကာ အားလုံးက လေးလေးနက်နက် တုံ့ပြန်လာကြသည်။

ကျန်းရွှယ်နင် သည် ထုံးစံအတိုင်း  ဘာမှ ပြောစရာမရှိပေ။

လူအပေါင်းတို့သည် ငှက်များနှင့် တိရစ္ဆာန်များကဲ့သို့ ကွဲပြားသွားလျှင်  ကိုယ်စီ ကိုယ်စီ ရဲ့ အခန်းအတွင်းသို့ ၀င်သွားကြတော့သည်။

ရန်ဇီနန်းဆောင်သည်တော့  ပြည်တွင်းရေးရာဝန်ကြီးဌာနက ပေးပို့တဲ့  ရူယိကျောက်စိမ်း ကေကာင့် နောက်ဆက်တွဲ မည်သို့ဖြစ်နေသည်ကို မသိခဲ့ကြ‌ ပေ။သို့‌ ပေမယ့်  နန်းဆောင် အပြင်တွင်တော့  သတ်ဖြတ်မှုအချို့ကို ယောင်ဝါးဝါးကြားနေရသလိုပင်။ ။


ညနေစောင်းတော့ အားလုံးက ညစာစားဖို့ အတူတူထိုင်နေကြပေမယ့်  ဘယ်သူမှ စပြီး  စကားမပြောရဲကြ ။

လေထုသည် ရှုပ်ထွေးပြီး သိမ်မွေ့နက်နဲလှသည်။

ရှောင်းရှူ က ဘာမှမဖြစ်ခဲ့သလိုပင် အေးဆေးတည်ငြိမ်စွာနဲ့ ငြိမ်သက်နေခဲ့သည် ။ညစာစားပြီးနောက် သူမဟာ လက်ဖက်ရည်သောက်ဖို့  အခြားသူတွေကို သူမနဲ့ အတူသောက်ချင်လားလို့ မေးလာခဲ့သည်။

ဒါပေမယ့် ဘယ်သူက အတူ သောက်ရဲမှာလဲ။

ဒီရက်သတ္တပတ်များအတွင်း သူမနှင့် သူငယ်ချင်းကောင်းများဖြစ်ကြသည့် ချန်ရှူယိ ၊ ယောင်းရှီး နှင့် အနည်းငယ်အစားကြိုက်သော ကျိုးပေါင်ယင်တို့သည်သာ သူမနှင့်  အတူ လက်ဖက်ရည်သောက်ရန် ကျန် းရစ်ခဲ့သည်။

ကျန်းရွှယ်နင် သည် ထုံးစံအတိုင်း  ထိုနေရာမှ အရင် ထွက်ခွာလာသူဖြစ်သည်။


သူမအခန်းထဲပြန်ရောက်ပြီးနောက် စားပွဲရှေ့တွင် မီးထွန်းညှိကာ မနက်ဖြန် သင်ကြားမည့် အရာများအတွက် ပြင်ဆင်မှုအချို့ပြုလုပ်ရန် မျှော်လင့်ကာ “တေးသီစာအုပ် “ ကို ထုတ် လိုက်သည်။ ယခင်ဘဝတွင် သူမသည် ပညာရေးအရ  နုံချာခဲ့ရသော်လည်း ယခုဘဝတွင် ရိုးသားရပေဦးမည်။ သူမသည် ရှဲ့ဝေ၏နှာခေါင်းအောက်တွင် နှစ်ဝက်ကြာနေရဦးမှာမို့ပင်။ သူ့ကို လိမ်ညာနိုင်ဖို့က ဒီလောက်မလွယ်မှာကို ကြောက်မိလေသည်။

ကျန်းရွှယ်နင် တွေးတာက တစ်မျိုး၊ လုပ်နေမိတာက နောက်တစ်မျိုး ဖြစ်နေသည်။

စာအုပ်သည် သူမ၏ မျက်လုံးများရှေ့တွင် ရှိနေပြီး သူမဘေးက မီးအိမ်က ထိန်လင်းစွာ  တောက်ပနေသည်။သို့သော်  စာအုပ်ထဲမှ စကားလုံးတိုင်းသည် ကြမ်းပြင်ပေါ်တွင် ပုရွက်ဆိတ်များ တွားသွားသလိုပင် စိတ် အနှောင့်အယှက်ဖြစ်စေသည် ။စာလုံး တစ်လုံးမှ မဖတ်နိုင်လောက်အောင် သူမ  စိတ်၀င်တစား ဖြစ်ခဲ့ရသည်။

တခဏလောက်တော့ ရုံယိနယ်စားအိမ်တော်ရဲ့ လာမယ့်  ဘေးဒုက္ခကို တွေးမိပြီး နောက်တခဏမှာတော့ ရူယိကျောက်စိမ်း ရဲ့ နောက်ကွယ်က သစ္စာမဲ့တဲ့  အဆိုပြုချက်ကို တွေးမိကာ  နောက်ဆုံးမှာတော့ ဖြောင့်မတ်တဲ့ ကလေး သုံးရာရဲ့ ဂူသင်္ချိုင်း အကြောင်း ဖန့်မြောင် ပြောခဲ့တာကို…  တွေးနေမိသည်။

အားလုံးက သူမခေါင်းထဲမှာ လည်ပတ်နေပြီး   အရာရာတိုင်းက တုန်လှုပ်စရာအပြည့်ပင်။

ကျန်းရွှယ်နင် သည် ခေါင်းကိုက်ခြင်းကို ခံစားရပြီး စာအုပ်ကို လွှင့်ပစ်ကာ ကုတင်ပေါ်တွင် လှဲအိပ်လိုက်သော်လည်း သူမ အိပ်မပျော်နိုင်ဘဲ သန်းခေါင်ယံအထိ မျက်လုံးကြောင်နေကာ  ဘယ်အချိန်မှ သူမ အိပ်ပျော်သွားသည်ကို မသိလိုက်တော့ပေ။

နေ့အခါမှာ တွေးမိတဲ့ အတွေးတွေကြောင့်လားမသိ ညအခါမှာ အိပ်မက်ကြီးတစ်ခု မက်တော့သည်။


အိပ်မက်ထဲမှာတော့ သွေးအပိုင်းအစများ နဲ့ ဖြူလွသော နှင်းများက တစ်၀က်စီ ၊  ဓားချင်း ထိခတ်နေတဲ့  အသံတွေအပြင် ထိတ်လန့်တကြားနဲ့ စိတ်ပျက်လက်ပျက် ငိုကြွေးနေတဲ့ ကလေးငယ် အယောက် သုံးရာရဲ့ အော်သံတွေက နှင်းထဲမှာ ပဲ့တင်ထပ်နေပြီး အေးစက်နေတဲ့ မြောက်လေနဲ့ ရောပြီး ကျယ်ကျယ်ပြန့်ပြန့်  ပျံ့လွင့်နေခြင်း   ……

ကျန်းရွှယ်နင် ခဏလောက် အဝေးကနေ  လှမ်းကြည့်မိလိုက်တော့ ရှဲ့ဝေ က သူမကို အလောင်းတွေ တောင်ပေါ်ကနေ ကြည့်နေတာကို တွေ့လိုက်ရလေသည်။

နောက်တစ်နေ့ သူမနိုးလာသောအခါ ကျန်းရွှယ်နင် ၏ မျက်လုံးများသည်  ညိုမဲနေခဲ့သည်။

ထိုအတွက်ကြောင့် ကိုယ်လက်သန့်စင်ဖို့ လာကူညီပေးတဲ့ နန်းတွင်း အစေခံလေးကပင် အံ့ဩသွားလေသည်။

ဒါပေမယ့် ကျန်းရွှယ်နင်ဟာ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေလိုက်ပြီး ကြေးမုံကိုကြည့်ရင်း  မျက်နှာချေမှုန့် အနည်းငယ်ကို ယူလိုက်ကာ မျက်လုံးတစ်ဝိုက်က အညိုအမဲ‌တွေကို ဖြည်းဖြည်းချင်း ဂရုတစိုက် ဖုံးအုပ်လိုက်သည် ။  အခန်းထဲက ထွက်လာတဲ့အခါ သူမရဲ့မျက်နှာလေးဟာ အပြစ်အနာအဆာ တစ်ခုလေးတောင်  မမြင်နိုင်လောက်အောင်  တောက်ပနေပြန်သည်။

ဒီနေ့ မနက်ပိုင်း စာသင်ချိန် နှစ်ချိန်ရှိကာ
တရားဝင်ကျောင်းစတက်ရတဲ့နေ့လဲ ဖြစ်လေသည်။

‌ မောင် အချိန် တစ်၀က် မှ ချန် အချိန် တစ်၀က်အထိ သည် ပထမဆုံးသင်ခန်းစာ ဖြစ်ပြီး စုစုပေါင်း တစ်နာရီကြာ ဟန်လင်းတော်၀င် ကျောင်းတော်မှ ဆရာဖြစ်သူ ကျောက်ယန့်ဟုန် သည်  “တေးသီစာအုပ် “ ဖြင့် သင်ကြားပေးမှာ ဖြစ်သည်။  ချန်အချိန်လေးပုံတစ်ပုံမှ   စီအချိန် လေးပုံနှစ်ပုံ အထိသည် ဒုတိယသင်ခန်းစာ သင်ရမှာဖြစ်ပြီး  ရှဲ့ဝေက ချင် တီးခတ်တာ သေင်ပေးမှာ ဖြစ်သည်။

ဒါကြောင့် မနက်ခင်း အတန်းချိန် မှာ ပထမဆုံးလာသူကတော့ ကျောက်ယန့်ဟုန် ပင်ဖြစ်သည်။

(အရင်အပိုင်း- ၄၆ မှာတုန်းက ကျောက်ယန်ချန်လို့ သုံးထားပါတယ်၊ အခုတော့  ကျောက်ယန့်ဟုန်လို့ပဲ သုံးသွားပါမယ်နော်  )

ထိုလူကြီးသည် အသက် လေးဆယ် သို့မဟုတ် ငါးဆယ်ကျော်ခန့်ရှိ ဟန်လင်းတော်၀င်ကျောင်းတော်မှ  စာပေပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။နန်းတွင်းတရားရုံး၏  နိုင်ငံရေးအခြေအနေများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း လူအများ၏ လွှမ်းမိုးမှုကို လိုက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်သာ်။

ကျန်းရွှယ်နင်သည် သူနှင့် အခြားသော လူကြီးလူကောင်း နှစ်ယောက်သည် အမျိုးသမီးများကို ယေဘူယျအားဖြင့် ရှုံ့ချကြောင်း သိခဲ့သည်။

ဒါပေမယ့် ဒီနေ့ သူနဲ့တကယ်တမ်း စာသင်ကြည့်ပြီးတော့မှ  ကျန်းရွှယ်နင်ပို သဘောပေါက်လာသည်။ - မိန်းမသားတွေကို တန်းတူ ရှုံ့ချရာမှာတောင် အဆင့်အတန်းခွဲနေတုန်းပဲ။

“ “တေးသီစာအုပ် “ ကို “လေယူလေသိမ်း “, “တင့်တယ်မှု “ နဲ့ “  တေးချင်းများ “ ဆိုပြီး သုံးပိုင်းခွဲထားသည်။
ပထမသင်ခန်းစာ အနေနဲ့ ကတော့ “ ရိုးရာပုံစံ ?ကျိုးနမ်” ထဲက နာမည်ကြီးကဗျာ “တောင်ကျော်‌ဖြတ်သော သိမ်ငှက်များ “ ဆိုတဲ့   ကဗျာကို ဖတ်ရှုကြရသည်။ အားလုံးက  ကောင်းကောင်း ရွတ်ဆိုတတ်ပေမယ့်  ကျောက်ယန့်ဟုန်က သူမတို့အား မည်သို့ဖတ်ရကြောင်းနှင့် ကဗျာကို ယေဘူယျအားဖြင့် ရေးထားသည်ကို သင်ပေးသည်။ သို့ပေမယ့်  ကဗျာတစ်ပုဒ်ချင်းစီ၏ တိကျသောအဓိပ္ပါယ်ကိုတော့  မရှင်းပြခဲ့ပေ။

ဒီအတိုင်းသာ ရွတ်ဆိုတတ်ရုံမျှသာ ။

ဒီမှာ ရှိတဲ့ လူတိုင်းကို စာသင်ဖော်အဖြစ် ရွေးချယ်ထားသော်လည်း လူတိုင်းသည် ဤအသိပညာနယ်ပယ်တွင် အလွန်ကောင်းမွန်ကြသည်မဟုတ်သည့်အပြင် မသိနားလည်သော နယ်ပယ်များလည်း ရှိလေသည်။ ဒါကြောင့် ကျန်းရွှယ်နင် က  “မညီညာတဲ့ အဝါရောင် နှလုံးသားက ၊ ဘယ်မှ ညာသို့ ကူးလူးနေ  “ ဆိုတဲ့ စာပိုဒ်မှာပါတဲ့  စကားလုံးတွေရဲ့က ဘာအဓိပ္ပါယ်လဲလို့ ရဲရဲတင်းတင်းပဲ မေးလိုက်သည်။

မထင်မှတ်ပဲ ကျောက်ယန့်ဟုန် ရဲ့အမူအရာက ပြောင်းလဲသွားပြီး

“မနေ့က အဖွင့်မိန့်ခွန်းမှာ မင်းကို ပြန်လေ့လာထားဖို့ ပြောခဲ့တယ် မဟုတိလား ။ အခု အတန်းထဲမှာ မေးခွန်းတွေကို စိတ်ဆန္ဒရှိတဲ့ အတိုင်း  ဘယ်လိုလုပ် မေးလို့ရမလဲ၊ ဘာကို မေးသင်မှန်းတောင် မသိတော့ဘူးလား!”

ကျန်းရွှယ်နင်သည် သူမရဲ့ စိတ်ကို အရှိန် မထိန်းနိုင်တော့ဘဲ အသက်ရှု မ၀လုနီးပါးဖြစ်သွားသည်။

သူမ စိတ်ထဲမှာ  ထိုဆရာဖြစ်သူ ကျိန်ဆဲ နေလိုက်ကာ - ဆရာဆိုတာက တပည့်တွေရဲ့ ရင်ထဲက  သံသယတွေကို ဖြေရှင်းတတ်အောင် သင်ပေးရမှာ‌ လေ။ကျွန်မသာ   အရာရာကို သိနေရင် ရှင့်ရဲ့ ခွေးဦးခေါင်းကို အရင်ဖြတ်ပြီး ရှင့်ကို ဘာလုပ်ရမယ်ဆိုတာ ပြောပြပစ်လိုက်မယ် ၊


ဆရာသမားကို ရိုသေခြင်းသည် ဦးခေါင်းပေါ်တွင် တင်ထားသည့်  အလေးချိန်တစ်ခုသာဖြစ်သည်။

နောက်ဆုံးတော့ ကျန်းရွှယ်နင် ဘာမှ မပြောဘဲ ထိုင်သာ ထိုင်နေလိုက်တော့သည်။

ဒီလို ဆိုရင်လဲ  ကောင်းပြီ ထားလိုက်တော့ ၊ ဒီလူယုတ်မာ  ကျောက်ယန့်ဟုန် မှာ ဒီလိုမျိုး  အကျင့်သီလ ရှိပြီး လူတိုင်းကို ဒီလိုဆက်ဆံတာ ဖြစ်နိုင်တယ်လို့သာ တွေးလိုက်တော့သည်။

သို့ပေမယ့် တစ်စုံတစ်ဦးအား ကဗျာရွတ်ဆိုရန် တောင်းဆိုသောအခါ  ရှောင်းရှူ ကို သီးသန့် ခေါ်ပြီး ရွတ်ဆိုခိုင်းလာမယ်လို့ ဘယ်သူထင်ထားမှာလဲ။ ပြီးတော့ ရှောင်းရှူရဲ့ ရွတ်ဆိုသံကို နားထောင်ပြီးတဲ့နောက်မှာတော့ ကျောက်ယန့်ဟုန်က ရှောင်းရှူကို အလွန်ချီးကျူးပြီး


“ဒီနောက်ဆုံးအပိုင်းမှာရှိတဲ့  ‘ဘယ်မှညာ’ ဆိုတဲ့ဝါကျမှာ ‘ဘယ်မှ ညာ’ ဆိုတဲ့ စကားလုံးက အရမ်းကြီး ဆန်းသစ်တာမဟုတ်ပေမယ့် သူ့ရဲ့အဓိပ္ပါယ်ကို  သေချာနားလည်ချင်ရင်တော့ အရှေ့က စာပိုဒ်နဲ့တွဲပြီး စဉ်းစားဖို့ပဲလိုအပ်တယ်…”

ရှောင်းရှူ က တည်ငြိမ်အေးဆေးစွာ ပြန်ပြောသည်


“ရှန်းရှန် ၊ ကျွန်မ သိထားပါတယ်”

ကျောက်ယန့်ဟုန် ခဏလောက် ထိတ်လန့်သွားပြီး အနည်းငယ် ရှက်သွားပြီး နောက်အခိုက်အတန့်တွင် သူက အရှက်ပြေ ဖုံးကာ ပြောခဲ့သည်

“အိုး၊ သိထားတာ ကောင်းတယ်၊ ရှောင်း မိသားစုရဲ့  တိသမီးက မျှော်လင့်ထားသလိုပဲ၊ အသိပညာက တကယ်ကို ထူးခြားပြီး မင်းကို အကြီးဆုံးမင်းသမီးရဲ့ အဖော်အဖြစ် ရထားတော့  စိတ်ချရတယ်”

လူတိုင်းက  ဒီဆရာက ပြောဖို့ခက်တယ်လို့ ခံစားရလေသည်။

ရှေ့ဆုံးတန်းအလယ်တွင် ထိုင်နေသော ရှန်းကျိရိသည်ပင် မျက်မှောင်ကြုတ်လိုက်မိသည်။

ကျန်းရွှယ်နင် သည် ရှေ့ကို  တစ်ချက် လှမ်းကြည့်လိုက်ပြီး  ကျောက်ယန့်ဟုန်သည် ခြေသလုံး ဖက်တာ ကျွမ်းကျင်တဲ့ သူဖြစ်ကြောင်း သိလိုက်သည် ။သူမကိုယ်တိုင်  အစီရင်ခံစရာ  မလိုတော့ဘဲ ရှန်းကျိရိ ရဲ့ နံဘေးက  သူ့နာမည်ကို  နာမည်ပျက်စာရင်းထဲ သွင်းလိုက်မှာ သေခိာသလောက်ပင်။

ချန် အချိန် တစ်၀က် မရောက်ခင်မှာပင်   ကျောက်ယန့်ဟုန် က သင်ခန်းစာသင်တာကို ရပ်လိုက်ပြီး လက်ဖက်ရည်သောက်ဖို့ ဘေးနားမှာပဲ ထိုင်နေကာ သူမတို့ကို ကိုယ်ဘာသာကိုယ်  စာဖတ်ဖို့ ပြောလာသည်။ ။ သူနံ‌ဘေးနားက  အချိန်ပြည့်ကြောင်း ကြေး တီးခတ်လာ တဲ့အခါ မတ်တပ်ရပ်ပြီး လူတိုင်းရဲ့ ဂါ၀ရပြုမှုကို ခံယူပြီး အိတ်ထဲက စာအုပ်ကို ယူပြီး  နန်းဆောင် အပြင်သို့ ထွက်လာခဲ့လေသည်။

လမ်းမှာ ရှဲ့ဝေ လာသော အချိန်နှင့် တိုက်ဆိုင်ပြီး တွေ့မိကြလေသည်။

ကျောက်ယန့်ဟုန် အံ့သြသွားပြီး

“ရှဲ့ရှန်းရှန်  ၊  ချန်အချိန်လေးပုံတစ်ပုံတောင် မရောက်သေးဘူး
နောက်အတန်းစအတွက် လိုသေးတယ် ဘာလို့ဒီလောက် အစောကြီး လာရတာလဲ”

ရှဲ့ဝေ က ဒီနေ့ စိတ်အခြေမကောင်း၊ သူက စိမ်းပြာရောင် ၀တ်စုံကို ဝတ်ဆင်ထားပြီး  အနက်ရောင် ချင်တူရိယာအိတ်ကို  ကိုင်ထားကာ    အပြင်မှာ လေပြင်းတွေတိုက်နေတဲ့အတွက်  ကျောက်ယန့်ဟုန် ရဲ့ စကားတွေကို နားထောင်ရင်း ဖုန်းချန်နန်းဆောင် ရဲ့ လှေကားထစ်မှာ ရပ်နေတာပင်။အခု ကျောက်ယန့်ဟုန် ရဲ့ စကားတွေကို ကြားတော့ သူ့မျက်ခုံးများက တိတ်တဆိတ် ကြုံသွားသည်ဟုဆိုနိုင်သည်။

သို့ပေမယ့် ခဏတာသာ ၊ ဒီလို သိမ်မွေ့တဲ့အမူအရာမျိုးက လဲ တစ်ခြားသူ သတိထားမိဖို့ မလွယ်ကူပါဘူး။

သူက တိုးတိုးလေး ပြုံးပြီးတော့သာ


“ဒါက ကျွန်တော့်ရဲ့ ပထမဆုံး အကြိမ် ချင်တီးခတ်တာ သင်ပေးတာ လေ၊ မ‌ပေါ့လျှော့ဝံ့ပါဘူး။ ပြင်စရာတွေ လုပ်စရာရှိတော့ စောစော လာခဲ့လိုက်ဝာာ “

“ကောင်းပါပြီ “

ကျောက်ယန့်ဟုန် က သူသည်  စိတ်ရှုပ်သွားသလို  ခံစားခဲ့ရပြီး သူစာသင်တဲ့အခါမှာ အထူးပြုစုထားသောစာအုပ်ပင် မလိုအပ်ခဒ့ ပေ။သို့သော် ရှဲ့ဝေ သည် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး သူတို့လို ပျင်းရိဖွယ်စွမ်းရည်ရှိသူများနှင့် ဝေးကွာလှသည်။ နှိုင်းယှဥ်ကြည့်မိတော့

“ရှဲ့ရှန်းရှန်က  မျှော်လင့်ထားသလိုပဲ၊ စေ့စေ့စပ်စပ်နဲ့  အရမ်းလိမ္မာပါးနပ်တဲ့အတွက် ဒီလု ရှက်မိပါတယ် ။ ဒီလိုနည်းနဲ့ ရှန်းရှန်ရဲ့အချိန်တွေကို အလဟသတာကိုတော့ နှမြောမိတယ် ၊ နှုတ်ဆက်ပါတယ် “

ဟု ဆိုကာ နှုတ်ဆက်စကားဆိုလာသည်။

ရှဲ့ဝေ က ချင်တူရိယာ ကို ပွေ့ပိုက်ထားတာကြောင့်  သူ့ဘက်သို့ အနည်းငယ်သာ ဦးညွှတ်ရင်း နှုတ်ဆက်လိုက်သည်။

ထိုအချိန်တွင် သူတို့ထဲမှ တစ်ယောက်က လှေကားထစ်များမှ  ဆင်းလာပြီး နောက်တစ်ယောက်က လှေကားထစ်များပေါ် တက်လာသည်။

ကျန်းရွှယ်နင်သည် ခန်းမတံခါးနှင့် နီးကပ်စွာထိုင်ပြီး သူတို့နှစ်ဦး စကားပြောသံကို  အကုန်လုံး နားထောင်မိလုနီးပါးပင်။နောက်ဆုံးအတန်းပြီးပြီးချင်း ငြိမ်သက်သွားသော သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းလာပြန်သည်။

ထို့နောက် အရိပ်တစ်ခုက သူမ၏ စားပွဲပေါ် ကျရောက်လာသည်။

ရှဲ့ဝေ သည် နန်းဆောင်အပြင်ဘက်မှ ဝင်လာပြီး သူမ၏ စားပွဲအနားမှ ဖြတ်သွားခဲ့သည်။

ကျန်းရွှယ်နင် ခေါင်းကို မလှည့်ဝံ့။

သူမကို ဖြတ်သွားသည့် နက်ရှိုင်းသောအစိမ်းရောင်  ၀တ်ရုံ ပျောက်ကွယ်သွားသည့်တိုင်အောင် သူမ ခေါင်းကို မမော့ဝံ့ဘဲ  နောက်မှသာ တိတ်တဆိတ်   အပေါ်ကို မော့ကြည့်လိုက်သည်။

ရှဲ့ဝေ သည် ခန်းမဆီသို့ လျှောက်သွားကာ စကားမပြောဘဲ သူ့နေရာတွင် ရပ်နေလိုက်သည်။ မျက်ခုံးမွှေးကို ကြုံ့ကာ မျက်လုံးကို ငုံ့ပြီး  သူကိုင်ထားသည့် ချင် တူရိယာကို စားပွဲပေါ်တင်လိုက်သည်။ ထည့်ထားသည့် အိတ်ကို ဖြုတ်ပြီးသောအခါ ကြိုးကို ကိုင်ကာ အသံနေအသံထားကို စမ်းကြည့်သည်။ ထို့နောက် သူ့လက်ဖဝါးနဲ့ ဖြည်းညှင်းစွာ ကြိုးကို အနည်းငယ်ဖိကာ ကြိုး၏အဆုံးကို တီးခတ်လိုက်သည်။

အသံစမ်းသပ်မှု နှစ်ခုသည်   ကြည်လင်ပြတ်သားပြီး စမ်းချောင်းလေးရဲ့ အောက်ခြေမှာ  လေတွေ တိုက်ခတ်နေကာ တောင်ပေါ်မှ  စမ်းရေကြည်များ စီးဆင်းနေသကဲ့သို့ ကြည်လင်အေးချမ်း နေသည်။ဒီအသံကို  နားထောင်ခြင်းဖြင့် လူအများကို  စိတ်ပေါ့ပါးသွားစေသည်။

ချင်တီးသူ မည်သို့ပင်ဖြစ်နေပါစေ  ဒီအသံထွက်နိုင်သော ချင်တူရိယာသည် အလွန်ကောင်းမွန်သော ချင်ပင် ဖြစ်ရမည်။

ကျန်းရွှယ်နင် သည် ချင်တူရိယာကို ဂရုတစိုက်ကြည့်မိတော့ ချစ်၏ ကိုယ်ထည်သည်  နီရဲခြင်းကို ကျော်လွန်ကာ အနက်ရောင် ဖြစ်လုနီးပါး ၊ အလွန်လေးလံသော ဆေးအရောင်ဖြစ်ပြီး  စီးဆင်းနေသော ရေလှိုင်းများနှင့် ကောင်းကင်တိမ်တိုက်များကဲ့သို့ လျှို့ဝှက်‌ သော လှိုင်းများပါရှိသည့် ချင်၏ကိုယ်ထည် ဖြစ်ကြောင်းကိုပါ တွေ့မြင်လိုက်ရသည် ။ ချင်၏ကိုယ်ထည်တွင် ရေးထွင်းထားသော ချင်အမည်ကို  မမြင်ရသော်လဲ တစ်ချက်ကြည့်လိုက်ရုံဖြင့်  ထိုချင်သည်   “အော်မိန် “ ဟုခေါ်သောရှဲ့ဝေ ၏ ချတူရိယာ များထဲတွင် အသုံးအများဆုံး ချင်တစ်လက် ဖြစ်ကြောင်း ပြောနိုင်သည်။

အဲဒီအခါမှာ နှလုံးသားက တင်းတင်းကျပ်ကျပ်  ဖြစ်လာပြီး
မထိန်းထားနိုင်တော့ ။

အရင်ဘ၀က သူမမှာ  ချင်တီးခတ်ဖို့ အရည်အချင်းနည်းနည်းလေးမှ မရှိခဲ့ ။ဘယ်လိုတီးရမှန်းမသိသလို ဘယ်လို နားထောင်ရမှန်းလည်း မသိပါဘူး။ချင်တီးခတ်တာကို သင်ယူရချိန် ရောက်တဲ့အခါမှာတော့ သူမရဲ့ ပါးနပ်မှုများဟာ ပျောက်ကွယ်သွားပြီး ပုံသွင်းမရတဲလ  သစ်သားစိုင်ကြီး တစ်ခုလိုပင် ။

ကျန်းရွှယ်နင်ရဲ့ အရင် ဘဝမှာ ချင်တီးခတ်တာကို သင်ယူရင်း မျက်ရည်ကျလုနီးပါး နှိပ်စက်ခံခဲ့ရသည်။


ကံကောင်းထောက်မစွာ၊ နောက်ပိုင်းတွင် သူမသည် ကျောင်းပျက်ခြင်းကို စွဲလမ်းလာခဲ့ပြီး သူမအား တာဝန်ယူပြီး  မည်သူမှ လာမခေါ်ခဲ့ပေ။

ကျန်းရွှယ်နင်သည်  ချင်တီးခတ်ခြင်းကို သင်ကြားပေးတဲ့ ဆရာကို များစွာ အသိအမှတ်မပြုနိုင်ခဲ့။  ရှဲ့ဝေသည်လဲ သူတို့ထဲမှ တစ်ဦးဖြစ်သည်။

တစ်နေ့သား နှင်းတွေ အစွမ်းကုန်ကျပြီး နန်းတော်ရဲ့ အနီရောင် နံရံတွေနဲ့ အစိမ်းရောင် ကြွေပြားတွေကို ငွေရောင် နှင်းတွေနဲ့ ဖုံးအုပ်ထား လေသည်။ ။ သူမနဲ့ ကျန်းကျယ် တို့ဟာ ခွန်းနင် နန်းတော်အပြင်ဘက် လမ်းရှည်ကြီးတလျှောက် လမ်းလျှောက်လာကြရင်း အဝေးက နန်းဆောင်ဆီကနေ  အသံတစ်ခုကြားလိုက်ရလေသည်။ ။ သူတို့ရှေ့ ဖုန်းချန်နန်းဆောင် ရဲ့ ဘေးဘက်ခန်းမက  ချင်တီးခတ်သံပင်။

ဒါကြောင့် နှစ်ဦးသား လာရာလမ်းမှာ ရပ်မိလိုက်ကြသည်။

ဒါပေမယ့် မကြာခင်မှာ ချင်တီးခတ်သံက ရပ်ဆိုင်းသွားလေသည်။

ခဏအကြာတွင် ရှဲ့ဝေသည် ချင် ကို ပွေ့ပိုက်ကာ တစ်ဖက်ခန်းမှ ထွက်လာပြီး သူတို့ရှေ့က လမ်းကြောင်းအတိုင်း ဖြတ်သွားကာ လှည့်ကြည့်လာတော့ ကျန်းကျယ် နှင့်အတူ ရပ်နေသော သူမကို တွေ့လိုက်ရသည်။ ရှဲ့ဝေသည် ကျန်းရွှယ်နင်ကို ကြည့်လိုက်ပြီးနောက် ကျန်းကျယ် ကို ကြည့်လိုက်သည်။ သို့ပေမယ့် ဘာမှပြန်မပြောဘဲ ချန်ချင်းနန်းဆောင်သို့  ဦးတည်လျှောက်သွားခဲ့သည်။

ထိုအခါ ကျန်းကျယ်က  အဲဒီချင် တူရိယာက ကျော်ကြားသော  မှာ အော်မိန် ဆိုတဲ့ ချင်  ဖြစ်ကြောင်း ပြောလာသည် ။

ကျန်းရွှယ်နင် က အဲနာမည် အော်မိန် က ဘယ်ကလာတာလဲလို့ စပ်စုမေးမိတော့

ကျန်းကျယ် က သူမသိဘူး ဟု ပြန်ဖြေသည်။

ကျန်းရွှယ်နင် တွေးမိတာက အော်မိန်တောင်ရဲ့ မြောက်ဘက်မှာရှိတဲ့ နှင်းတွေက မျက်စိမြင်နိုင်သလောက်ပဲ၊ ပင်လယ်ထဲက ရေခဲနဲ့
များ လုပ်ထားလို့လား ?

ကျန်းကျယ်  ခေါင်းခါ တုန်းပင်။

နောက်ပိုင်း ရှဲ့ဝေ တစ်ယောက်  ချင်အင်ပါယာကို  ပုန်ကန်မီးရှို့ ချေမှုန်းပြီးတဲ့အချိန်မှသာ ကျန်းရွှယ်နင်က ရှားရှားပါးပါး လူသိနည်းတဲ့ ကဗျာတစ်ပုဒ်လည်း ပေါ်ထွက်ခဲ့တာကို သတိရမိသွားသည်။

“သူ့ရဲ့ကျော်ကြားမှုက အင်ပါယာမြို့တော်အနှံ့  ပြန့်နှံ့နေပြီး သူပြန်လာချိန်မှာတော့ အော်မိန် လစန္ဒာကို လက်ထဲမှာ ကိုင်ထားခဲ့တယ်…”


Translated By Esther May
လိုအပ်တာရှိရင် ထောက်ပြပေးပါဦးနော်


Zawgyi

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now