အပိုင်း ၅၆ - မရိုးဖြောင့်သောရည်ရွယ်ချက်

904 63 7
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း ၅၆ -  မရိုးဖြောင့်သောရည်ရွယ်ချက်

ရှန်းကျိရိ သည် ယန့်လင်းနှင့် ကျန်းရွှယ်နင်တို့၏ ဆက်ဆံရေးကို သိရှိထားခဲ့ပြီး၊ သူမအတွက် စာသင်ဖော်ကို ရွေးချယ်တုန်းကတောင်  ယန့်လင်းသည် နင်နင်အတွက် ပြောပေးပြီး အထူးတလည် တောင်ဆိုမှု တစ်ခု ပြုလုပ်ခဲ့ကာ  သူမအား ခဏတာ လှည့်စားပြီး  အခွင့်အရေးယူခဲ့သေးသည်။

အခု  အဲဒီလို လုပ်ခဲ့တဲ့ ယန့်လင်းက  နင်နင်နဲ့ ဆက်ဆံရေးကို တိုက်ရိုက်ကြီး  ငြင်းဆိုနေတာလား ?

ဒါ့အပြင် လူနှစ်ယောက်ရဲ့အမူအရာတွေကိုမြင်တော့ ရှန်းကျိရိ စိတ်တွေရှုပ်ထွေးလာပြီး ယုတ္တိမဲ့ ဒေါသတွေဖြစ်လာရသည်။  ရှေ့ကို တိုးသွားလိုက်ပြီး

"ယန့်လင်း ၊ရှင် ဘာ ?"

" လော့ယန်မင်းသမီး "

ယန့်လင်းသည် စိတ်မသက်မသာဖြစ်နေပြီးသားဖြစ်သည်။ကျန်းရွှယ်နင်သည် ရှန်းကျိရိ  မလိုအပ်တဲ့ ပြောစကား တစ်ခုခုပြောလာမည်ကို ကြောက်သဖြင့် လက်ကို ထုတ်ကာ ညင်သာစွာ ဆွဲတားလိုက်ပြီး  သူမနှုတ်ခမ်းထောင့်များက ကွေးညွတ်ကာ ပြုံးရင်း  သက်သာရာရသွားသလို

"တော်ဝင်မင်းသား ယန့်ဖျင်မင်းသား က ပေါ့ပေါ့ပါးပါး ဟာသလုပ်လိုက်တာပါပဲ ၊  ကိစ္စမရှိပါဘူး"

"ဒါပေမယ့် ဒီမင်းသမီး ပြောချင်တာက အဲဒါ မဟုတ်ဘူး..."

ယန့်ဖျင်မင်းသားကြောင့် မဟုတ်ဘူး။

ရှန်းကျိရိသည်  ကျန်းရွှယ်နင် သူမကို ဆွဲတားလိုက်သည်နှင့် သူမငြင်းခုန်တော့မည့်အချိန်တွင် ကျန်းရွှယ်နင်၏ ငြိမ်သက်နေသောမျက်လုံးများတွင် ရိုးရိုးသားသား တောင်းဆိုမှု အနည်းငယ်ကို သူမတွေ့လိုက်ရသည်။ဘာကြောင့်လဲဆိုတာ သူမ မသိသော်ကြောင့်  သူမဆီတွင် မေးခွန်းများပြည့်နှက်နေသည်။ သို့ပေမယ့် ထုတ်မပြောနိုင်ခဲ့ ။

နောက်ဆုံးတော့ လဲ သူမသည် ကျန်းရွှယ်နင်တို့နှစ်ယောက်ကြားမှာ  ဘာဖြစ်သွားမှန်းမသိခဲ့ချေ။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now