အပိုင်း -၂၁ ယိုဖန်ယင်းရဲ့ အလုပ်ရှင်

1K 126 3
                                    

Unicode

ခွန်းနင် နန်းတော်ရာပုံပြင်

အပိုင်း -၂၁ ယိုဖန်ယင်းရဲ့ အလုပ်ရှင်

ချင်တစ်လက်ထဲကို ငွေသုံးထောင်လောက် ကုန်ကျပေမယ့် ယန့်လင်းသည် ငွေပေးချေသည့်အခါ မျက်တောင်ပင် မခတ်ခဲ့ပေ။

ရုံယိနယ်စားအိမ်တော်၏ မိသားစု နောက်ခံအင်အားသည် မည်မျှ ခိုင်မာကြောင်း တွေ့ရနိုင်သည်။

အတိတ်တုန်းက ကျန်းရွှယ်နင်သည် အသိပညာမကြွယ်၀တာတောင် ယန့်လင်းသည် သူမအား ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး သူမသည်လဲ ယန့်လင်း၏ ကြင်နာမှုကိုလည်း ကျေကျေနပ်နပ်ကြီး နှစ်သက်စွာ ခံယူခဲ့သည်၊ သို့သော် ပြန်လည်မွေးဖွားလာပြီးနောက်တွင် ကျန်းရွှယ်နင်သည် လူငယ်တစ်ယောက်၏ ရိုးသားသော ချစ်ခြင်းမေတ္တာကို လက်ခံရန် အတွက် သူမ မတတ်နိုင်တော့ကြောင်း သူမ နားလည်လိုက်မိသည်၊ ဒီကောင်းမှုကို  သူမ လက်ခံရန် မဝံ့ရဲတော့။

ဒီချင် ကို သူမလက်မခံသင့် ။

သို့သော် သူမ ထန်အာအား ငွေစက္ကူပေးရန် စေခိုင်းတော့မည့်  အချိန်တွင် ကျန်းရွှယ်နင် သည် ရုတ်တရက် တုံ့ဆိုင်းသွားကာ စိတ်ပြောင်းပြီး သူ၏ အတွေးများကို မျိုသိပ်ကာ  ချင် ကို တိတ်တဆိတ် လက်ခံလိုက်တော့သည်။

ထို့နောက် လုရှန်း သည် ပိုက်ဆံကိုယူကာ ငွေစက္ကူများကို တစ်ရွက်ပြီး တစ်ရွက် ရေတွက်ပြီးခေါင်းညိတ်ရင်း  သူ့မျက်နှာတစ်ခုလုံးက ပြုံးရွှင်နေကာ ယန့်လင်းအား 

“ နယ်စားလေးက အရက်ရောဆုံးပဲဆိုတာကို ငါ သိနေတယ်၊ မြို့တော်မှာ ဖောက်သည်များစွာ ရှိပေမယ့် ငါ  လုကျောက်ယင် အပျော်ဆုံးက နယ်စားလေးကို မြင်ရတဲ့ အချိန်ပဲ ! အနာဂတ်မှာ ဒီကို မကြာခဏလာခဲ့။ချင်က  စွဲလမ်းစေတယ်ဆိုတာ နယ်စားလေး သိတယ်မလား ။ မင်း ကြိုက်သွားရင် နောက် နှစ်ခု လောက်ကို ထပ်လိုချင်ဦးမှာ ။နောက်ဆို မလုံလောက်တာမျိုး ဖြစ်လာရင်   ကိုယ်တိုင် ချင်လုပ်ဖို့ သင်ချင်နေဦးမယ် ၊ အဲ့အချိန်ရောက်ရင် ဒီကိုသာလာပြီး  ကြိုက်တာသာ ယူသွား၊နယ်စားလေး အဲလို လုပ်ဖို့ စိတ်ကူးမရှိဘူးလို့ မပြောနဲ့နော် “

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်On viuen les histories. Descobreix ara