အပိုင်း -၇၃ အစုရှယ်ယာ ရောင်းဝယ်ရေး

295 33 1
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း -၇၃ အစုရှယ်ယာ ရောင်းဝယ်ရေး


ကျန်းပေါ်ရုန် ဆီက မထွက်လာခင် ကျန်းရွှယ်နင်က ခဏလောက်စဉ်းစားပြီး

"အဖေ၊ နောက်ထပ်တစ်ခုရှိသေးတယ်။ ဒီသမီးက နောက်ခြောက်လလောက်နေတော့ နန်းတော်ထဲမှာ နေရဦးမှာ ။ ပြီးတော့ ဆယ်ရက်တစ်ခါမှသာ နန်းတော်ကနေ ပြန်လာရတယ်။သမီးက နန်းတော်ထဲမှာ အကြာကြီး နေရပြီး သမီးရဲ့ ခြံ၀န်းထဲမှာ ရှိနေတဲ့ အစေခံတွေကတော့ မနည်းလှဘူး။ နေ့တိုင်း ခြံ၀န်းကို သန့်ရှင်းရေးလုပ်မယ့်လူလိုတာ မှန်ပေမဲ့ အများကြီး မလိုပါဘူး။ဒါကြောင့် အဖေ ဘာလို့ တာ၀န် မရုတ်သိမ်းရမှာလဲ။ ထန်အာ နှင့် လျန်အာ က သမီးအပေါ် သစ္စာစောင့်သိသော မိန်းကလေးနှစ်ယောက် ဖြစ်လို့ သူတို့ကိုအိမ်က အိမ်တော်ထိန်းမားမားဆီ ပို့လိုက်ပြီး စာရင်း စာအုပ်တွေကို လေ့လာခိုင်းနိုင်မလားလို့ တွေးမိတယ်။ သို့မဟုတ် ကျေးလက်က လယ်ယာအိမ်ခြံမြေတွေ အကြောင်းကိုပေါ့ ။ အတွေ့အကြုံများများရှိရင် ရှေ့ရေးကို ပိုမြင်နိုင်မလားလို့လေ "

ကျန်းပေါ်ရုန် သည် သူ၏ဒုတိယသမီးလေး၏ ပျော်ရွှင်မှုနှင့် ရှုပ်ထွေးမှုများကြားမှာ နှစ်မြုပ်နေဆဲဖြစ်ရာက နောက်ဆုံးတွင် ဥာဏ်ပွင့်လာခဲ့တာ ကြောင့် ပျော်ရွှင်မိသွားသည်။သို့သော် သူမ၏စကားကြားတော့ အနည်းငယ်လဲ စိတ်ရှုပ်ထွေးသွားရသည်-


"သမီး မလိုအပ်ရင် အစေခံတစ်ဝက်ကို ဖယ်ရှားလိုက်လို့ ရပါတယ် ၊ဒါပေမယ့် သမီးရဲ့အနားက အစေခံနှစ်ယောက်ကို စာရင်းဇယားတွေ သင်ယူစေချင်နေတာက ဘာကြောင့်လဲ? "

ကျန်းရွှယ်နင် သည် ယခုအချိန်သည် တစ်ခြားအချိန်များထက် ပို၍ ကောင်းမလာနိုင်ကြောင်း ခံစားမိသည်။

သေသေချာချာ စဉ်းစားပြီးနောက် သူမက

"အဖေက နန်းတော်မှာ ဖြစ်ပျက်ခဲ့တာကို သိပြီးသားဆိုတော့ အဲဒီအချိန်က ဒီသမီး ဘယ်လို အန္တရာယ်မျိုး ကြုံခဲ့ရလဲ သိမှာပါ။ ၊ ဒီဘေးဆိုးကြီးကို ရှောင်နိုင်ခဲ့တာ ဘယ်လောက်ကံကောင်းလိုက်သလဲ။ ငယ်ငယ်လေးကတည်းက ကျေးလက်မှာ ၀မ်နျန်နဲ့ နေခဲ့ရတဲ့ ဒီသမီးက မြို့တော်ကို စဝင်တုန်းကတော့ ကျေးလက်က နွမ်းပါးတဲ့ ဘ၀နဲ့ မတူညီဘဲ မြို့တော်က အရာရာက ချမ်းသာပြည့်စုံလွန်းတယ်လို့ ခံစားခဲ့ရတယ်။ဒါပေမယ့် အခု ပြန်တွေးကြည့်တော့ မြို့တော်က ချမ်းသာကြွယ်၀ပြီး ပြည့်စုံပေမယ့် ကျေးလက်လောက်တော့ အေးချမ်းပြီး နေရတာ အဆင်ပြေမှာ မဟုတ်ဘူး၊ ဒီသမီးမှာ နုံအတဲ့ အကြံဥာဏ်တစ်ခု ရှိပါတယ်၊ အဖေ မရယ်ပါနဲ့ လို့ တောင်းဆိုပါရစေ။ ဒီနှစ်၀က်တာ စာသင်ရတဲ့ ကာလ ပြီးသွားရင် မြို့တော်ကနေ ထွက်သွားပြီး မွေးရပ်မြေဖြစ်တဲ့ ရွာမှာ နေဖို့ ခဏ ပြန်သွားချင်ပါတယ်"

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now