အပိုင်း - ၃၃ သာယာသောနေ့တစ်နေ့

866 104 7
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း - ၃၃ သာယာသောနေ့တစ်နေ့

ကျန်းရွှယ်နင် သည် သူမသည် အလွန်တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်ဖြစ်ကြောင်း ဘယ်သောအခါမှ ငြင်းဆိုခြင်းမရှိပေ ။ လက်ရှိ အတိတ်က ယိုဖန်ယင်း နှင့် နှိုင်းယှဉ်ပါက အခု ဤနေရာသို့ ရောက်လာသူသည် အရင် ယိုဖန်ယင်း နှင့် မစိမ်းတဲ့သူဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

(အခုလက်ရှိ ယိုဖန်ယင်းက အရင်က ကျန်းရွှယ်နင်သိဖူးတဲ့ ယိုဖန်ယင်းနဲ့ တူနေတာမျိုးပါ)

သို့သော်  သူမမှာ ဤစက်ဆုပ်ဖွယ်ကောင်းမှုသည် အကန့်အသတ်ရှိသည်။

ကျန်းရွှယ်နင်ဟာ ယိုဖန်ယင်း ထိခိုက်ဒဏ်ရာရတာကို ထိုင်ကြည့်နေရုံနဲ့ မနေနိုင်ခဲ့တာကြောင့် ၊ ဒီလိုတွေဖြစ်လာတော့ အရင်ဘ၀က  ယိုဖန်ယင်းတစ်ယောက် နဲ့ ဘယ်လိုလုပ်ပြီး သူငယ်ချင်းဖြစ်လာသလဲဆိုတာကို တွေးတောင်မတွေးမိချင်တော့ ။ဒါကြောင့် သူမ ယိုဖန်ယင်းကို ကယ်တင် ပေးခဲ့ပေမယ့် ယိုဖန်ယင်းရဲ့ သူရဲဘောကြောင်မှုကို သူမ နားလည် မပေးနိုင်ခဲ့၊ နောက်ဆုံးတော့ ကျန်းရွှယ်နင်သည် အရာအားလုံးတွင် ဒီတစ်ယောက်က အခြား ယိုဖန်ယင်း နှင့် မတူသည်ကို သူမ နားလည်ခဲ့ပေသည် ။

ဒါပေမယ့် ဒီ ယိုဖန်ယင်းက ဘာလို့ ထို ယိုဖန်ယင်းနေကဲ့သို့ ဖြစ်လာရမှာလဲ။

သူမသည် သူမ ကိုယ်ပိုင်ဘဝဖြင့်သာ နေထိုင်သင့်သည်။

ကျန်းရွှယ်နင်သည် ယိုဖန်ယင်းကို ကယ်တင်ခဲ့သော်ငြားလည်း  သူမ၏ဘဝကို ပုံဖော်ပေးရန်အတွက် အရည်အချင်းမပြည့်မီသလို ယိုဖန်ယင်း၏ရွေးချယ်မှုမှန်သမျှကို စိတ်ပျက်ကြောင်းဖော်ပြရန်လဲ အရည်အချင်းမပြည့်မီပေ ၊သို့‌ပေမယ့် ယ‌ခု ယိုဖန်ယင်းသည် သူမ၏ညွှန်ကြားချက်များကို အမှန်တကယ်လိုက်နာခဲ့ပြီး ပိုးထည်အစိမ်းဝယ်ရန် သွားကာ စာရင်းအင်းများ လေ့လာရန် ဆိုတဲ့ လမ်းကိုပါ လျှောက်ခဲ့သည်။ သာမန်မိန်းမပျိုတွေလို  မထွက်ရဲတဲ့ အိမ်နောက်ဖေးကနေပြီးတော့ သူမရဲ့ကျေးဇူးကို ဆပ်ဖို့  အရာအားလုံးကို ဒီသေတ္တာငယ်လေးထဲ ထည့်လာသည်...

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now