အပိုင်း ၄၇ - ဝေးကွာဟန်ဆောင်ခြင်း

738 81 5
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း ၄၇ - ဝေးကွာဟန်ဆောင်ခြင်း

လိမ္မာတယ် ...

ကျန်းရွှယ်နင် သည် ထိုစကားနှစ်လုံးကို ကြားလိုက်သောအခါ သူမ၏ မျက်လုံးထောင့်များ  အငြိမ်မနေနိုင်ဘဲ တုန်လှုပ်သွားသည်။

ရှဲ့ဝေ က သူမကို ကျောရိုးမရှိတော့အောင် ဘာကြောင့်လုပ်ရတာလဲ။

မတ်တပ်ထရပ်ပြီး ပြန်ချေပချင်ပေမယ့် ပါးစပ်ဖွင့်တော့မယ့်အချိန်မှာ ဒီနေ့ သူမရဲ့ အပြောအဆိုနဲ့ လုပ်ရပ်တွေကို သေသေချာချာ တွေးမိပြီး သူမမှာ ကျောရိုးရှိတယ်လို့ ပြောဖို့ သတ္တိမရှိခဲ့။

အရာအားလုံး ငြိမ်းချမ်းနေရင် ရှဲ့ဝေကို ဘယ်သူက လှုံ့ဆော်ချင်မှာလဲ။

သူမ နှလုံးသားက ရုတ်တရက် အသက်ရှုကြပ်လာသည်။

ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူက သူမကို ဘာမှထပ်ပြောချင်ပုံမပေါ်တော့ဘဲ သူမကို ပြောပြီးသည့်နှင့် ထိုလူက သူမအနားမှဖြတ်သွားကာ ခန်းမထဲမှ ထွက်သွားခဲ့သည်။

ကျန်းရွှယ်နင် သည် နန်းဆောင်ထဲတွင် ကျန်ရှိနေပြီး ထွက်ခွာသွားတဲ့ သူ့နောက်ကျောကို ကြည့်နေမိသည်။

မြူတွေ လွင့်စင်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

တောက်ပသောကောင်းကင်အလင်းရောင်သည် မြင့်သောအရပ်အပေါ်  လင်းလက်တောက်ပနေပြီး ရှဲ့ဝေ ၏ ကြီးကျယ်ခမ်းနားသောအသွင်အပြင်သည်  ဤကမ္ဘာသို့မသေနိုင်သောလူသားတစ်ဦး ဆင်းသက်လာသကဲ့သို့ ပို၍ပင်စွဲမက်ဖွယ်ဖြစ်စေသည်။ သူမ၏ ယခင်ဘဝတွင်  မြင်ခဲ့ရသော သွေးထွက်သံယိုနှင့် ဆိုးရွားသည့်အရာများကား အဘယ်မှာနည်း……

ရှဲ့ဝေ က အခုနက  သူမကို ဒီလိုပြောတုန်းက စိတ်ကောင်းရှိနေတယ်လို့ သူမဘာကြောင့် ခံစားလိုက်ရတာလဲ။

ချန်ရှူယိ ကို  "မင်း မလေ့လာချင်ရင် ထွက်သွားနိုင်တယ်" ဟု ပြောတုန်းကပင်  သူက စိတ်ဆိုးနေပုံပင်။   ဘာဖြစ်သွားသည်ကို ကျန်းရွှယ်နင် မသိတော့။ သို့မဟုတ်ပါက အရာအားလုံးကို ကောင်းမွန်စွာ ကိုင်တွယ်တတ်သည့်  ရှဲ့ကျွီအန်း ထိုသို့သောစကားကို ပြောမှာမဟုတ်ပါဘူး။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now