အပိုင်း -၆၁ မှားယွင်းမှု

940 70 2
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း -၆၁  မှားယွင်းမှု  


မျက်လုံးနှစ်စုံက  မျက်နှာချင်းဆိုင်နေကြကာ 

ကျန်းရွှယ်နင် တစ်ယောက် အံ့သြစရာကောင်းလောက်အောင် ငြိမ်သက်သွားသည်။

သူမသည် စိတ်ထားကောင်းသူမဟုတ်ပေ။သူမ၏စိတ်ရှည်သည်းခံမှုနှင့် နာကျည်းမှုသည် အရေးကြီးသည့်အချက်တစ်ခု အဖြစ်သို့ရောက်ရှိသွားပြီး ရှဲ့ဝေ၏ ကြမ်းတမ်းသောစကားကြောင့် သူမ နှိုးဆော်ခံလိုက်ရသောအခါတွင်  မီးပွားတစ်ခုနှင့်  တစ်ခု ထိတွေ့ကာ ပေါက်ကွဲလာသလိုမျိုး  ပြင်းပြင်းထန်ထန် ပြုမူမိသွားတာပင်။ သူမ လုပ်ချင်ပေမယ့် အရင်က မလုပ်ဝံ့တဲ့အရာတစ်ခုကို လုပ်မိသွား‌တော့သည်။

ဒါက လက်စားချေခြင်းပဲ။

တစ်ခဏလေး အတွင်း ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကလဲ့စားချေခြင်းသာဖြစ်သည်။

ရှဲ့ဝေ ကိုယ်တိုင်လဲ  ကျန်းရွှယ်နင်နှင့်  ထပ်တူထပ်မျှ ငြိမ်သက်သွားသည် ။

သို့သော် ဤငြိမ်သက်မှုသည် သူ့အတွက် အသွင်အပြင်တစ်ခုသာဖြစ်သည်။

ကျန်းရွှယ်နင် ၏ မျက်နှာအမူအရာသည် သူ့မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်လာပြီး တိမ်မည်းများ ချက်ချင်းပြိုကျတော့မလို  အန္တရာယ်ရှိသော လှိုင်းလုံးကြီးတစ်ခုအဖြစ်  တိုးဝင်လာကာ တောင်ပေါ် မိုးရွာတော့မည်ကဲ့သို့ ဒေါသများက ကြီးမားစွာ ထွက်ပေါ်လာသည်။


သူကို  ကြောင်က  မထိမိလိုက်သည်မှာ သိသာထင်ရှားသော်လည်း ယခုအခိုက်တွင် ကြောင်ထိမိသွားသည့် အင်္ကျီလက်ကို ကိုင်လိုက်ကာ သူ့လက်ချောင်းထိပ်များဆီမှာ အကောင်တစ်ခုခု   တွားသွားနေသည့်  အေးစက်နေသော  ခံစားချက်ကို တုန်လှုပ်စွာ  ချမ်းစိမ့်စိမ့်ခံစားနေရသည်။ 

လက်ချောင်းများကို အလွန်အကျွံ တင်းမာစွာ ဆုပ်ထားမှုကြောင့်လဲ ထုံကျင်လို့နေသည်။

ရှဲ့ဝေ သည် ဤခံစားချက်ကို ဖျောက်ဖျက်ရန် အတတ်နိုင်ဆုံးကြိုးစား‌နေပြီး ယခုအချိန်တွင် သူ၏ရင်ဘတ်ထဲတွင် ပေါက်နေသော ဒေါသကို အစွမ်းကုန် နှိမ်နင်းရန် သည်းခံခဲ့သည်။

ဒါပေမယ့် နှိမ်နှင်းဖို့ ကြိုးစားလေလေ သူ့နှလုံးသားထဲမှာ လှိုင်းလုံးတွေ တိုးလာလေလေပါပင်။ 


ရှဲ့ဝေတစ်ယောက် ရှားရှားပါးပါး ဒီအခိုက်အတန့်ကို  ဆက်လက်ပြီး ထိန်းချုပ်မထားနိုင်တော့ဘဲ ကျန်းရွှယ်နင်ကို လှမ်းကြည့်ကာ


“နင်အာ၊ ငါက ပျော့ညံ့လွန်းပြီး စကားပြောရလွယ်တယ်လို့ မင်းထင်နေတာလား။”

တခြားသူတွေရှေ့မှာ သူခေါ် လေ့ရှိတဲ့ “ဒုတိယသခင်မလေးကျန်း “ မဟုတ်၊ တခြားသူတွေနောက်ကွယ် သူမတို့ တစ်ယောက်ချင်းရှိတဲ့အခါ သုံးတဲ့  “ဒုတိယသခင်မလေးနင် “ လည်း မဟုတ်ပေ။
 
လေသံခပ်ပြတ်ပြတ်နဲ့ အေးစက်လွန်းတဲ့ “နင်အာ” ပင်။ 

ကျန်းရွှယ်နင်သည် ဖုံးကွယ်ထားတဲ့  ပြင်းထန်လွန်းသော အန္တရာယ်ရှိသော အနံ့ကို ရှူရှိုက်မိသည် ။

သူမ ၏ ခန္ဓာကိုယ်ကို လည်း တင်းတင်းကြပ်ကြပ် ဖက်တွယ်ထား လိုက်မိသည်။ ရှဲ့ဝေရဲ့အသံကို ကြားလိုက်တာနဲ့ ခြေထောက်အောက်က လေအေးတွေက သူမနောက်ကျောကို တည့်တည့်တိုးဝင်လို့ လာသလိုပင် ။ မသိစိတ်တွေကြောင့် သူမရဲ့ ခြေလှမ်းတွေကို နောက်ပြန်ဆုတ်လိုက်သည်။ 


ဒါပေမယ့် ဒီအချိန်မှာ သူမဟာ လှေကားထစ်တွေပေါ်မှာ ရပ်နေတာကို  မေ့သွားခဲ့လေသည်။ 
ခြေလှမ်းများသည် နောက်ပြန်ဆုတ်သွားရင်း  လှေကားထစ်ကနေ ချောကာ ကျတော့သည်။ 


ကျန်းရွှယ်နင် ၏ ပုံသဏ္ဍာန်မှာ မတည်မငြိမ်ဖြစ်ပြီး သူမသည် ချက်ချင်းပင်  နောက်ပြန်လဲကျလုနီးပါးဖြစ်နေပြီဖြစ်သည်။သို့သော် ယခုအခိုက်တွင် လက်တစ်ဖက်က ဆန့်ထွက်ကာ သူမ၏လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ များသောအားဖြင့်  စာအုပ်များနှင့် မှင်စုတ်တံများသာကိုင်လေ့ရှိသော လက်ငါးချောင်းသည် အလွန်သေးသွယ်သော်လည်း လျှို့ဝှက်တဲ့ အားအင်တစ်ခုရှိနေသည်။
ပြင်းထန်တဲ့ဆွဲအားတစ်ခုက သူမကို ရှဲ့ဝေဆီသို့ ဆွဲခေါ်သွားလေသည်။ 

အကွာအဝေးကို အလျှင်အမြန်ပဲ ကြုံ့သွားသည်။

ကျန်းရွှယ်နင်သည် သေမတတ် တုန်လှုပ်ချောက်ချားသွားရကာ အားနဲ့ ဆွဲလိုက်တဲ့ ထိုလူဘက်သို့ မှီလိုက်မိသည်။

သူမ၏ လက်မောင်းကို ဖမ်းဆုပ်ထားသော လက်ဖဝါးသည် သံဓားကဲ့သို့ ပြင်းထန်စွာ သန်မာကာ နာကျင်ကိုက်ခဲမှုကိုပင် ခံစားလိုက်ရသည်။ သူမသည် ကြောက်ရွံ့မှုနှင့်အတူ ခေါင်းကို မော့
ကြည့်လိုက်သောအခါတွင် ရှဲ့ဝေ ၏ လည်ပင်းတွင် ကွယ်ဝှက်ထားသော သွေးကြောများ၊ ငြိမ်သက်နေသော လည်စေ့ နှင့် တင်းကျပ်သော  နှုတ်ခမ်းပါးများကိုသာ တွေ့လိုက်ရသည်။
 
ပြီးတော့ …

အေးစက်ပြီး ရက်စက်လိုတဲ့ မျက်၀န်းတစ်စုံ

ဒါက တခြားသူတွေရှေ့မှာ ရှဲ့ဝေ ပေါ်ထွက်‌နေကျပုံစံနဲ့ လုံးဝမတူညီ။

ကျန်းရွှယ်နင်၏ ဦးရေပြားမှာ ထုံကျင်နေသည်။

အရင် အတိတ်ဘ၀မှာတောင် လေးရှည်ကိုင်ပြီး နန်းတော်တံခါးကို ပိတ်ဆို့ကာ လူတွေကို ဦးဆောင်ပြီး တော်ဝင်မိသားစုကို သူပုန်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကို အေးတိအေးစက် ကြည့်နေတုန်းတောင် သူ့မှာ  ဒီလောက်ကြောက်စရာကောင်းတဲ့ အမူအရာမျိုး ရှိခဲ့တာ  တစ်ခါမှ မကြုံဖူးပါဘူး။

သူမ နောက်ဆုတ်ချင်ပေမယ့် ပြိုင်ဘက်က သူမကို  တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားပြီးသား ။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now