အပိုင်း - ၁၅ ကျိုးယင်းကျိ

1.2K 158 13
                                    

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း - ၁၅  ကျိုးယင်းကျိ

စိတ်လျော့

စိတ်လျော့

ကျန်းရွှယ်နင် သူမကိုယ်သူမ သိပ်အထင်ကြီးမနေဖို့ တွန်းအားပေးလိုက်ကာ မျက်လုံးကဲ့သို့သော အရာများက ဒီအချိန်မှာ  ပိုးမွှားလိုမျိုး ဖြစ်ပြီး  အရာအားလုံး၏ အစသာဖြစ်သည်။ 

ယောက်ျားလေးတစ်ယောက်က သူ သဘောကျနှစ်သက်တဲ့  မိန်းမပျို တစ်ယောက်ကို ကြည့်တဲ့အခါ မျက်လုံးအကြည့်တွေက ခွဲခြားရလွယ်လေသည်။

ဘာကြောင့်လဲ ဆိုတော့ ချစ်မြတ်နိုးမှုအပြင် လိုချင်တပ်မက်မှုတွေ အနည်းနဲ့အများ ရောထွေးနေတတ်လို့ပင်။

ဒါပေမယ့် မိန်းကလေးတစ်ယောက်က သဘောကျနှစ်သက်တဲ့ အခြားမိန်းကမပျို တစ်ယောက်ကိုကြည့်တဲ့အခါ  ထိုကဲ့သို့ ရောထွေးနေတဲ့ဆန္ဒမရှိချေ။ သဘောတရားအရဆို အရမ်းခင်မင်တဲ့ သူငယ်ချင်းတစ်ယောက်ကိုကြည့်တာနဲ့ သိပ်မကွာခြား။

ကျန်းရွှယ်နင်၏ ယခင်ဘဝက ကျန်ရစ်ခဲ့သော အရိပ်သည် အလွန်နက်ရှိုင်းနေပြီး သူမ၏နောက်ကို  မြွေတစ် ကောင်လိုမျိုး ရစ်နွယ်ကာအရိပ်အဖြစ် လိုက်ပါလာလေသည်။

ကျန်းရွှယ်နင် သည် သူမစိတ်ကို  သေချာလျော့ကာ  ဘေးကို လှည့်ကြည့်ပြီးနောက် ပြန်လည်  စိတ်တည်ငြိမ်လာသည်။ သူမ စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း  ရှန်းကျိရိ၏ မျက်နှာကို   မော့မကြည့်နိုင်။

ရှန်းကျိရိ သည် ကျန်းရွှယ်နင်နှင့် အလွန်နီးကပ်စွာ ရပ်နေသော်လည်း သူမရဲ့ စိတ်ထဲမှာ ထူးဆန်းပြီး အဓိပ္ပါယ်မဲ့သော အတွေးများ မည်မျှရှိနေသည်ကို သူမ မသိ။ ဒါ့ကြောင့် ရှန်းကျိရိ အနားက နန်းတော်အစေခံကို လက်ဝါးအရွယ် မှန်တစ်ချပ်ယူခိုင်းပြီးနောက် တစ်ချက် ကြည့်လိုက်ကာ ၊  နံဘေးက  ကြွေကျနေတဲ့ ချယ်ရီပွင့်ချပ်တွေကို ကြည့်ရင်း  မျက်လုံးတွေ တဖျက်ဖျက်  မှိတ်ကာ စိတ်ထဲထိ ခံစားလိုက်မိသည်။

ကျန်းရွှယ်နင် ကို ပထမဆုံးအကြိမ်တွေ့လိုက်သောအခါ ယန့်လင်းသည် သူမ၏ရုပ်ရည်ကောင်းမွန်မှုကြောင့်သာ သူ့ကိုနှစ်သက်သည်ဟုထင်မိကာ သူမ၏အသွင်အပြင်ကြောင့်လဲ  အံ့အားသင့်သွားမိသည်။ မြို့တော်ရှိ သာမန် မိန်းမပျိုများနှင့်  မတူသော အခြားတစ်ဖက်လဲ ရှိနေသည်။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Tempat cerita menjadi hidup. Temukan sekarang