အပိုင်း -၆၄ နောက်တစ်ခါ ဒီလို မလုပ်တော့နဲ့

798 54 5
                                    

Unicode

ခွန်းနင်နန်းတော်ရာ ပုံပြင် 

အပိုင်း -၆၄  နောက်တစ်ခါ ဒီလို မလုပ်တော့နဲ့ 

ရှဲ့ဝေ သည် ကျန်းရွှယ်နင်ကို ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့
အသံတစ်ချို့ကို ထပ်ဖြည့်လိုက်ကာ ကူရာမဲ့စကားစလာသည်။ 

“အရင်က တစ်ခေါက်က စိတ်ဆိုးသွားလား “ 

လွန်ခဲ့သည့် နှစ်ရက်လောက် ငြိမ်သက်သွားပြီးနောက် ကျန်းပေါ်ရုန် နှင့် ယန့်လင်းတို့၏ မူလတောင်းဆိုမှုများနှင့် အပ်နှင်းမှုများကို သူသဘောတူလိုက်မိတာကို ပြန်လည်သတိရလာသည် ။ ကြောင်ကဲ့သို့ သေးငယ်သော အရာများကြောင့် အသက်နှစ်ဆယ်မပြည့်သေးသော မိန်းကလေးတစ်ဦးအား ကြမ်းတမ်းစွာ ပြောဆိုပြီး သူမရဲ့  မျက်နှာကို ပျက်ယွင်းစေခဲ့မိသည်။

သူက အရင် စလုပ်ဆောင်ခဲ့သူလို့တော့  မပြောလို။

တစ်ချို့ ဒေါသကြီးတဲ့ မိန်းကလေး တွေက အချော့ခံရတာကိုနှစ်သက်ကြပေသည်။ ချော့မော့ရတာက အရမ်းကြီးတော့ မခက်ခဲနိုင်ပါဘူး ဟုတ်တယ်မလား ? 

ရှဲ့ဝေ က ကျန်းရွှယ်နင်၏အမူအရာကို ကြည့်လိုက်သည်။

ဒါပေမယ့် ကျန်းရွှယ်နင် ရှဲ့ဝေ ပါးစပ်က ထွက်လာသည့်  စကားကို မယုံနိုင်သလို အံ့သြစွာနဲ့ သူ့ကို မော့ကြည့်နေတာကို မြင်လိုက်ရသည် ။ဒါပေမယ့် သူမရဲ့ ခံစားချက်တွေက ခဏလောက်သာ၊   နောက်အခိုက်အတန့်မှာ အားလုံးကို ထိန်းချုပ်လိုက်ပြီး ၊ ခေါင်းငုံ့ကာ 

“ရှန်းရှန်ရဲ့ ၊ စကားက လေးနက်ပါတယ်၊ ဒီကျောင်းသူက ရှန်းရှန်ကို ဒေါသမထွက်ရဲပါဘူး “

ကျန်းရွှယ်နင် သည် ရှဲ့ဝေ နှင့် ပထမတော့  အဆက်မဆံ မပြုလုပ်ချင်ခဲ့ပေ။သူမ၏ယခင်ဘဝတွင် ချန်ရစ်ခဲ့သော ဤလူ၏ အထင်အမြင်မှာ ဆိုးရွားလွန်းလှသည်။ သူမ မျှော်လင့်ထားသော နောက်ထပ်အဆက်အသွယ်များမှာလည်း သူမ မထိန်းချုပ်နိုင်တော့ပေ။ 

အကြောင်းပြချက်ကတော့ ဝေးလေလေ ပိုကောင်းလေလေပင် ဖြစ်သည်။ 

သူမသည် မနေ့ညက ပြန်ရောက်၍ ထိုအကြောင်းကို တွေးနေမိသည်။ ရှဲ့ဝေ က “အမျိုးသမီးကောင်းတို့ သိသင့်သိထိုက်တဲ့ ဓလေ့ထုံးထမ်းများ”   ကို လွှင့်ပစ်ခဲ့ကာ  သူက တခြားလူကြီးလူကောင်းတွေနဲ့ မတူဘူး တွေးမိပြန်သည်။ သူမကိုယ်တိုင်လည်း ခုခံကာကွယ်ချင်ခဲ့သည်။ကျန်းချုံ၏ သင်ကြားဟောပြောချက်ကို အကြောင်းပြချက်မရှိ  သူမက နားမထောင်ခဲ့ပေ။ ဒါပေမယ့် သူမ စိတ်အေးအေးထားပြီး နားလည်မှုလွဲတာက မဆိုးဘူးလို့ ငြိမ်သက်စွာ တွေးလိုက်ပြန်သည်။ 

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now