Chapter (496)"အသုံးဝင်သောပစ္စည်း"

228 19 0
                                    

Chapter (496)

“အသုံးဝင်သောပစ္စည်း”

ရဲရှောင် ပြုံးလိုက်ရင်း -

“ဒီပစ္စည်းနဲ့ ပတ်သက်ပြီး ကျုပ်လည်း သိပ်တော့ မသိပါဘူး။ ခင်ဗျားကျုပ်ကို ပေးချင်စိတ် မရှိဘူး ဆိုရင်လည်း ကျုပ်ပြောခဲ့တာတွေကို မေ့ပစ်လိုက်ပါ။ အမှန်တိုင်းပြောရရင် ခင်ဗျားဒီပစ္စည်းကို ဘယ်လောက်ပဲ အမွှန်းတင်တင် ကျုပ်ကတော့ မိုးကြိုးကို ကာကွယ်နိုင်တယ် ဆိုတာကို မယုံသေးဘူး . . .”

“ခင်ဗျားတို့ကို ကောင်းကင်ဆန့်ကျင်ဆေးလုံး မလုပ်ပေးနိုင်တော့ဘူး၊ ကျုပ်အသက်ကို စတေးရမှာဗျ။ ကျုပ်အတွက် မတန်လှဘူး . . .”

မိန်းကလေး ၂ ဦးသည် စိတ်ထဲတွင် မရှူနိုင်မကယ်နိုင် ဖြစ်သွားကြသည်။ သူမတို့သည် အမြင်စူးရှကြသူများပီပီ လင်းဝုရှဲ့၏ ရွှေဝိညာဉ်မျှော်စင်မှာ ထူးခြား ကောင်းမွန်လှသည့် ပစ္စည်းတစ်ခုမှန်း သိလိုက်ကြသည်။ ထူးခြားသော ပစ္စည်းတစ်မျိုးဖြစ်ပြီး အရွယ်အစားကိုလည်း လိုအပ်သလို ထိန်းချုပ်နိုင်လေသည်။

မိန်းကလေး ၂ ဦးမဆိုထားနှင့် သခင်ကြီးဘိုင်ပင် ထိုကဲ့သို့ ရတနာကို အများကြီး မြင်ဖူးခဲ့မည် မဟုတ်ပေ။ သို့သော် ဖန်ဇီလင်မှာမူ ပိုင်ဆိုင်ခွင့် ရတော့မည် မဟုတ်ပါလား။ အကျိုးအမြတ်များစွာ ရရှိမည် ဖြစ်သည့်တိုင် ကျေးဇူးတင်စရာ မလိုသလို ဟန်ပင်လုပ်နေသေးသည်။

ထိုကဲ့သို့ ရတနာပစ္စည်းသည် မော်တယ်ကမ္ဘာမှ လူများအဖို့ ဘုရားပေးသော ဆုတစ်ခုလိုပင် ဖြစ်နေပေလိမ့်မည်။

လင်းဝုရှဲ့မှ ဝမ်းနည်းသော လေသံဖြင့် -

“ဟူး . . . ခင်ဗျားကို ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ တကယ်ကို ခက်တယ်ဗျာ။ ခင်ဗျား ပြောတာတွေကို ကျုပ်သေချာပေါက် နားလည်ပါတယ်။ ခင်ဗျားက ဒီလို အဆင့်နိမ့် နယ်ပယ်မှာ နေလာခဲ့တဲ့ လူဆိုတော့ အခုလို ပစ္စည်းတွေအကြောင်း သိပ်မသိဘူးပေါ့။ ခင်ဗျားပြောတာလည်း မလွန်ပါဘူးလေ . . .”

ဝမ်အာ၊ ချူးအာနှင့် ရဲရှောင်တို့ စိတ်ရှုပ်ထွေးသွားမိကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWaar verhalen tot leven komen. Ontdek het nu