Chapter (767)"အမောက်သည်သာ အားနည်းချက်"

173 14 0
                                    

Chapter (767)(စာစဉ် ၅၅-အပိုင်း၉)

“အမောက်သည်သာ အားနည်းချက်”

ရှောင်မူဖေ့မှ အတွေ့အကြုံရင့်ကျက်သူပီပီ ရဲရှောင် ဆိုလိုချင်သည်ကို သဘောပေါက်လိုက်၏။

သို့သော် ယခုအခြေအနေသည် အရေးပေါ်အခြေအနေ ပင် ဖြစ်နေသည့်အတွက် သူ၏ လူများကို စိတ်အားတက် ကြွအောင် လုပ်မှသာ ဖြစ်ပေလိမ့်မည်။

ရဲရှောင်ဘက်မှ ယခုကဲ့သို့ ပြောလာသည့်အခါ ရဲရှောင် ထံ၌ ဖြေရှင်းရန် နည်းလမ်းတစ်ခုခုကို စဉ်းစားထားပြီး ဖြစ်မည်ဟု ရှောင်မူဖေ့ တွေးလိုက်မိသည်။

“မင်းမှာ တခြားအကြံအစည်များ ရှိနေလို့လား . . .”

ရဲရှောင်မှ -

“ကျုပ် ခုနက မြွေကို စစ်ဆေးကြည့်လိုက်တယ်။ တခြားမြွေတွေလိုပဲ ဒီမြွေတွေရဲ့ လည်ပင်းက သူတို့ရဲ့ အား နည်းချက်ပေါ့။ ဒါပေမယ့် သေစေနိုင်တဲ့ အားနည်း ချက်မျိုး တော့ မဟုတ်ဘူး . . .”

ရှောင်မူဖေ့ ခေါင်းညိတ်လိုက်ကာ -

“ဟုတ်တယ် . . . သူတို့ကို သေအောင်ထိတော့ မလုပ်နိုင်ဘူးပေါ့ . . .”

“အင်း . . . ကျုပ်တို့က သူတို့ရဲ့ သွေးပြန်ကြောကို ခုတ် ပိုင်းခဲ့ပေမယ့် သူတို့ကို သေအောင်ထိတော့ မသတ်နိုင်ဘူး။ ကျုပ်က ဒီကမ္ဘာမှာ ခုမှ လူသစ်ဆိုတော့ ဒီက သားရဲတွေ အကြောင်းကို အများကြီး မသိသေးဘူး။ ဒါပေမယ့် ကျုပ် သိတဲ့ တစ်ချက်တော့ ရှိတယ်။ သက်ရှိတိုင်းမှာ သူတို့ကို သေစေနိုင်တဲ့ အားနည်းချက်ဆိုတာ ရှိတယ်။ ကျုပ်တို့တွေ အဲဒီ အားနည်းချက်ကို ရှာနိုင်တာနဲ့ သူတို့ကို သတ်ဖို့ လွယ်သွားမှာပဲ . . .”

“ငွေရောင်အကြေးခွံမြွေမှာလည်း ဒီလို သေစေနိုင် လောက်တဲ့ အားနည်းချက်ကို ရှိကို ရှိလိမ့်မယ်။ ကျုပ်တို့ တွေက ဖြစ်နိုင်ချေရှိတဲ့ အရာကိုပဲ ရှာဖွေဖို့ လိုတာ။ အဲဒီ နေရာက ဘယ်နေရာလဲဆိုတာတော့ ကျုပ်လည်း မသိဘူး ပေါ့ . . .”

“ကျုပ်တို့ လူတွေကို သူတို့ရဲ့ တခြားအစိတ်အပိုင်းတွေ ကို စမ်းပြီး တိုက်ခိုက်ခိုင်းကြည့်ပါလား။ ကျုပ်တို့သာ အားနည်းချက်ကို ရှာနိုင်သွားမယ်ဆိုရင် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now