791 - 795

225 17 0
                                    

Chapter (791)(စာစဉ်၅၇- အပိုင်း၅)

“စာရင်းထဲထည့်ဖို့တောင် မတန်သေးဘူး”

ဇန်ယွန်ဖေ့ ဦးဆောင်သည့် လူများကို မြင်လိုက်ရ သောအခါ ရှောင်မူဖေ့ စိတ်သက်သာ ရသွားမိသည်။

ဂိုဏ်းကို ပြန်ရောက်ရန် မိုင်တစ်ထောင်ခန့်သာ လို တော့ပြီး ဇန်ယွန်ဖေ့လည်း ရောက်လာ၍ အန္တရာယ်များ ကို မှုစရာ မလိုတော့။

၎င်းတို့ သေချာပေါက် ပြန်ရောက်တော့မည်ကို ရှောင်မူဖေ့ အတပ်သိနေသည်။

ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် ဇန်ယွန်ဖေ့မှ ထိန်းထားပေးနိုင်သည်အထိ သူတို့ကို လုံခြုံစေလိမ့်မည်။

ဇန်ယွန်ဖေ့၏ သားရဲမှာ ယခုချိန်ထိ အပြည့်အဝ ပြန် လည် မကောင်းမွန်သေးသော်လည်း မူလတာအို အဆင့် ရှစ် ရှိသော သူလိုလူအတွက် တော်ရုံ အန္တရာယ်လောက် ကို မမှုပေ။

“ဘယ်လိုဖြစ်တာလဲ . . .”

ဇန်ယွန်ဖေ့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာရင်း မေးလိုက်သည်။

“မူဖေ့ . . .”

“ပိုလာရေခဲမြစ်မှာတုန်းက တစ်ခုခု ဖြစ်ခဲ့တာလား”

“ဒါမှမဟုတ် အစွမ်းအရမ်းထက်တဲ့ ရန်သူတွေနဲ့  တွေ့ခဲ့ရလို့လား . . .”

ကျန်လူခြောက်ဦးကလည်း ရှောင်မူဖေ့တို့ကို အံ့ဩ တကြီး ကြည့်နေကြသည်။

ယခုလောက်ထိ ဆုံးရှုံးမှု များခဲ့၍ မယုံကြည်နိုင်ကြ ပေ။

ဤသည်မှာလည်း အပြစ်တော့ မဟုတ်။

ဂိုဏ်းသား သုံးရာ့ ခြောက်ဆယ်တွင် သုံးရာကျော် သေဆုံးခဲ့သည် မဟုတ်ပါလား။

“မတော်တဆမှု တစ်ခုဖြစ်ခဲ့တယ် . . .”

ဖြစ်ကြောင်းကုန်စင်မှာ ရှည်လျား၍ စာထဲတွင် အ အပြည့်အစုံ မရှင်းပြနိုင်ခဲ့ပေ။

ထို့ကြောင့် ရှောင်မူဖေ့လည်း ခရေစေ့တွင်းကျ ပြော နိုင်ရန် လူခုနှစ်ဦး ရှိရာသို့ လျှောက်သွားလိုက်သည်။

“ရွှေအကြေးခွံနဂါးငါးက မရှိတော့ဘူး . . .”

“ဘာ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now