796 - 800

235 16 0
                                    

Chapter (796)(စာစဉ်၅၇- အပိုင်း၁၀)

“ငါ့ရဲ့ သမီးလေး”

ရဲရှောင်၏ မေးခွန်းကြောင့် မိန်းကလေး ဝမ်းနည်းသွားသည်။

“ကျွန်မ မမှတ်မိဘူး . . .”

“ကျွန်မ ဘာကိုမှ မမှတ်မိဘူး . . .”

“ကျွန်မ နာမည်တောင် ကျွန်မ မမှတ်မိဘူးလေ . . .”

ထို့နောက် ညိုးငယ်သော မျက်နှာဖြင့် -

“ကျွန်မ မှတ်မိတဲ့ တစ်ခုတည်းသော အရာဆိုလို့ လမ်း ပေါ်မှာ ကျွန်မ တောင်းစားနေခဲ့ရတာကိုပဲ မှတ်မိတယ်”

“အဲဒီနောက်ပိုင်း ကျွန်မလည်း အဲဒီ ခြံအကျယ်ကြီးထဲ ကို ရောက်သွားခဲ့တာပဲ . . .”

“သူတို့ ပြောတာတော့ ကျွန်မ နာမည် ရွန်ရွန်တဲ့ . . .”

“ကျွန်မ နာမည်အစစ်က ဘာလဲဆိုတာတော့ ကျွန်မ လည်း မသိတော့ဘူး . . .”

စကားဆုံးသည်နှင့် မိန်းကလေးလည်း တရှုံ့ရှုံ့ ငိုကြွေး တော့သည်။

“မင်းက အဲဒီမှာ နှစ်ပေါင်းများစွာ နေခဲ့တယ်ဆိုတော့”

“မင်းကို တခြားမိန်းကလေးတွေနဲ့ ခွဲခြားလို့ရအောင် ဘယ်လို လုပ်ထားလဲ . . .”

“မင်းကို ကိုယ်စားပြုတဲ့အရာ တစ်ခုခုပေါ့ . . .”

ရဲရှောင်က အရေးအကြီးဆုံး မေးခွန်းတစ်ခုကို ထပ်မံ မေးလိုက်ပြန်သည်။

မိန်းကလေး ခဏမျှ စဉ်းစားလိုက်ပြီး -

“အင်း ရှိတော့ ရှိတယ် . . .”

“ကျွန်မမှာ နံပါတ် ရှိတယ် . . .”

“ကျွန်မ နံပါတ်က ၇၉၅၉၆ ပဲ . . .”

ဇန်ယွန်ဖေ့ မျက်လုံးများ ပြူးသွားသည်။

အတော်များသည့် ကိန်းဂဏန်းပင် မဟုတ်ပါလား။

အဖွဲ့အစည်းအကြောင်း အကြမ်းဖျဉ်း ခန့်မှန်းထားမိ သည့် ရဲရှောင်ပင် အတော် အံ့ဩသွားသည်။

“အဲဒီနေရာက လူတွေထဲမှာ သူနဲ့တူတဲ့ လူတစ် ယောက်ယောက်ရော ရှိလား . . .”

ရဲရှောင် ဇန်ယွန်ဖေ့ကို ညွှန်ပြရင်း မေးလိုက်သည်။

ဇန်ယွန်ဖေ့ မှင်သက်သွားကာ -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now