806 - 810

214 18 0
                                    

Chapter (806)(စာစဉ် ၅၈- အပိုင်း၆)

“မဆန့်ကျင်နဲ့”

သက်လတ်ပိုင်းလူက ဘာမှ ထပ်မပြောရဲတော့ပေ။

“မူဖေ့ . . .”

“ကျုပ်နဲ့အတူတူ လိုက်ခဲ့ . . .”

“ကျန်တဲ့လူတွေက ဒီမှာပဲ စောင့်နေ . . .”

ဇန်ယွန်ဖေ့ မျက်နှာပျက်ပျက်ဖြင့် ထွက်ခွာသွားသည်။

ရှောင်မူဖေ့လည်း နောက်က လိုက်ပါသွား၏။

သူတို့သွားပြီး ခဏအကြာ သက်လတ်ပိုင်းလူ ပြန် ရောက်လာပြီး -

“ရဲခွန်ရှောင်က ဘယ်သူလဲ . . .”

ရဲရှောင်လည်း ရှေ့သို့ ထွက်လိုက်ရင်း -

“ကျုပ်ပါ . . .”

သက်လတ်ပိုင်းအရွယ်လူက ရဲရှောင်ကို မကြည်သော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

“ကျုပ်ပါ ဆရာလို့ မင်းဖြေသင့်တယ်ကွ . . .”

ထိုလူက ဇန်ယွန်ဖေ့၏ မာန်မဲခြင်းကို ခံခဲ့ရသဖြင့် သူ၏ ဒေါသများကို ရဲရှောင်အပေါ် စုပုံချလိုက်သည်။

ကုလားမနိုင် ရခိုင်မဲခြင်းပင်။

ရဲရှောင် အံ့ဩသွားကာ -

“အင်း . . . ကျုပ်က တရားဝင် ဂိုဏ်းသားတောင် မဖြစ် သေးတာ။ အဲဒါကြောင့် ဂိုဏ်းသားတစ်ယောက် ပုံစံမျိုးနဲ့ ပြန်ဖြေရမယ်လို့ ကျုပ် မထင်ခဲ့ဘူးလေ . . .”

သက်လတ်ပိုင်းအရွယ်လူ ဒေါသထွက်သွားပြီး -

“တော်တော် အတင့်ရဲပါလား . . .”

“ခွေးကောင်လေး . . .”

“မင်းကတော့ လာမယ့်နေ့တွေမှာ အများကြီး ခံစားရ တော့မယ်။ ဒါကို ငါသေချာ ပြောရဲတယ် . . .”

ရဲရှောင်စိတ်ထဲ ထူးဆန်းသလို ခံစားလိုက်ရသည်။

“ကျုပ်လည်း ဘာမှ မလုပ်ရသေးပါဘူး . . .”

“ကျုပ်က အမှန်တိုင်း ပြောပြရုံပါ . . .”

ဒါကို သက်လတ်ပိုင်းအရွယ်လူက လက်မခံ။

“မင်းက အပိုတွေ ပြောနေတာပဲ . . .”

“ဘာတွေစောင့်နေတာလဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now