Chapter (768)"မြွေဘုရင်"

173 18 0
                                    

Chapter (768)(စာစဉ်၅၅- အပိုင်း၁၀)

“မြွေဘုရင်”

ရှောင်မူဖေ့မှ မြွေအသေများ ရှင်းလင်းနေသည်ကို ရဲရှောင် တွေ့လိုက်ရသောအခါ ရှောင်မူဖေ့ရှိရာထံသို့ သွား လိုက်၏။

“ဆရာကြီးရှောင် . . .”

“ခင်ဗျားကိုယ်တိုင် ဒီလို အလုပ်တွေကို လုပ်စရာ မလို ပါဘူး။ ကျုပ်ကူညီပေးပါရစေ။ ခင်ဗျားက ခင်ဗျား လူတွေ ကို ဦးဆောင်ရတဲ့ အလုပ်ပဲ လုပ်ရမှာလေ . . .”

ရဲရှောင်မှ ရိုကျိုးချင်ယောင်ဆောင်၍ ပြောလိုက်၏။

“ကျုပ်က အားနည်းတယ်ဆိုတော့ တိုက်ပွဲမှာ ဘာမှ မကူညီနိုင်ခဲ့ဘူး။ ခင်ဗျားတို့တွေ တိုက်ခိုက်နေတာကို ကြည့်ရုံပဲ ကြည့်နိုင်ခဲ့တာ။ အဲဒီလို ခံစားချက်က ကျုပ်ကို  အတော်လေး နေရထိုင်ရ ခက်စေတယ်ဗျာ . . .”

“ကျုပ်က မြွေသေတွေကို ရှင်းလင်းတဲ့ နေရာမှာလည်း အဆိပ်ကို သေချာဂရုစိုက်ပြီး လုပ်မှာပါ။ ဒီလို အောက်ခြေ သိမ်း အလုပ်ကိုတော့ ကျုပ်ပဲ လုပ်ပါရစေ . . .”

ရှောင်မူဖေ့လည်း တခဏမျှ စဉ်းစားလိုက်ပြီးနောက် သဘောတူလိုက်၏။

သူ့အနေဖြင့် တိုက်ပွဲ၏ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ရန် လိုအပ်နေသည် မဟုတ်ပါလား။

(ခွန်ရှောင်က ငါတို့နဲ့ ပူးပေါင်းဖို့ လုပ်နေတာပဲ။ ဒီကောင်လေးက တကယ့် လူတော်လေးပါလား။ သူ မြွေသေကို ကိုင်ကြည့်ခဲ့တယ်ဆိုတာ မြွေရဲ့ အားနည်းချက် ကို ရှာဖို့ပဲ။ ငါသူ့ကို အထင်လွဲခဲ့မိတယ်။ သူကူညီချင်တာ လည်း ကျိုးကြောင်းဆီလျော်ပါတယ်လေ။ သူ့အနေနဲ့ မြွေသေတွေကို ရှင်းလင်းတဲ့ နေရာမှာ အဆိပ်မမိအောင် ဂရုစိုက်ဖို့ပဲ လိုတာ။ အဲဒီလို လုပ်နိုင်ရင်တော့ သူ့အတွက်  လုံခြုံမှာပါ . . .)

ရှောင်မူဖေ့လည်း ခေါင်းညိတ်လိုက်ရင်း -

“ကောင်းပြီ . . .”

“ဒါဆိုရင် ဒီကိစ္စကို မင်းကိုပဲ လွှဲလိုက်တော့မယ်။ မြွေ တွေက‌ သေပြီဆိုပေမယ့် အဆိပ်တွေက ရှိနေတုန်းပဲ။ သေချာ သတိထားဦး ကောင်လေး။ နောက်ပြီး မင်း အဝေးကြီးလည်း သွားမနေနဲ့ဦး။ ငါတို့ရဲ့ ခံစစ်ဧရိယာ အတွင်းမှာပဲနေ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now