801 - 805

232 17 0
                                    

Chapter (801)(စာစဉ် ၅၈- အပိုင်း၁)

“မဟာအကြံအစည်”

“ချင်းရန်နယ်ပယ်ရဲ့ သိန်းနဲ့ချီတဲ့ သက်တမ်းအတွင်းမှာ နယ်ပယ်ကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ ဂိုဏ်းတစ်ဂိုဏ်း မှ မရှိခဲ့ဖူးဘူး . . .”

“ဒီအဖွဲ့အစည်းကြီးကသာ သူတို့ ကြံစည်ထားတဲ့ အ တိုင်း လုပ်လိုက်မယ်ဆိုရင် ဘယ်သူမှ ဒီအတွက် ပြင်ဆင် ချိန်တောင် ရလိုက်ကြမှာ မဟုတ်ဘူး . . .”

“ငါတို့အားလုံး ဖြိုခွဲခံလိုက်ရလိမ့်မယ်။ ဒီလိုနဲ့ ဂိုဏ်း တွေ အားလုံး အင်အားနည်းလာတဲ့အချိန် အဲဒီအဖွဲ့အစည်း ကြီးက နယ်ပယ်ကြီးတစ်ခုလုံးကို အပိုင်သိမ်းသွားလိမ့် မယ်။ အဲဒီအတွက် အချိန်တစ်ခုပဲ လိုတယ် . . .”

“သူတို့က သမိုင်းမှာ ဘယ်သူမှ မရဖူးတဲ့ အောင်မြင်မှု မျိုးကို ရဖို့အတွက် ကြိုးစားနေကြတယ်။ မိုးအောက်မြေ ပြင် ဒီနယ်ပယ်ကြီးမှာ သူတို့ကို ဘယ်သူကများ တားဆီး နိုင်မှာလဲ . . .”

ဇန်ယွန်ဖေ့ ဘာစကားမှ မဆိုတော့။

မျက်နှာပျက်ယွင်းလျက် ရှိနေသည်။

ခဏအကြာတွင် -

“ဘုန်း . . .”

ကျယ်လောင်သော အသံကြီး တောအုပ်အတွင်း မြည် ဟီးသွားသည်။

ဇန်ယွန်ဖေ့မှ စွမ်းအင် အပြည့်ပါသော လက်ဝါးရိုက် ချက်တစ်ခုကို ပြုလုပ်လိုက်ခြင်းပင်။

သူ၏ ရင်ထဲရှိ အမုန်းတရားများနှင့် ဒေါသများကို ထို လက်ဝါးရိုက်ချက်ဖြင့် ဖွင့်ဟထုတ်လိုက်ခြင်းပင် ဖြစ်သည်။

အဆိုပါ လက်ဝါးရိုက်ချက်ကြောင့် ၎င်းတို့နှစ်ဦး၏ အရှေ့ဘက် ဆယ်မိုင်ခန့်ရှိ သစ်ပင်များအားလုံး ပြာဖြစ် သွားတော့သည်။

တစ်ပင်မှပင် မရှိတော့၊ ပြောင်ရှင်းသွားခြင်း ဖြစ်သည်။

မြေပြင်တွင်လည်း ပေသုံးဆယ်ခန့်နက်သည့် မြောင်း ကြီးတစ်ခုပင် ဖြစ်ပေါ်သွားသည်။

အလွန်တုန်လှုပ်ဖွယ်ကောင်းသည့် ဇန်ယွန်ဖေ့၏ လက် ဝါးရိုက်ချက်ပါတကား။

“ဘယ်အဖွဲ့အစည်းလဲဆိုတာ သိလို့ကတော့ ငါသေချာ ပေါက်ကို ဖျက်ဆီးပစ်ဦးမယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now