Chapter (769)"ဘုရင်ကို ရှင်းလင်းခြင်း"

179 15 0
                                    

Chapter (769)(စာစဉ် ၅၅- အပိုင်း၁၁)

“ဘုရင်ကို ရှင်းလင်းခြင်း”

ထိတ်လန့် ကြောက်ရွံ့စရာကောင်းသည့် မြင်ကွင်း ကြောင့် ရှိနေကြသော လူများအားလုံး ဒူးများပင် တုန်လာ ပြီး ကတုန်ကယင်ပင် ဖြစ်သွားကြသည်။

ရာနှင့်ချီသော လူများသည် အချိန်ကြာမြင့်စွာ တိုက် ခိုက်ခဲ့ရသည့်အတွက် ခြေကုန်လက်ပမ်းပင် ကျနေကြချေ ပြီ။

၎င်းတို့ထံ၌ တိုက်လိုခိုက်လိုစိတ်များ  ပြင်းထန်နေ သေးသော်လည်း လက်များပင် မသယ်ချင်တော့လောက်‌ အောင် အားအင်များ ကုန်ခမ်းနေကြခြင်း ဖြစ်၏။

ထို့အတွက်ကြောင့် စွမ်းအင်များစွာ အသုံးပြု၍ တိုက် ခိုက်ရမည့် တိုက်ခိုက်မှုမျိုးကို ထပ်မံလုပ်နိုင်တော့မည် မဟုတ်ချေ။

မြွေများစွာ တလိမ့်လိမ့်ဖြင့် လာနေကြသည်မှာ အဆုံး မရှိသော မြွေပင်လယ်ကြီးလိုပါပင်။

မြွေများ၏ အားနည်းချက်ကို သိသည့်တိုင် မြွေပေါင်း သိန်းနှင့်ချီအား သတ်ဖြတ်ရန်မှာ အလွန်ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဟုပင် ဆိုရပေမည်။

အဆိုပါ မြွေများကို သတ်ဖြတ်ရှင်းလင်းရင်းဖြင့်သာ ရှိနေကြသော လူများအားလုံး သေသွားနိုင်ပေသည်။

ထို့ကြောင့် မဖြစ်နိုင်တော့သော တိုက်ပွဲတစ်ခုဟုပင် သတ် မှတ်ရတော့ပေမည်။

ငွေရောင်အလင်းတန်းများကို ကြည့်ရင်း ရှောင်မူဖေ့ တစ်ယောက် မျက်နှာအကြီးအကျယ် ပျက်ယွင်းနေလျက် ရှိ၏။

“ဒီလို သားရဲတစ်ကောင်ကြောင့် သေဆုံးရလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ငါတို့က သားရဲတွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ နာမည်ကျော်တဲ့ ဂိုဏ်း။ ဒါ တောင် ဒီလို ဖြစ်ရတာ ငါတို့အတွက် ထိုက်တန်ရဲ့လား။ ငါတို့တွေ သက်ရှိတွေကို လုပ်ခဲ့တဲ့အတွက် ဝဋ်လည်တာ များလား . . .”

ရှောင်မူဖေ့ ပြောရင်းဖြင့် သက်ပြင်းချလိုက်၏။

သို့တိုင်အောင် သူ၏ မျက်လုံးများမှာမူ စူးရှခက်ထန် နေတုန်းပါပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now