Chapter (770)"အကျပ်အတည်း"

166 16 0
                                    

Chapter (770)(စာစဉ် ၅၅- အပိုင်း၁၂)

“အကျပ်အတည်း”

ရှောင်မူဖေ့၏ မှေးမှိန်နေသော မျက်လုံးများ အရောင် ဝင်းလက်သွား၏။

“နိဂုံးချုပ်ရရင်တော့ ကျုပ်တို့တွေ မြွေဘုရင်ကို သတ် ရမယ်။ မြွေဘုရင်ကို သတ်နိုင်လိုက်တာနဲ့ ကျုပ်တို့အားလုံး ရှင်သန်ခွင့် ရသွားလိမ့်မယ် . . .”

ရဲရှောင်မှ သူ၏ စကားကို အဆုံးသတ်လိုက်သည်။

“သိပ်ဟုတ်တာပေါ့ . . .”

ရှောင်မူဖေ့မှ ထိုသို့ ပြောလိုက်ပြီးနောက် ရွှေရောင် အလင်းတန်း လာရာ လမ်းကြောင်းဆီသို့ သတ်ဖြတ်လို သော ချီဓာတ်များဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် လှမ်း၍ ကြည့်လိုက်၏။

“ဒီကိစ္စကို ငါကိုယ်တိုင် လုပ်ရမှာပဲ . . .”

ရှောင်မူဖေ့မှ တခဏမျှ စဉ်းစားလိုက်ပြီးနောက် သက် ပြင်းချရင်း ပြောလိုက်၏။

ရဲရှောင် ခေါင်းညိတ်လျက် -

“မြွေဘုရင်က သာမန်မဟုတ်ဘူး . . .”

“ဆရာကြီးရှောင် သေချာ ဂရုစိုက်လုပ်ပါ . . .”

ယခု ရှိနေကြသည့် လူများအားလုံးထဲတွင် ရှောင်မူဖေ့ ထံ၌သာ မြွေဘုရင်ကို သတ်ဖြတ်နိုင်သည့် အစွမ်းမျိုး ရှိနေ ၏။

အခြားလူများဆိုလျှင် ကိုယ့်သေတွင်းကိုယ် တူးသလို ပင် ဖြစ်နေပေလိမ့်မည်။

အားဟူမှာ ရဲရှောင်၏ ခြေထောက်နားတွင် မျက်လုံး များ မှေးစင်းလျက် လဲလျောင်းနေပြီး ရှောင်မူဖေ့အား လှမ်းကြည့်နေလျက် ရှိသည်။

(သူက မြွေဘုရင်ကို သွားသတ်တော့မှာလား . . .)

“အားလုံးစုကြဟေ့ . . .”

ရှောင်မူဖေ့မှ အော်ဟစ်၍ အမိန့်ပေးလိုက်၏။

“အားလုံး ခံစစ်ကို သေချာထိန်းထားကြ။ မြွေတွေက ဆက်တိုက်ကို တိုက်ခိုက်နေကြမှာပဲ။ ငါမြွေဘုရင်ဆီ သွားပြီး မကြာခင် ပြန်လာခဲ့မယ် . . .”

ထိုသို့ ပြောပြီးနောက် ကောင်းကင်ပေါ်သို့ ခုန်တက် လိုက်၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now