Chapter (737)"ရှေးဦးသားရဲ"

193 22 0
                                    

Chapter (737) (စာစဉ် ၅၃- အပိုင်း ၇)

“ရှေးဦးသားရဲ”

ဥသည် ဝိညာဉ်တော်စွမ်းအားများစွာကို စုပ်ယူခဲ့သည်။

ဂုဂျင်လုံ၏ ဝိညာဉ်တော်နှင့် သာမန် ဝိညာဉ်တော် သန်းပေါင်းများစွာကို စုပ်ယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တိုက်ဆိုင်စွာပင် ရှေးဟောင်း စွမ်းအားများကိုလည်း စုပ်ယူခဲ့ပါသေးသည်။

ထို့ကြောင့် ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး စွမ်းအင်များဟုပင် ဆိုနိုင်၏။

မူလတာအိုအဆင့်ရှိပြီး ဗဟုသုတနှံ့စပ်လှသည့် ရှောင်ဧကရာဇ်ပင် ထိုကဲ့သို့ စွမ်းအားများစွာကို စုပ်ယူနိုင်သည့် တရိစ္ဆာန်ကို မခန့်မှန်းနိုင်ချေ။

စကြာဝဠာတစ်ခုလုံးတွင် အတုမရှိ စွမ်းအားများကို ပိုင်ဆိုင်သော သက်ရှိတစ်ကောင် ဖြစ်မည်ဟုသာ တွေးမိလိုက်သည်။

ဥမှ များပြားလှသော စွမ်းအင်များနှင့် အဆုံးမရှိသော ဝိညာဉ်တော်ချီဓာတ်များကို စုပ်ယူခဲ့သည်။

ထိုပမာဏသည် အကောင်တစ်ထောင်ကျော်ကိုပင် ဥမှ အကောင်ပေါက်စေနိုင်သည်။

ထို့ကြောင့် ရဲရှောင်မှာ ဥကိုလက်လွတ်စပယ် မထိရဲချေ။

ဥ၏ ပိုင်ရှင်ဖြစ်သည့်တိုင်အောင် မထိရဲခြင်းဖြစ်သည်။

ဥသည် တစ်စုံတစ်ယောက်အား ပြင်းထန်စွာ ထုရိုက်၍ သေစေနိုင်သော ပုံစံမျိုး ယခုအခါတွင် ဖြစ်မနေချေ။

သာမန်ဥတစ်လုံးနှင့်ပင် တူနေပါသေးသည်။

အကယ်၍ ရဲရှောင် ထိလိုက်သဖြင့် ကွဲအက်သွားပါက စိုးရိမ်စရာ ကောင်းလှသည် မဟုတ်ပါလား။

“ဘာလို့ အကောင်မပေါက်ရသေးတာလဲ . . .”

ရဲရှောင် ဥအား ကြည့်ရင်း ရေရွတ်လိုက်၏။

တကယ်တမ်းတွင် ရဲရှောင်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်ခြင်းသာ ဖြစ်ပြီး ဥထံမှ အဖြေပြန်ရ လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဥသည် ပုံမှန် ဥတစ်လုံး ပုံစံပင် ရှိနေသည် မဟုတ်ပါလား။

သို့သော် ထိုအချိန်တွင် ထူးဆန်းသော စိတ်ချင်းဆက်သွယ်မှုမျိုးကို ရဲရှောင် ခံစားလိုက်ရ၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now