Chapter (742)"အားဟူ နှင့် ငါး"

196 17 0
                                    

Chapter (742)(စာစဉ် ၅၃-အပိုင်း၁၂)

“အားဟူ နှင့် ငါး”

ကြောင်ကလေးမှာ သဘောတူညီချက်များကို ဖျက်သိမ်းချင်နေမိပြီ။

ထို့နောက် ရဲရှောင်သည် ကြောင်လေးအား အမွှေးပွ ကော်ဇောပေါ်သို့ တင်ထားလိုက်၏။

(အဟမ့် . . . အခုတော့ ကျုပ်ကို ဘယ်လို ကောင်းကောင်းဆက်ဆံရမလဲဆိုတာ သိပြီပေါ့ . . .)

(ကျုပ်ကတော့ ခင်ဗျားကို စကားမပြောသေးဘူး။ ကျုပ်ကိုများ နည်းနည်းလောက် မျက်နှာသာ ပေးပြီးတော့ ခိုင်းချင်တာခိုင်းလို့ရတယ်များ ထင်နေတယ်ပေါ့ . . .)

ကြောင်လေးသည် သူ၏ မျက်နှာကို အမြီးဖြင့် ဖုံးအုပ်လိုက်ပြီးနောက် စတင် အိပ်စက်ရန် ဟန်ပြင် လိုက်သည်။

အသက်ရှူလိုက်တိုင်းလည်း ၎င်း၏ ဗိုက်သည် နိမ့်တုံမြင့်တုံ ဖြစ်နေ၏။

ခဏအကြာတွင် ထူးဆန်းသော အနံ့အသက်တစ်ခုကို အားဟူ ခံစားလိုက်ရသည်။

ထိုအနံ့ကြောင့် သူ၏ ဝမ်းဗိုက်အတွင်းမှ ဆာလောင်မွတ်သိပ်မှုများ ဖြစ်လာခဲ့သည်။ မွှေးပျံ့လှသော အနံ့ကို လွန်ဆန်နိုင်စွမ်းမရှိတော့ချေ။

(တော်တော်ကို မွှေးတဲ့အနံ့ပါလား ငါတော့ ဗိုက်ဆာလာပြီ . . .)

အနံ့သည် နီးသထက်နီးလာပြီး သူ၏ မျက်နှာရှေ့သို့ ရောက်ရှိလာသည်ကို ခံစားလိုက်ရ၏။

နောက်ဆုံးတွင် ကြောင်လေးသည် မည်သည့်အရာမှန်း သိချင်နေ၍ အမြီးကို ဖယ်လိုက်ပြီး မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်၏။

(ဘာလို့ ဒီလောက်ထိ မွှေးနေရတာလဲ . . .)

ကြည့်လိုက်သောအခါ အားဟူ၏ မျက်လုံးများ ပြူးကျယ်သွားကာ မျက်လုံးများမှာလည်း အရောင် တဖျတ်ဖျတ် တောက်ပသွားသည်။

(ဘုရားရေ . . . ငါးပါလား . . .)

(ငါးအရှင်တစ်ကောင်ပါလား ငါ့မျက်စိရှေ့တည့်တည့်ကို ရောက်နေတာပါလား တော်တော်ကို လတ်ဆတ်တဲ့ အနံ့ပဲ . . .)

“ညောင် . . .”

ကြောင်လေးမှာ အလွန်အမင်း စားချင်နေပြီ ဖြစ်သည့်အတွက် စိတ်လှုပ်ရှားသော အသံမျိုးတစ်ချက် ပြုလိုက်ပြီးနောက် ငါးအား လက်သည်းများဖြင့် ဖမ်းဆုပ်လိုက်၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now