Chapter (758)"ဂိုဏ်းကြီးသုံးခု"

184 18 0
                                    

Chapter (758) (စာစဉ် ၅၄- အပိုင်း ၁၄)

“ဂိုဏ်းကြီးသုံးခု”

“လူတိုင်း မြန်မြန် လှုပ်ရှားကြဟေ့ . . .”

“မြန်မြန် သွားကြစို့ . . .”

ရှောင်မူဖေ့မှ လှမ်း၍ အော်ပြောလိုက်၏။

ထို့နောက် ရဲရှောင်၏ လက်ကို ကိုင်ကာ သူ၏ ဝိညာဉ် တော်စွမ်းအင်များကို ရဲရှောင်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်း၍ ရဲရှောင် ပိုမို မြန်ဆန်စွာ လှုပ်ရှားနိုင်အောင် ပြုလုပ်ပေးလိုက်သည်။

၎င်းတို့မှာ သန်းခေါင်ရောက်သည့်တိုင်အောင် ပြေး လွှားခဲ့ကြပြီး တောင်ကုန်းတစ်ခုပေါ်သို့ ရောက်သောအခါမှ သာ ရှောင်မူဖေ့မှ ခဏနားရန် ဆုံးဖြတ်လိုက်သည်။

ပြေးလွှားနေစဉ်အတွင်း ရှောင်မူဖေ့မှာ ရဲရှောင်အား မလွတ်တမ်းပင် ဆွဲခေါ်ခဲ့သည့်အတွက် အမီလိုက်နိုင်ရန် ရဲရှောင်မှာ သူ၏ ခြေထောက်များကို လျင်မြန်စွာ လှုပ်ရှား ၍ ပြေးလွှားခဲ့ရသည်။

ထိုသို့ လှုပ်ရှားနေစဉ် နာကျင်မှုဝေဒနာကို မခံစားခဲ့ ရဘဲ အနားယူရန် ရပ်တန့်လိုက်ချိန် ရှောင်မူဖေ့၏ စွမ်းအင်များ သူ့ထံသို့ စီးဝင်မှု ရပ်တန့်သွားသည့် အချိန်မှ သာ သူ့ခြေထောက်များပင် သူမသယ်နိုင်တော့လောက် အောင် အားအင်များ ကုန်ခမ်း နွမ်းနယ်သလို ခံစားလိုက် ရသည်။

ချင်းရန်နယ်ပယ်တွင် နေထိုင်ရခြင်းမှာ မော်တယ် ကမ္ဘာတွင် နေထိုင်ရခြင်းထက် များစွာ ပိုမို ခက်ခဲ၏။
ရဲရှောင် မော်တယ်ကမ္ဘာတွင် ရှိတုန်းက မိုင်ပေါင်း ထောင်ချီ ပြေးလွှားနိုင်ခဲ့သော်လည်း ချင်းရန် နယ်ပယ်တွင် မူ မိုင်ပေါင်းရာချီ ပြေးလွှားရုံဖြင့်ပင် အသက်ထွက် မတတ် ဖြစ်နေရသည်။

နယ်ပယ်အဆင့်တန်းချင်း ကွာခြားမှုကြောင့်ပင်ဖြစ်၏။

ညသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်။

ထို တိတ်ဆိတ်ငြိမ်သက်သော ညနှင့် ပနံသင့်အောင် လရောင် မှာ ထိန်ထိန်သာသာလျက် ရှိနေပြီး လေပြေကလေးများမှာ တဖြူးဖြူးဖြင့် တိုက်ခတ်လျက် ရှိနေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now