Chapter (751)"ရွှေရောင်နဂါးနှင့် ရေခဲထုကြီး"

196 18 0
                                    

Chapter (751) (စာစဉ် ၅၄- အပိုင်း ၇)

“ရွှေရောင်နဂါးနှင့် ရေခဲထုကြီး”

ထိုလူများအားလုံးမှာ ရဲရှောင်ထက် ကျင့်ကြံမှုအဆင့် မြင့်မားသော လူများဖြစ်ကြသည့်အတွက် ရဲရှောင် အနေ ဖြင့်လည်း ထိုလူများ၏ လမ်းတွင် ပိတ်ရပ် မနေချင်ပေ။

ထိုလူများသည် မလိုလားအပ်သော အခြေအနေများ ဖြစ်သွားမည်ကို စိုးသောကြောင့် သူတို့၏ ဝိညာဉ်တော် ချီဓာတ်စွမ်းအင် အစစ်အမှန်များကို ထုတ်မသုံး ဝံ့ကြပေ။

ထိုကဲ့သို့သာ မဟုတ်ပါက ရဲရှောင်ကို သေအောင် ရိုက် နှက်ကောင်း ရိုက်နှက်ကြပေလိမ့်မည်။

အဘယ့်ကြောင့် ဆိုသော် ရဲရှောင်မှာ ငါးကူဖမ်းမပေးဘဲ ငတုံးတစ်ကောင် ကဲ့သို့ပင် မတ်တပ်ရပ်နေခဲ့သည် မဟုတ်ပါလား။

ငါးကိုသာ အာရုံစိုက်နေကြပြီး သူ့ကို အာရုံမစိုက်ကြ သည့်အတွက်လည်း ရဲရှောင်အဖို့ ကံကောင်းသည်ဟုသာ ဆိုရပေမည်။

အစပိုင်းတွင် ထိုလူများသည် ငါးကို ဖမ်းနိုင်ရန်အတွက် သာ ကြိုးစားအားထုတ်နေကြပြီး ယခုအခါတွင်မူ သူတို့ အသက်ရှင်နိုင်ရန်အတွက် ကြိုးစားနေကြလျက်ရှိသည်။

ရဲရှောင်၏ မျက်လုံးများ အေးစက်စက် ဖြစ်သွားသည်။

ထိုလူများအနက် အများစုကို သူရင်းနှီးနေသည့်အလား ခံစားလိုက်ရသည်။

၎င်းတို့၏ အဝတ်အစား၊ လှုပ်ရှားမှုများနှင့် တိုက်ကွက် များကြောင့် မှတ်မိလိုက်ခြင်းပင် ဖြစ်၏။

အချို့လူများမှာ အပြာရောင် ဝတ်ဆင်ထားကြပြီး ထိုလူများမှာ နေရောင်ဂိုဏ်းမှ လူများဖြစ်ကြ၏။

အချို့မှာမူ အနက်ရောင် ဝတ်ဆင်ထားပြီး ထိုအနက်ရောင်ဝတ်ရုံပေါ် တွင် ကြယ်ကဲ့သို့ အစက်အပျောက်များ ရှိနေသည့်အတွက် ထိုလူများမှာ ကြယ်ရောင်ဂိုဏ်းမှ လူများဖြစ်မည်ဟု ကောက်ချက်ချလိုက်မိသည်။

အင်အားစုကြီး သုံးခုမှ လူရာဂဏန်းထက် ပါဝင်နေကြ သည့်အပြင် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုး သမီးအချို့လည်း ပါဝင်နေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now