Chapter (747)"ထွက်ခွာသည့်နေ့"

213 15 0
                                    

Chapter (747)(စာစဉ် ၅၄- အပိုင်း၃)

“ထွက်ခွာသည့်နေ့”

ရဲနန်ရှန် ပြောသကဲ့သို့ပင် ချင်းရန်နယ်ပယ်သို့ ရောက်ရှိ လာခဲ့သည့် ပညာရှင်တိုင်းသည် ၎င်းတို့၏ မူလကမ္ဘာတွင် အစွမ်းထက်ဆုံး လူများ ဖြစ်ကြ၏။

မည်မျှ ရင့်ကျက်၍ တည်ငြိမ်သောသူ ဖြစ်နေစေကာမူ အခြားလူများနှင့် ရင်ဆိုင်ရသည့် အခါမျိုးတွင် ယုံကြည်မှု လွန်ကဲ၍ မာန်မာန ထောင်လွှား တတ်ကြသည်မှာ သဘာဝ ပင်။

ကမ္ဘာသစ်သို့ ပထမဆုံးအကြိမ် ရောက်ရှိသောအခါ မ ခန့်မှန်းနိုင်သည့်ကိစ္စများ မည်သို့ ဖြစ်လာနိုင်သည်ကို သူတို့ မသိကြချေ။

ထိုကမ္ဘာသစ်တွင် ကိုယ့်လမ်းကြောင်းကိုယ် လျှောက် လှမ်းကြရမည်သော်လည်း ချင်းရန်နယ်ပယ်တွင် တစ်သက် လုံး နေထိုင်ခဲ့ကြသူများအဖို့ အင်အားနည်း၍ မာန်မာန ထောင်လွှားသော လူသစ်များ၏ စိတ်အနှောင့်အယှက်  ပြုမှုကို ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် အသစ်ရောက်လာသူ အများစုသည် ချင်းရန်နယ်ပယ်တွင် အန္တရာယ်များနှင့် ရင်ဆိုင်ရခြင်းပင် ဖြစ်၏။

ဥပမာအားဖြင့် နယ်မြို့တစ်မြို့မှ မြို့စားတစ်ယောက် ၏ သားဖြစ်သူသည် သူ၏ နေရာတွင် လူတိုင်း၏ လေးစား မှုကို ခံယူရပြီး လူတိုင်းက မော်မကြည့်ဝံ့သော လူတစ်ဦး အဖြစ် ရှိနေသော်လည်း အဆိုပါလူသည် မြို့ တော်ကြီးသို့ ရောက်သည့်တိုင် သူ၏ အပြုအမူများကို ပြောင်းလဲခြင်း မရှိခဲ့ပါက မည်သို့ ဖြစ်နိုင်ပါမည်နည်း။

“တစ်ခု ထပ်ပြောရရင် ကျုပ်တို့တွေ စမ်းသပ်မှုကို အ တူတူအောင်မြင်နိုင်ပြီး ချင်းရန်နယ်ပယ်ကို တစ်ပြိုင်တည်း သွားရမယ်ဆိုရင်တောင်မှ ကျုပ်တို့တွေ ဟိုကိုရောက်ရင် တစ်နေရာတည်းမှာ အတူတူရှိနေနိုင်မှာ မဟုတ်ဘူး . . .”

ရဲရှောင်မှ သူ၏ လူများအား ကြည့်ရင်း လေးနက်စွာ ပြောလိုက်၏။

“ကျုပ်တို့ကို ကံတရားက လှည့်စားမှုလေးတွေ လုပ် နိုင်သေးတယ်။ ကျုပ်တို့ကို မိုးကောင်းကင်ကြီးက အတူတူ မရှိစေချင်ဘူးနဲ့ တူပါတယ်။ ကျုပ်တို့တွေ ခွဲကြရတော့မှာ။ ကျုပ်တို့ တစ်ယောက်ချင်းစီက ကိုယ်ပိုင် လမ်းကြောင်းကို ဖောက်ကြရမှာ။ အမှားလေးတစ်ခုကြောင့် ကျုပ်တို့တွေ အသက်ပေးလိုက်ရပြီး တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ တောင်မှ သေချာချင်မှ သေချာလိမ့်မယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now