Chapter (732)"ဝုကျီ၏ခေတ်"

177 17 0
                                    

Chapter (732) (စာစဉ် ၅၃- အပိုင်း၄)

“ဝုကျီ၏ခေတ်”

အမတ်ကြီးငါးဦးသည် ဇုဝူကျီ၏ စကားကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။

သူတို့၏ ရင်ဘတ်ထဲ၌ မီးစတစ်စ ပေါက်ကွဲထွက်သွားသည့်အလား ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများ ဆူပွက်လာကြသည်။ စိတ်ထဲ တွင်လည်း ထူးခြားသော ခံစားမှုမျိုးစုံ ဖြစ်ပေါ်သွားကြ၏။

အဖိုးကြီးများမှာ အတွေ့အကြုံ ကြွယ်ဝကာ အသက်အရွယ်ကြီးရင့်သူများ ဖြစ်ကြသည့်အလျောက် တော်ရုံ စိတ်ခံစားချက်များကို ထိန်းနိုင်ကြသူများ ဖြစ်ကြသည်။

သို့သော် ဇုဝူကျီ၏ စကားများကို နားထောင်ပြီးသောအခါ သူတို့အားလုံး သွေးများဆူပွက်လာသလိုပင် ခံစားလိုက်ကြရသည်။

ဇုဝူကျီမှ တစ်ကမ္ဘာလုံးအား သိမ်းပိုက်လိမ့်မည်ဟု သူတို့ မည်သည့်အခါမှ မထင်ထားခဲ့မိကြချေ။ ရည်မှန်းချက် ကြီးမားလွန်းလှသဖြင့် ထိုလူငါးဦးပင် အံ့ဩတကြီး ဖြစ်သွားကြသည်။

ညီလာခံတွင် နှစ်ပေါင်းများစွာ အမှုထမ်းလာသည့်တိုင် ဇုဝူကျီကဲ့သို့ မည်သူမျှ မပြောဘူးခဲ့သည့်အတွက် အံ့ဩကာ မယုံနိုင်အောင် ဖြစ်နေကြပါတော့သည်။

“သိပ်ကောင်းတယ် . . .”

အဖိုးကြီးငါးဦးမှ တစ်ပြိုင်တည်း ပြောလိုက်ကြပြီး ဇုဝူကျီအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။

ထိုလူငါးဦးလုံး၏ စိတ်ထဲတွင် ဇုဝူကျီသည် အခြားလူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။

(ငါတို့က သူ့ကို အထင်ကြီးသလို တွေးခဲ့မိတာ တကယ်တော့ သူ့ကို အထင်သေးသလို ဖြစ်ခဲ့မိတာပဲ)

(သူက ညီလာခံမှာ နာမည်ကြီး လူတစ်ယောက် ဖြစ်လာနိုင်တယ်။ နောက်ပိုင်း သူသင်ယူလာခဲ့တာ တွေကိုပါ ပေါင်းစပ်လိုက်ရင် ဆိုဖွယ်ရာတောင် မရှိတော့ဘူး)

(နောက်ထပ် နှစ်နှစ်လောက်ပဲ သူ့ကို ကြိုးစားခွင့်ပေးလိုက်ရင် သမိုင်းတွင်တဲ့ လူတစ်ယောက်တောင် ဖြစ်လာနိုင်သေးတယ် . . .)

(သမိုင်းမှာ မှတ်တမ်းရေးထိုးရမယ့် လူတစ်ယောက် ဖြစ်ကိုဖြစ်လာမှာ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now