786 - 790

230 19 0
                                    

Chapter (786)(စာစဉ် ၅၆- အပိုင်း ၁၄)

“လူသားဆန်ခြင်းလော ကလဲ့စားလော”

ဂျင်နုဆိုသော လူမှာ မည်သို့သော လူနည်း။

နေရောင်ဂိုဏ်း၏ ဒုတိယမြောက်မျိုးဆက်တွင် နာမည် ကျော်ကြားသည့် ကျင့်ကြံရေး ပညာရှင်တစ်ယောက်ပင်။

ဓားရေးလည်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည်။

သို့သော် ပါရမီ မရင့်သန်သဖြင့် ၎င်းတို့ ဂိုဏ်း၏ ထိပ် တန်း ဂိုဏ်းသား ဆယ်ယောက်ထဲတော့ မဝင်ခဲ့။

ဒုတိယမျိုးဆက်၏ တန်ဖိုးအရှိဆုံး ဂိုဏ်းသား အ ယောက် နှစ်ဆယ်အနက် တစ်ယောက် အဖြစ်တော့ ပါဝင် ခဲ့သည်။

သို့သော် နေရောင်ဂိုဏ်းမှ သူ့ကို မနှစ်မြို့ခဲ့ကြပေ။

အရည်အချင်းရှိသော်လည်း အဘယ့်ကြောင့် ဂိုဏ်းမှ မလိုလားခဲ့ကြပါသနည်း။

ချင်းရန်နယ်ပယ်တွင် အပြန်အလှန် သတ်ဖြတ်ကြ သည်မှာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်။

သို့သော် ဂျင်နုက သူသတ်ဖြတ်ခဲ့သည့် အကြောင်းများ ကို အမြဲတစေ အာပေါင်အားရင်းသန်သန် ပြောဆိုလေ့ ရှိသည်။

နေရောင်ဂိုဏ်းမှာမူ သမာသမတ် ကျသော ဂိုဏ်းအ ဖြစ် ၎င်းတို့၏ ပုံရိပ်ကို လူအများကြားတွင် ထပ်ဟပ်စေ ချင်ခဲ့သည်။

ထိုအချက်မှာ နေရောင်ဂိုဏ်းနှင့် ဂျင်နုတို့ကြားက ပြဿနာ တစ်ခု ဖြစ်စေခဲ့သည်။

သို့သော် နေရောင်ဂိုဏ်းကလည်း ပုလင်းတူဘူးစို့ပါပင်။

အခြားဂိုဏ်းများ ရှေ့တွင်သာ ဂျင်နုကို ဟန်ပြကြိမ်း မောင်းပြပြီး လက်တွေ့တွင်မူ အပြစ်ပေးခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ဂျင်နုမှာ ပြောင်းလဲလာခြင်းမရှိဘဲ စိတ်ရှိ တိုင်းသာ သတ်ဖြတ်ခဲ့သည်။

ယခုအခါတွင်လည်း လူတစ်ယောက်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း သူသာ သားကောင် ဖြစ်သွားရ သည်။

အစွမ်းထက်သော ဂိုဏ်းသားတစ်ယောက်ကို စေလွှတ် လိုက်ခြင်းအားဖြင့် ရဲခွန်ရှောင်ကို အပြတ်ရှင်းနိုင်ရန် အ တော် အားထုတ်နေကြပုံပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားOù les histoires vivent. Découvrez maintenant